ကွီးတို့အိမ်က ပစ္စည်း အဟောင်း တွေကို အကောင်း စားဖြစ်သွားအောင် ပြန်လည် အသုံးမချချင်ဘူးလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ အိမ်ထဲမှာလည်း အမှိုက်တွေ ပွမနေတော့ဘဲ DIY နည်းလေးတွေ အသုံးပြုရင်း ပစ္စည်းအသစ်ကလေးတွေလည်း ထွက်လာပါလိမ့်မယ်။
(၁) နွားနို့ဘူးခွံအလွတ်များကို မလွှင့်ပစ်ဘဲ ခွက်အသစ်တစ်လုံး ဖန်တီးမယ်
လိုအပ်မယ့် ပစ္စည်းလေးတွေကတော့ တုတ်ချောင်းများ၊ အဝတ်စ၊ နွားနို့ဘူးခွံနှင့် Glue Gun တစ်ချောင်းတို့ လိုအပ်ပါလိမ့်မယ်။
အဆင့် (၁) အရင်ဦးဆုံး နို့ဘူးအလွတ်ကို အခုလိုပဲ ထက်ပိုင်း ပိုင်းလိုက်ပါ။
အဆင့် (၂) ဘူးခွံ ဘေးပတ်ပတ်လည်မှာ တုတ်ချောင်းလေးများကို အခုလိုပဲ Glue Gun အသုံးပြုပြီး ကပ်ပေးလိုက်ပါ။
အဆင့် (၃) အဝတ်စကိုတော့ ၁၅ စင်တီမီတာ အမြင့်နှင့် ၉ စင်တီမီတာ အကျယ် ညှပ်လိုက်ပါ။ အောက်ခြေအတွက်ကိုတော့ ၈ စင်တီမီတာ ပတ်ပတ်လည် ညှပ်ထားလိုက်ပါ။
အဆင့် (၄) ပြီးရင်တော့ အဝတ်စကို ခွက်ရဲ့ ထိပ်နား ကပ်ပြီး အလှဆင်ပေးလိုက်ပါ။
ဒါဆိုရင်တော့ တစ်ခုခု ထည့်စရာ ထည့်ခွက်တစ်ခု ရရှိသွားပါပြီ။
ရေချိုးခန်းထဲမှာပဲ ထားချင်သလား၊ ဧည့်ခန်းမှာပဲ အလှဆင်ထားချင်သလား ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။
(၂) မဝတ်တော့ဘဲ ဂျင်းဘောင်းဘီအဟောင်းများကို ထည့်စရာတစ်ခုအဖြစ် ဖန်တီးမယ်
မဝတ်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းလေးတွေ ကွီးတို့ အိမ်မှာ ရှိကြမှာပါပဲ။ အဲ့ဒီ ဂျင်းဘောင်းဘီ အဟောင်းတွေကို ဒီအတိုင်း ပစ်ထားမယ့်အစား အခုလိုလေး ဖန်တီးကြရအောင်။
အဆင့် (၁) ဂျင်းဘောင်းဘီရဲ့ အောက်အနားသားလေးကို အခုလိုပဲ ညှပ်ထားလိုက်ပါ။
အဆင့် (၂) ပြီးရင်တော့ အောက်ခြေကို အခုလိုလေး အပ်နဲ့ ချုပ်လိုက်ပါ။
အဆင့် (၃) ပြီးတဲ့အခါ အခုလိုလေး ဘောင်းဘီကို ပြောင်းပြန်လှန်လိုက်ပါ။
အဆင့် (၄) ထို့နောက် မချုပ်ထားတဲ့ ဘောင်းဘီရဲ့ နောက်ထပ် အနားသားကို အခုလိုမျိုး တစ်ချက်ခေါက်လိုက်ပါ။
အဆင့် (၅) နောက်တစ်ချက် ထပ်ခေါက်ပါ။
ဒါဆိုရင်တော့ ပစ္စည်းအတိုအထွာများကို စုထည့်ထားလို့ရတဲ့ အိတ်တစ်အိတ် ဖြစ်သွားပါပြီ။
ကွီးတို့ရော ကိုယ့်အိမ်က ပစ္စည်း အဟောင်း တွေကို ပစ္စည်း အကောင်း တွေအဖြစ် ဖန်တီးဖို့ စိတ်မဝင်စားဘူးလား။
Source : Diycandy
Featured Photo : Lifestyleasia