ဒီဇင်ဘာလလေးကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ‌ဆောင်းရာသီလည်းဖြစ် ခရစ်စမတ်ကာလနဲ့ နှစ်သစ်ကူး အချိန်အခါသမယပါ တစ်ပါတည်းရှိတဲ့ ဒီလလေးကို မကြိုက်နှစ်သက်တဲ့ သူတော့ ရှားလိမ့်မယ် ထင်ပါတယ်။ ဒီလို အချိန်သမယလေးနဲ့ ပတ်သတ်ပြီး သီဆိုထားတဲ့ သီချင်းကောင်းလေးတွေလည်း အများအပြားပါပဲ။ ဒီ‌နေ့မှာတော့ ကွီးတို့အတွက် အေးမြတဲ့ ဒီ ရာသီလေးမှာ သီချင်းကောင်းလေးတွေ နားဆင်ရင်း ရင်မှာ နွေးထွေးစေဖို့ မျှဝေပေးမှာ ဖြစ်ပါတယ်။

Gwen Stefani by Early Winter

Source : Gwen Stefani

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ သီချင်းလေးကတော့ Gwen Stefani ရဲ့ Early Winter ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးရဲ့ သံစဉ်နဲ့ စာသားတွေက ခံစားချက် တစ်ခုခုကို ပေးစွမ်းနိုင်ပြီး Gwen Stefani ၏ နူးညံ့သိမ်မွေ့သော အသံလေးနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ နှလုံးသားထဲမှာ နွေးထွေးမှုကို ခံစားရမှာပါ။

Born In Winter by Gojira

Source : Gojira

“And in the winter cold, with opened eyes. You’ll find the strength to fight and stand upright” ဒီလို အမိုက်စား သီချင်းစာသားတွေနဲ့ သီချင်းကောင်းလေး‌ တစ်ပုဒ်ကတော့ Gojira ရဲ့ Born In Winter ပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကရော ကွီးတို့အတွက် ဆောင်းရာသီနဲ့ သက်ဆိုင်တဲ့ ခံစားချက်တွေကို ပြန်လည်တူးဆွနိုင်မလား ဆိုတာ နားဆင်ကြည့်လိုက်ရအောင်ဗျာ။

Winter Things by Ariana Grande

Source : Ariana Grande

ဒီတစ်ခါမှာတော့ ကွီးတို့ အသည်းစွဲ အဆို‌တော်မလေး Ariana Grande ရဲ့ Winter Things ဆိုတဲ့ သီချင်းလေးကို ဝေမျှပေးချင်ပါတယ်။ Ariana Grande ရဲ့ ချိုမြတဲ့ အသံလေးနဲ့ ဒီသီချင်းကောင်းလေးက အေးမြတဲ့ ရာသီမှာ ကွီးတို့ကို နွေးထွေးမှု ပေးနိုင်မလားဆိုတာတော့ သိရအောင် နားဆင်လိုက်ရအောင်ဗျာ။

A Winter’s Tale by Queen

Source : Queen Offical

ဆောင်းရာသီနဲ့ ပတ်သတ်ပြီး ကွီးတို့မှာ ဘယ်လို အမှတ်တရတွေ ရှိပါသလဲ။ ကောင်းမွန်တဲ့ အရာတွေလား၊ ဆိုးဝါးတဲ့ အရာတွေလား၊ ဘယ်လိုအရာတွေပဲ ဖြစ်ဖြစ် အမှတ်တရ အနေနဲ့သာ ထားခဲ့ပြီး သီချင်းကောင်းလေးနဲ့ အတူ ရှေ့ဆက်လိုက်ပါ။ ဒီသီချင်းလေးကတော့ Queen ရဲ့ A Winter’s Tale ပဲ ဖြစ်ပါတယ်။

A Hazy Shade of Winter by Simon & Garfunkel

Source : Simon & Garfunkel

ဒီသီချင်းလေးကတော့ ဘဝကို တစ်ဖန်ပြန်ပြောင်းကြည့်တဲ့ အကြောင်းသီဆိုထားတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးရဲ့ တတ်ကြွတဲ့ သံစဉ်တွေနဲ့ စာသားတွေက ကွီးတို့ရဲ့ ရင်ကို နွေးထွေးမှုနဲ့ အားအင်တွေ အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။

ကွီးတို့အတွက် အေးမြတဲ့ ရာသီလေးမှာ နွေးထွေးမှုတွေ ပေးစွမ်းနိုင်မယ့် သီချင်းကောင်းလေးတွေကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ လှပတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Source : Thomann

Featured Photo : Vista Create