ကော့လ်တေးချစ်သူ အသောက်တလိုင်း ကွီးတို့အတွက် အလွယ်ကူဆုံး အမိုက်စား ကော့လ်တေး တစ်ခွက်ဖျော်စပ်နည်းလေး ပြောပြပေးပါမယ်။ ဝီစကီ Whiskey ကိုလာ ၊ Rum ကိုလာ တို့လို ကော့လ်တေးတွေကို ကြိုက်တယ်ဆိုရင် အခုပြောပြမယ့် Tequila နဲ့ Coke ရောစပ်ထားတဲ့ ကော့လ်တေး ကိုလည်း သေချာပေါက် ကြိုက်မယ်လို့ အာမခံပါတယ်။

Photo : A Couple Cooks

ကော့လ်တေးမှာ ပါဝင်တဲ့ အဓိက ပါဝင်ပစ္စည်းတွေကတော့ Tequila နဲ့ Coke ၂ မျိုးတည်းနဲ့သာ ဖျော်စပ်ပေမယ့် အရသာကတော့ တော်တော်လေး ထူးခြားလေးနက်ပါတယ်။ Margarita နဲ့ Rum ကိုလာ ကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း သောက်နေရသလို Vibe မျိုး ပေးစွမ်းပါတယ်။ ကော့လ်တေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ အားလုံးက ကွီးတို့အနီးနားမှာ အလွယ်တကူ ဝယ်လို့ရတာ ဖြစ်တဲ့အတွက် အားလပ်ချိန်တွေမှာ အိမ်မှာပဲ အရသာရှိတဲ့ Tequila ကော့လ်တေးတစ်ခွက် ဖျော်စပ်မြည်းစမ်း ကြည့်လို့ရပါတယ်။

Photo : A Couple Cooks

ဖျော်စပ်နည်း အဆင့်ဆင့်ကတော့ အရင်ဆုံး ဖန်ခွက်နှုတ်ခမ်းဝကို သံပုရာသီးခြမ်းနဲ့ ပွတ်ပြီး ဆားပန်းကန်ထဲမှာ နှစ်ကာ ဖန်ခွက်နှုတ်ခမ်းမှာ ဆားမှုန့်လေးတွေ အလှဆင်ပေးလိုက်ပါ။ ပြီးတဲ့အခါ ဖန်ခွက်ထဲကို ရေခဲ လက်တဆုပ်စာခန့် ဖြည့်ပြီး Tequila ၂ အောင်စ နဲ့ Coke ၄ အောင်စကို ရောထည့်ပြီး မွှေပေးပါ။ နောက်ဆုံးအနေနဲ့ သံပုရာသီးတစ်စိပ်ခန့် ညှစ်ထည့်ပြီး သံပုရာခြမ်းလေးတွေပါ ဖန်ခွက်ထဲပစ်ထည့်ကာ လန်းဆန်းချိုမွှေး Tequila ကော့လ်တေး တစ်ခွက်အသင့်သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Abre Ojos Tequila