ကွီးတို့ အသားအရေ ကို သေချာ ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုရင် ကိုယ့်အသားအရေက ဘယ် အမျိုးအစား ထဲမှာ ပါသလဲဆိုတာကို သေချာ သိထားဖို့ လိုအပ်ပါတယ်။ ကိုယ့် အသားအရေ အမျိုးအစား ကို သိမှသာလျှင် မှန်ကန်တဲ့ နည်းလမ်းနဲ့ အသားအရေကို ဂရုစိုက်နိုင်မှာပါ။

အရင်ဦးဆုံး အသားအရေ အမျိုးအစား ဘယ်နှမျိုးရှိသလဲဆိုတာကို သိထားသင့်ပါတယ်။

man skin

အခြေခံအားဖြင့်တော့ အသားအရေကို အမျိုးအစား (၅) မျိုး ခွဲထားပါတယ်။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်၊ Combination ပေါင်းစပ် အသားအရေ ပိုင်ရှင်၊ နုနယ်ပြီး ဆတ်ဆတ်ထိမခံတဲ့ အသားအရေပိုင်ရှင်၊ သာမန် အသားအရေပိုင်ရှင်နှင့် အဆီပြန်တဲ့ အသာအးရေပိုင်ရှင်ဆိုပြီး (၅) မျိုးရှိပါတယ်။

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေသည် ဝက်ခြံများ အပေါက်များပြီး ချွေးပေါက်လည်း ပိုကျယ်တတ်ပါတယ်။

ခြောက်သွေ့ အသားအရေပိုင်ရှင်များကတော့ အဆီပြန်တဲ့ သူတွေနဲ့ ဆန့်ကျင်ဘက်ပါ။ သူတို့ရဲ့ အသားအရေမှာ လုံလောက်တဲ့ ရေဓာတ်နဲ့ သဘာဝ အဆီဓာတ် မရှိတဲ့အတွက်ကြောင့် အသားအရေက ညိုညစ်ညစ်နဲ့ ခြောက်နေတတ်ပါတယ်။

ပေါင်းစပ် အသားအရေဆိုတာကတော့ T-zone တွေဖြစ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေ့စေ့တို့မှာ အဆီပြန်တတ်ပြီး ကျန်နေရာတွေမှာတော့ အသားအရေ ခြောက်တတ်ကြပါတယ်။

နောက်တစ်မျိုးကတော့ ဘာလိမ်းလိမ်း မတည့်တဲ့ ဆန်းဆန်းတင့် အသားအရေ ပိုင်ရှင်တွေပါ။ မတည့်တာ တစ်ခုခု လိမ်းမိလိုက်တာနဲ့ မျက်နှာက နီမြန်းပြီး ယားလာတတ်တာမျိုးကို ခံစားရတတ်တဲ့သူတွေပါ။

သာမန်အသားအရေပိုင်ရှင်တွေကတော့ ကံကောင်းသူတွေပါပဲ။ မျက်နှာအသားအရေက ညီညာပြီး ဝက်ခြံတွေ အဆီပြန်ခြင်းမျိုးတွေ မရှိတဲ့သူတွေပါ။

ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲ ပါသလဲဆိုတာ ဘယ်လို ခွဲခြားသိနိုင်မလဲ

အသားအရ အမျိုးအစား

ခွဲခြားရမယ့် နည်းကတော့ လွယ်ပါတယ်။ မျက်နှာအသားအရေအတွက် အသုံးပြုတဲ့ ဆီစုပ် စက္ကူလေးတွေ ရှိပါတယ်။ ထိုစက္ကူများကို မျက်နှာ နေရာအနှံ့မှာ မိနစ်အနည်းငယ်ကြာ ကပ်ထားလိုက်ပါ။ မိနစ် အနည်းငယ်ကြာလို့ ခွာလိုက်တဲ့နောက်မှာ T-Zone နေရာ တစ်ဝိုက်မှာပဲ အဆီပြန်ရင်တော့ ပေါင်းစပ် အသားအရေပါ။ ဒီလိုမှ မဟုတ်ပါပဲနဲ့ ကိုယ်ကပ်လိုက်တဲ့ စက္ကူတွေ အကုန်လုံးက အဆီကို စုပ်ထားတယ် ဆိုရင်တော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါပဲ။ ဒီနည်းလမ်းကို စမ်းသပ်သင့်တဲ့ အချိန်ကတော့ နေ့လည်ခင်း (သို့) တစ်နေကုန် အလုပ်ပြီးလို့ အိမ်ပြန်ချိန် ညနေခင်းတွေမှာ စမ်းသပ်ကြည့်သင့်ပါတယ်။

ကိုယ့်အသားအရေနဲ့ သင့်တော်တာမျိုးသာ ဝယ်ယူပါ

အသားအရ အမျိုးအစား

အဆီပြန်တဲ့သူတွေက အဆီပြန်တယ်ဆိုပေမယ့် ရေဓာတ် ထိန်းဖို့ မလိုအပ်တာ မဟုတ်ပါဘူး။ ရေဓာတ် ဖြည့်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ Lightweight Hydration ကို ဦးစားပေးပြီး ပိုလျှံနေတဲ့ အဆီတွေကို ထိန်းပေးတာမျိုးကို အသုံးပြုသင့်ပါတယ်။

ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်များကတော့ ရေဓာတ် များများ ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ကို အချိန်ကြာကြာ ဖြည့်ပေးနိုင်တဲ့ Skincare မျိုးကို ဝယ်သုံးပေးလိုက်ပါ။

ပေါင်းစပ် အသားအရေပိုင်ရှင်များကတော့ Gentle ဖြစ်တဲ့ ပစ္စည်း အမျိုးအစားများကို ဝယ်ယူသင့်ပါတယ်။

Sensitive အသားအရေ ပိုင်ရှင်များလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ့် မျက်နှာ အသားအရေပေါ် တိုက်ရိုက် မတင်ခင် လည်ပင်းနဲ့ လက်ကောက်ဝတ်မှာ နာရီအနည်းငယ်ကြာ စမ်းသပ်ပြီး ယားယံခြင်း မရှိဘူးဆိုမှ အသုံးပြုသင့်ပါတယ်။

သာမန် အသားအရေ ပိုင်ရှင်တွေကတော့ ထွေထွေထူးထူး ပြဿနာ မရှိပါဘူး။ ကိုယ့်အသားအရေကို ပုံမှန်အတိုင်း ဂရုစိုက်ပေးပြီး ရေဓာတ် ဖြည့်ပေးဖို့တော့ လိုအပ်ပါတယ်။

ကွီးတို့အသားအရေကရော ဘယ်အသားအရေ အမျိုးအစားထဲမှာ ပါဝင်ပါသလဲ။

Source: Kiehls.com

Featured Image: Mbman.uk