ယနေ့ခေတ်မှာ အမျိုးသမီးများသာမက အမျိုးသားများပါ အသားအရေထိန်းသိမ်းမှု ကို စိတ်ဝင်တစား ပြုလုပ်လာကြပါတယ်။ ကိုယ့်ရဲ့ မျက်နှာ အသားအရေ ကြည်လင်နေတာကိုတော့ အမျိုးသား၊ အမျိုးသမီးတိုင်း လိုချင်ကြမှာပါ။ အမျိုးသားတွေမှာ အဖြစ်များတဲ့ အသားအရေ ပြဿနာများကတော့ ဝက်ခြံ၊ အရေးအကြောင်းများနှင့် အမဲစက်များပဲ ဖြစ်ပါတယ်။ အမျိုးသားများအတွက် ဒီလို ပြဿနာဖြေရှင်းဖို့ သို့မဟုတ် ကြိုတင်ကာကွယ်ဖို့ မခက်သော်လည်း နည်းစနစ်တကျ ဖြေရှင်းဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာ အမျိုးသားတို့အတွက် လွယ်ကူပြီး ရိုးရှင်းတဲ့ နေ့စဉ် အသားအရေ ထိန်းသိမ်းမှု အဆင့် (၄) ဆင့်ကို ဖော်ပြပေးချင်ပါတယ်။ ဒီ ရိုးရှင်းတဲ့ အဆင့် (၄) ဆင့်ဟာ အမျိုးသားများမှာ ဖြစ်တတ်တဲ့ အသားအရေ ပြဿနာများကို အထိုက်အလျောက် ဖြေရှင်းပြီးသား ဖြစ်စေပါလိမ့်မယ်။

အဆင့် (၁) မျက်နှာ သန့်စင်ခြင်း

အသားအရေ ထိန်းသိမ်းမှု

Photo : Pexels

မျက်နှာကို သေချာစွာ ဆေးကြောသန့်စင်ခြင်းက အသားအရေ ထိန်းသိမ်းမှု အတွက် အခြေခံ အကျဆုံးအဆင့် ဖြစ်ပါတယ်။ မျက်နှာကို သေချာစွာ မသန့်စင်ခြင်းက ဝက်ခြံပေါက်ခြင်း ကဲသို့သော အသားအရေဆိုင်ရာ ပြဿနာများဖြစ်နိုင်တဲ့ အကြောင်းအရင်းပါပဲ။ မျက်နှာသစ်ရာမှာ မျက်နှာသန့်စင်ဆေးကို သင့်တော်သော ပမာဏယူပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံဖြင့် ညင်သာစွာ လိမ်းပေးပါ။ ပြီးတော့ ရေနွေးနွေးလေးကို သုံးပြီး သေချာစွာ ဆေးချပါ။ ရေနွေးနွေးလေးသုံးပေးခြင်းဖြင့် မျက်နှာပေါ်က အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်။ တစ်နေ့လျှင် (၂) ကြိမ် သေချာစွာ သစ်ပေးပါ။

အဆင့် (၂) Exfoliation

အသားအရေ ထိန်းသိမ်းမှု

Photo : Beards Base

နောက်တစ်ဆင့် အနေနဲ့ကတော့ Exfoliation လို့ခေါ်ကြတဲ့ ကြေးချွတ်တဲ့ အဆင့်ပါ။ ဒီအဆင့်ကတော့ နေ့တိုင်း လုပ်စရာမလိုပါဘူး။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် လုပ်တာ အကောင်းဆုံးပါပဲ။ Exfoliation လုပ်ခြင်းဖြင့် အရေပြားဆဲလ်သေများ၊ ချွေးပေါက်အတွင်းရှိ အညစ်အကြေးများနှင့် ဆီဘမ်များကို ဖယ်ရှား သန့်စင်ပေးပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အသားအရေကို နူးညံ့စေပြီး မွဲခြောက်တဲ့အသားအရေကို တောက်ပစေနိုင်ပါတယ်။ ချွေးပေါက်ပိတ်ခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် အမဲစက်များကို တားဆီးပေးပါတယ်။

အဆင့် (၃) အစိုဓာတ်ထိန်းပေးပါ

Skin care steps

Photo : NuAge Spa

အသားအရေအတွက် အစိုဓာတ်ထိန်းတဲ့ အဆင့်က နေ့စဉ်ပုံမှန် အသားအရေထိန်းသိမ်းမှုမှာ အရေးကြီးပဲ ဖြစ်ပါတယ်။ အရေးအကြောင်းဖြစ်ခြင်း၊ အဆီများထွက်ခြင်းနဲ့ အသားအ‌ရေ မွဲခြောက်ခြင်း တို့ကို တားဆီးရန်အတွက် အစိုဓာတ်ထိန်းခရင်မ် လိမ်းဖို့ အရေးကြီးပါတယ်။ ကွီးတို့ အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးချယ်ပါ။ တစ်နေ့လျှင် (၂) ကြိမ် အသုံးပြုပါ။ ကွီးတို့ မျက်လုံးနားတစ်ဝိုက်ရှိ အရေးအကြောင်းများကို လျော့ပါးသက်သာစေရန် Eye Cream ကိုလည်း အသုံးပြုပေးဖို့လိုပါတယ်။

အဆင့် (၄) နေလောက်ကာခရင်မ်ကို လိမ်းပါ

Skin care steps

Photo : Man’s life

နေလောင်ဒဏ်ခံရခြင်းကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု၊ တင်းတိတ် တို့အပြင် အသားအရေကို ထိခိုက်ပျက်စီး စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းရဲ့ ၉၀ ရာခိုင်နှုန်းက နေလောင်ဒဏ်ခံရခြင်းကြောင့်  ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို အပြင်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ နေ့တိုင်း ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ နေရောင်ကာခရင်မ်က ကျွန်တော်တို့ရဲ့ အသားအရေပေါ်သို့ အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်များကို ထိတွေ့မှုကို တားဆီးရန် မရှိမဖြစ် အရာတစ်ခုဖြစ်ပါတယ်။ ကွီးတို့ရဲ့ အသားအရေကို ကာကွယ်ရန် အနည်းဆုံး SPF 30 နဲ့အထက် နေလောင်ကာခရင်မ်ကို နေ့တိုင်း လိမ်းပေးဖို့လိုပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ အမျိုးသားများအတွက် ပုံမှန် အသားအရေ ထိန်းသိမ်းမှု အတွက် မဖြစ်မနေ လိုအပ်တဲ့ အခြေခံ အဆင့်များပဲ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းလွယ်ကူတဲ့ အဆင့်လေးတွေနဲ့ အသားအ‌ရေကို ပုံမှန်ထိန်းသိမ်းခြင်းဖြင့် အသားအ‌ရေ ပြဿနာများကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။

Source : Watsons

Featured Photo : Look Fantastic