အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်စ် ကတော့ ယခုနွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာမှုနဲ့ပတ်သက်ပြီး ဖွင့်ဟလာခဲ့ပြီး အခုလက်ရှိ ကွင်းထဲမှာ ပိုမို လွတ်လပ်တယ်လို့ ခံစားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo : Football.London

ဂျီးဆပ်စ်ဟာ မန်စီးတီးကနေ အမ်းမရိတ်စ်ကို ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြ အာတီတာရဲ့အသင်းကို ၇ ပွဲကစားအပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်အောင် ကူညီပေးထားပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူးဟာ လက်ရှိအာဆင်နယ်အသင်းအတွက် ၄ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။ သူ့ရဲ့ရာသီအစောပိုင်း ခြေစွမ်းပြမှုအတွက် အကြီးအကျယ် ချီးကျူးခံနေရပြီး လက်ရှိဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ အလန်ရှီးယားရဲ့ ချီးကျူးမှုကိုလည်း ခံထားရပါတယ်။

ဂျီးဆပ်စ်ကတော့ မြောက်လန်ဒန်ကလပ်ကို ပြောင်းရွေ့ခဲ့မှုနဲ့ ပတ်သတ်ပြီး ” ဂွါဒီယိုလာက ဘောလုံးကို နားလည်ပြီး သူဘာလိုချင်လဲဆိုတာ သိတယ်။ ကျွန်တော့်အတွက် နောက်ထပ်စိန်ခေါ်အမှုအသစ်တစ်ခုလိုချင်တဲ့ အခိုက်အတန့်မှာ သူ့လက်ခံပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒီမှာ(အာဆင်နယ်)က မတူပါဘူး။ မတူညီတဲ့ ကစားသမားတွေနဲ့ ကစားနည်းတွေကလည်း မတူပါဘူး။ စီးတီးမှာက အဲ့လို မဟုတ်ဘူး။ တိုက်စစ်မှူးက ဘောလုံးအများကြီး မထိရဘူး။ ကစားပွဲတွေကို ကြည့်ရင် ဒါကိုမြင်ရမှာပါ”

Photo : Football.London

” ဒါကြောင့် ကျွန်တော်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် အာတီတာနဲ့ အာဆင်နယ်ရဲ့ ပုံစံအကြောင်း အများကြီးပြောခဲ့တယ်။ သူ ကျွန်တော့်အကြောင်းသိတယ်။ သူလိုချင်တာကိုလည်း ကျွန်တော် နားလည်တယ်။ အခုတော့ ကျွန်တော် ကွင်းထဲမှာ လွတ်လွတ်လပ်လပ် ကစားနေရပြီး မျက်နှာပေါ်မှာ အပြုံးတွေမြင်နေရပါပြီ။ ကျွန်တော် အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ဒီရာသီရဲ့ ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် စနေနေ့မှာ တော့တင်ဟမ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

Featured Photo : Metro