အသားအရေ ကောင်းမွန်ပြီး စိုပြည်ဝင်းမွတ်အောင် ထိန်းသိမ်းရတာ တကယ်တော့ မလွယ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသားအရေ ပျက်စီးစေတဲ့ အကြောင်းတရားတွေများစွာ ရှိနေပါတယ်။ ယောကျာ်းလေးတွေအတွက် အသားအရေ ပျက်စီးစေတဲ့အရာတွေက ပိုလို့တောင်များပါသေးတယ်။  အသားအရေကို ကျန်းမာပြီး စိုပြေဝင်းမွတ်နေစေဖို့ Skin Care ကောင်းကောင်း လုပ်ဖို့လိုသလို အစာအာဟာရ ၊ ကျန်းမာ ရေးဓာတ်စာတွေနဲ့လည်း အသားအရေကောင်းအောင် ထိန်းသိမ်းလို့ ရပါတယ်။ ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းပြီး အသားအရေ ကောင်းမွန်စေမယ့် အကောင်းဆုံး ကျန်းမာရေး ဖျော်ရည် ၄ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) ဂရိတ်ဖရုသီးဖျော်ရည်

Photo : Cook for Your Life

အသားအရေ ကျန်းမာရေးအတွက် ဗီတာမင် C ဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။ ဗီတာမင် C ဓာတ် ရဖို့ဆိုရင်တော့ အကောင်းဆုံးက ဂရိတ်ဖရုသီးပါပဲ။ ဂရိတ်ဖရုသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေ အိုမင်းရင့်ရောင်ခြင်းကို လျှော့ချပေးပြီး ငယ်ရွယ်နုပျိုစေပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်တဲ့ Antioxidant တွေလည်း လုံလောက်စွာ ပါဝင်ပါတယ်။

(၂) သကြားမုန်လာဖျော်ရည်

Photo : The Beet

သကြားမုန်လာမှာ ခန္ဓာကိုယ် ကျန်းမာရေး နဲ့ အသားအရေ အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သကြားမုန် လာမှာပါတဲ့ Nitrate က ဦးနှောက်အရှေ့ပိုင်းသို့ သွေးပို့လွတ်ခြင်းကို အထောက်အကူပြုတာကြောင့် စိတ်ဖောက်ပြန်ခြင်းနဲ့ အသက်အရွယ်ကြီးရင့်လာခြင်းနဲ့အတူ အမြင်အာရုံလျော့ကျလာခြင်းတွေကိုပါ ကာကွယ်ပေးပါတယ်။

(၃) ရှားစောင်းလက်ပတ်ဖျော်ရည်

Photo : Cleveland Clinic Health Essentials

ရှားစောင်းလက်ပတ်ဟာ အသားအရေ အတွက် ကောင်းမွန်တဲ့ သဘာဝပစ္စည်းတစ်ခုအဖြစ် လူတော်တော်များများ အသုံးပြုလေ့ ရှိကြပါတယ်။ ရှားစောင်းလက်ပတ်ကို အသားအရေအတွက် တိုက်ရိုက်အသုံးပြုနိုင်သလို ဖျော်ရည်အဖြစ်လည်း သောက်သုံးလို့ ရပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်မှာ အရေပြားကို ပြန်လည်ကျန်းမာဖွံ့ဖြိုးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် အသားအရေကို စိုပြေဝင်းမွတ်စေပြီး နုပျိုကျန်းမာနေစေမှာပဲ ဖြစ်ပါတယ်။

(၄) အုန်းစိမ်းရည်

Photo : Meghan Telpner

အုန်းစိမ်းရည်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ သတ္တုဓာက် နဲ့ Electrolytes များစွာ ပါဝင်ပါတယ်။ ဒီ ဓာတ်တွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု နဲ့ နေ့စဉ်ကိုယ် စားသုံးလိုက်တဲ့ အစားအစာတွေကနေ ရရှိတဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြန့်ဝေပေးတဲ့နေရာမှာ အထောက် အကူ ပြုပါတယ်။ ဒါ့အပြင် အုန်းစိမ်းရည်မှာ အရေပြားဆဲလ်တွေ ကြီးထွားမှုကို အကျိုးပြုတဲ့ Cytokinin  အပင် ဟော့မုန်းတစ်မျိုး ပါဝင်ပြီး ၎င်းက အသားအရေ ကျန်းမာရေးအတွက် အကျိုးပြုကာ အသားအရေကို သဘာဝအတိုင်း စိုပြေဝင်းမွတ်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

Featured Photo : Health Digest