တချို့ရုပ်ရှင်တွေက ကြည်နူးဖို့ ကောင်းသလောက် တချို့ရုပ်ရှင်တွေကျပြန်တော့ အသည်း တယားယားနဲ့ ကြည့်ရတာ ရင်မောစရာကောင်းလှပါတယ်။ ဒီလိုမျိုး အသည်း တယားယား ဖြစ်စေတဲ့ ဇာတ်ကား တွေထဲမှာ သရဲကား၊ လူသတ်ကားတွေက နံပါတ် (၁) ချိတ်ပါတယ်။ ကွီးတို့လည်း အသည်း တယားယားနဲ့ ဇာတ်ကား တွေ မကြည့်ချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ဝေါင်ဝေါင်ရှေးသင့်ပါတယ်။

မယုံရင် ထွေလာလေးကို အရင်ဆုံး စမ်းကြည့်ကြည့်လိုက်ပါ။

(၁) Insidious: The Red Door

Josh Lambert ဆိုတဲ့ အမျိုးသားသည် သားဖြစ်သူ Dalton ကို ကျောင်းလိုက်ပို့ပေးဖို့အတွက် ကားမောင်းရင်း ထွက်လာပါတော့တယ်။ ဒါပေမဲ့ Dalton ရဲ့ ကောလိပ်အိပ်မက်က သူ့ရဲ့ ငယ်ဘဝတုန်းကကြုံတွေ့ခဲ့ရတဲ့ မကောင်းဆိုးဝါးရဲ့ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာမှုကြောင့် အိပ်မက်ကို လက်လျော့ခဲ့ရမလို ဖြစ်နေပါတယ်။

Source: Sony Pictures Entertainment

(၂) Malignant

Madison ဆိုတဲ့ အမျိုးသမီးငယ်လေးသည် သူ့အမြင်အာရုံထဲမှာ မြင်တွေ့နေရတဲ့ လူသတ်မှုကြောင့် စိတ်ခြောက်ခြား တုန်လှုပ်နေပါတယ်။ ထိုလူသတ်သမားတွေကိုလည်း သူ မသိပါဘူး။ ဒီလိုနဲ့ပဲ အသတ်ခံရတော့မယ့် သူတွေကို ကယ်တင်ဖို့ သူ(မ) ဆုံးဖြတ်လိုက်ပါတော့တယ်။

Source: Warner Bros. Pictures

(၃) Barbarian

အမျိုးသမီးငယ်တစ်ဦးသည် သူ ကြိုကင်တင်ထားပြီး ငှားဖို့ ပြင်ထားတဲ့ အိမ်တစ်အိမ်မှာ သူစိမ်းတစ်ယောက် ရောက်နေတာကို သတိထားမိပါတော့တယ်။ ရှောင်လွဲမရတဲ့ အကြောင်းအရာများကြောင့် သူလည်း ထိုညကို ထိုအိမ်မှာပဲ အချိန်ကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ(မ)ရဲ့ ဆုံးဖြတ်ချက်က သူ(မ)အတွက် ဘယ်လိုအန္တရာယ်တွေ ဘူဆောင်ခဲ့မလဲ ဆိုတာကတော့…

Source: 20th Century Studios

(၄) The Witch

ဒီဇာတ်ကားကတော့ ၁၇ ရာစုကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb ၇ တောင် ရထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: A24

(၅) Split

Kevin ဆိုတဲ့ အမျိုးသားက စိတ်ရောဂါတစ်မျိုး ခံစားနေရပြီး ခန္ဓာကိုယ် တစ်ခုတည်းကိုမှ စိတ်က ၂၃ ခုလောက် ကွဲနေတာပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူက ဆယ်ကျော်သက် (၃) ယောက်ကို ပြန်ပေးဆွဲ လိုက်ပါတော့တယ်။ ထိုဆယ်ကျော်သက် (၃) ယောက်ကို ဘာ့ကြောင့် ပြန်ပေးဆွဲရသလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဇာတ်ကားလေးကို ကြည့်ကြည့်လိုက်ပါ။

Source: Rotten Tomatoes Trailers

(၆) Bones and All

ဒီဇာတ်ကားကတော့ ရိုမန့်စ်နဲ့ သည်းထိတ်ရင်ဖို အရသာနှစ်မျိုးကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ ချစ်သူ နှစ်ယောက်ကြား ဘယ်လို သံသယတွေကို သူတို့ရဲ့ အချစ်ခရီးလမ်းကို ဖျက်ဆီးပစ်မလဲဆိုတာ ထွေလာလေး ကြည့်ကြည့်လိုက်ပါဦး။

Source: MGM

(၇) Prey for the Devil

ကမ္ဘာတစ်ဝှမ်းတွင် အပနှင်ခြင်းက တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ ကတ်သလစ် ဘုရာကျောင်းတစ်ခုက ဘုန်းတော်ကြီးများအား အပနှင်ခြင်းကို သင်ကြားပေးဖို့အတွက် တာဝန်ကျလာပါတယ်။ ပုံမှန်ဆိုရင် သီလရှင်များအား အပနှင်ခြင်းကို လေ့ကျင့်ပေးလေ့မရှိပေမယ့် Ann လို့ အမည်ရတဲ့ စစ်စတာ သီလရှင်တစ်ပါးကို မြင်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အရည်အချင်းကို ယုံကြည်ပြီး အပနှင်ခြင်းကို သင်ကြားပေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင် ထွေလာလေးကို အရင်ကြည့်လိုက်ပါဦး။

Source: Lionsgate Movies

ဒီဇာတ်ကားတွေကတော့ ကြည့်နေတဲ့အချိန်မှာ ကွီးတို့ကို အသည်း တယားယား ဖြစ်စေမယ့် ဇာတ်ကား များပဲဖြစ်ပါတယ်။​ တကယ်လို့ ကွီးတို့က အသည်း တယားယားနဲ့ ဖြစ်ရတဲ့ ဖီလ်လင်မျိုးကို မကြိုက်ဘူးဆိုရင်တော့ ဒီ ဇာတ်ကား များကို မကြည့်သင့်တာတော့ အမှန်ပါပဲ။

Source: Movieinsider

Featured Image: Dal Student Life – Dalhousie University