နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့နဲ့အတူ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့တဲ့ အသင်းတစ်သင်း ရှိပါတယ်။ အဲ့ဒါကတော့ အာဆင်နယ်ပါ။ မော်ရင်ဟိုအတွက် အာဆင်နယ်အသင်းဟာ ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ရသလို မော်ရင်ဟို နဲ့ အာဆင်နယ်အသင်းတို့ကြားမှာလည်း အမှတ်တရတွေ အမြောက်အများ ရှိခဲ့ပါတယ်။

mourinho

Photo Credit : beIN SPORTS

အခုတော့ စပယ်ရှယ်ဝမ်း နည်းပြကြီးက ရိုးမားအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေပြီး ဒီရက်ပိုင်းမှာ သူရဲ့တပည့်ဟောင်းဖြစ်သူ မီခေးလ်နဲ့အတူ Podcast အစီအစဉ်မှာ ပါဝင်ရင်းနဲ့ ဂျိုဆေးက သူ ကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်းတွေနဲ့ အမှတ်တရတွေအကြောင်းတွေကို ပြန်လည် ဖောက်သည်ချလာခဲ့ပါတယ်။ ဒါ့အပြင် မီခေးလ်နဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်လာမလဲဆိုတာကိုပါ ဆွေးနွေးခဲ့ရာ ချန်ပီယံ ဖြစ်နိုင်မယ့် အသင်းတွေထဲ အာဆင်နယ်ကို မော်ရင်ဟိုက ချန်လှပ်သွားခဲ့ပါတယ်။

mourinho arsenal

Photo Credit : ESPN

မော်ရင်ဟိုက လက်ရှိ ချန်ပီယံ မန်စီးတီး နဲ့ လီဗာပူးလ်အသင်းတို့သာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားအတွက် ယှဉ်ပြိုင်သွားရလိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပေမယ့်လည်း သူရဲ့ ပြိုင်ဘက်ဟောင်းပြီး အာဆင်နယ်ကိုလည်း ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် မြင်တွေ့ချင်တယ်လို့ ဆိုသွားခဲ့ပါတယ်။ သူ့အသင်းဟောင်းတွေဖြစ်တဲ့ ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက်တို့က ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား မရနိုင်တော့တာ သေချာနေပေမယ့်လည်း အာဆင်နယ်ကိုတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေချင်တယ်လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

jose mocks spur

Photo Credit : Eurosport

အာဆင်နယ်ကို အမှတ်ပေးချန်ပီယံ ဖြစ်စေချင်တယ်လို့ ပြောဆိုခဲ့တဲ့ မော်ရင်ဟိုက သူရဲ့ ပရီးမီးယားလိဂ် အသင်းဟောင်းဖြစ်တဲ့ စပါးနဲ့ ပတ်သက်ပြီး စပါးအသင်းဟာ ဆုဖလားတွေ မရခဲ့တာ နှစ်ပေါင်းများစွာ ရှိနေလို့ ဆုဖလားပြခန်းထဲမှာတောင် ဖလားတွေ မရှိပဲ ဖြစ်နေပေမယ့် လိဂ်ဖလားဖိုင်နယ်ပွဲ မတိုင်ခင် (၂)ရက်အလိုမှာပဲ သူ့ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာက တကယ့်ကို ရယ်စရာ အဖြစ်အပျက်ပဲလို့ ပြောဆိုခဲ့ပြန်ပါတယ်။

Featured Photo : Sportskeeda