သောက်တက်စားတက် ပျော်ပျော်နေတက်သူတွေဟာ အခြားသူတွေထက် တီထွင်ဖန်တီးနိုင်စွမ်းပိုကောင်းတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒါကို သက်သေပြဖို့အတွက် ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးချပြီး အမိုက်စား ပစ္စည်းလေးတွေကို ကိုယ်တိုင်ပြုလုပ်နိုင်မယ့် DIY ပရောဂျက် အိုင်ဒီယာလေးတွေကို မျှဝေပေးချင်ပါတယ်။ အသောက်တလိုင်း ဘီးကျဲတွေ အနေနဲ့ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ DIY ပစ္စည်းလေးတွေ ကိုယ်တိုင်ဖန်တီးလို့ရမလဲဆိုတာ ဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။
(၁) ပုလင်းခွံ ဖန်ခွက်
Photo : Khoi Capital
အသောက်တလိုင်း ဘီးကျဲတွေ သောက်ထားတဲ့ ပုလင်းခွံတွေကို ဒီတိုင်းချောင်မှာ ထိုးထားတုန်းပဲလား။ အရက်ပုလင်းအခွံတွေနဲ့ အမိုက်စား ပုံစံတူ ဖန်ခွက်လေးတွေ ပြန်လည်ဖန်တီးလို့ ရနိုင်ပါတယ်။ ဘီယာပုလင်းခွံ ၊ ဝီစကီပုလင်းခွံ စသည်ဖြင့် နှစ်သက်ရာကို ပုလင်းခွံတွေကို သေချာဖြတ်တောက် အချောသပ်ပြီး လှပတဲ့ ဖန်ခွက်လေးတွေအဖြစ် ငွေကုန်ကြေးကျသက်သာစွာနဲ့ ကိုယ်တိုင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Source : Holly’s Soapmaking
ပုလင်းခွံဖြတ်တောက်နည်းအဆင့်ဆင့် ၊ ဖြတ်တောက်ထားတဲ့ ပုလင်းဝကို ကော်ပတ်နဲ့ သေချာအချောသပ်နည်းအဆင့်ဆင့်ကို အထက်ပါ ဗီဒီယိုလေးမှာ ကြည့်လိုက်နိုင်ပါတယ်။
(၂) သစ်သား ပုလင်းဖောက်တံ
Photo : Craft Beer Time
ပုလင်းအဖုံး ဖောက်တံကတော့ ဘီယာကြိုက်တဲ့ အသောက်တလိုင်း ဘီးကျဲတွေ အတွက် မရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ဘီယာပုလင်းဖွင့်တဲ့အခါ ဖောက်တံအလွယ်တကူမရှိလို့ သွားနဲ့ကိုက်ဖွင့်တာ ၊ တံခါးဘောင်နဲ့ ရိုက်ဖွင့်တာမျိုးတွေ အပင်ပန်းခံ မလုပ်ပါနဲ့တော့။ သစ်သားလက်ကိုင်လေးမှာ သံချောင်းလေးရိုက်ထည့် ကွေးညွှတ်ပြီး လွယ်ကူရိုးရှင်းတဲ့ သစ်သား ပုလင်းဖောက်တံ လေးတစ်ခု ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်။
(၃) ဝိုင်ပုလင်း မီးတိုင်
၂၀ ရာစု အလယ်အတောအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ Tiki ယဉ်ကျေးမှုကနေ အစပြုဆင်းသက်လာတဲ့ ဝါးနဲ့ပြုလုပ်ထားတဲ့ မီးရှူးတိုင်တွေကို အိမ်အလှဆင်နဲ့ ပါတီ Decoration တွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ အခုပြောပြမယ့် ဝိုင်ပုလင်း မီးတိုင်လေးကလည်း Tiki မီးရှူးတိုင်တွေကို မှီငြမ်းပြီး ဝိုင်ပုလင်းအခွံတွေနဲ့ ပြန်လည်ဆန်းသစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဝိုင်ပုလင်း အခွံတွေရဲ့ အတွင်းအပြင်ကို သေချာသန့်ရှင်း အခြောက်ခံပြီး ရေနံဆီ သို့မဟုတ် ဓာတ်ဆီထည့်ကာ မီးစာကို ပုလင်းဝ ထုတ်ထားပါ။ မီးရဲ့အပူဒဏ်ကို ခံနိုင်ဖို့ ပုလင်းဝကို သံအမာခံ အစွပ်တစ်ခု တပ်ပေးရပါမယ်။ ဒါဆိုရင်တော့ အသုံးမလိုတော့ ဝိုင်ပုလင်းခွံတွေကနေ လှပတဲ့ Tiki မီးတိုင်လေးတွေ ဖန်တီးလို့ရပြီ ဖြစ်ပါတယ်။
(၄) အရက်ငှဲ့ ဂေါက်တံ
Photo : Odditymall
အသောက်တလိုင်း ဘီးကျဲတွေ သေချာပေါက် နှစ်သက်စေမယ့် DIY ပစ္စည်းလေးတစ်ခုပါပဲ။ ကော်ပိုက် ၊ သံပိုက် နှစ်သက်ရာကို အသုံးပြုပြီး အဖွင့်အပိတ် ဘားလေးတစ်ခု တပ်ကာ အမိုက်စား အရက်ငှဲ့ ဂေါက်တံလေးတစ်ခု ဖန်တီးလို့ ရပါတယ်။ ဉာဏ်စွမ်းရှိရင် ရှိသလောက် အလှဆင်ပြီး အမိုက်စားဖန်တီးနိုင်မှာဖြစ်တဲ့ ကွီးတို့ရဲ့ ဖန်တီးမှုစွမ်းရည် ဘလောက်ရှိတယ်ဆိုတာ လက်စွမ်းပြလိုက်ပါ။
Featured Photo : Etsy