စပိန် လာလီဂါ ထိပ်သီးကလပ်အသင်း ရီးယဲလ် မက်ဒရစ်ဟာ အသင်းရဲ့ ညာခြမ်း ခံစစ်နေရာအတွက် ထိပ်တန်း ကစားသမားတစ်ဦးကို ဖြည့်တင်းနိုင်ဖို့ လီဗာပူးလ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံ ကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးကို စိတ်ဝင်စားလို့နေပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင် သန်း(၇၀)လောက်နဲ့ စတင် ကြိုးပမ်းသွားနိုင်တယ်လို့ Liverpool Echo ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Mail
ရီးယဲလ်အသင်းက ဟိုးယခင်ကတည်းက အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်း ၊ မိုက်ကယ် အိုဝင် ၊ ဂျိုနသန် ဝုဒ်ဂိတ်တို့ကို ခေါ်ယူခဲ့ပေမယ့်လည်း ဒီကစားသမားတွေက ရီးယဲလ်မှာ ထင်သလောက် ခြေစွမ်းမပြနိုင်ပေမယ့် ဒီရာသီမှ ခေါ်ယူခဲ့တဲ့ အင်္ဂလန် ကွင်းလယ်လူ ဂျူဒ့် ဘယ်လင်ဟမ်ကတော့ အလွန်ကို တောက်ပလျက် ရှိနေပါတယ်။ ဒါကြောင့်လည်း ရီးယဲလ်က နောက်ထပ် အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ ရီးစ်ဂျိမ်းစ် အာနိုးတို့ကို ပစ်မှတ်ထားလာခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Chelsea Football Club
ရီးယဲလ်ရဲ့ လက်ရှိ ညာခြမ်းခံစစ် နေရာမှာ ဝါရင့် ကစားသမားကြီးတွေဖြစ်တဲ့ ဒန်နီ ကာဗာဟယ် နဲ့ လူးကပ်စ် ဗက်ဇ်ကေးတို့သာ ရှိနေပြီး နောက်ထပ် ထိပ်တန်း right-back ကစားသမားတစ်ယောက်ကိုပါ ထပ်မံ အားဖြည့်သွားချင်နေပါတယ်။ ပထမတော့ ချယ်လ်ဆီးရဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ကို အရင် ပစ်မှတ်ထားခဲ့ပေမယ့် ရီးစ်ဂျိမ်းစ်က မကြာခဏ ဒဏ်ရာတွေ ရနေတက်သလို မန်စီးတီးကပါ ရီးစ်ဂျိမ်းစ်ကို အလိုရှိလာတာကြောင့် ဂျိမ်းစ်ထက် အာနိုးကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : The Athletic
အသက် (၂၅)အရွယ် လီဗာပူးလ် အကယ်ဒမီထွက် ညာနောက်ခံလူ အာနိုးဟာ လီဗာပူးလ်အသင်းနဲ့ ဆုဖလား အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့တဲ့ အာနိုးဟာ အနာဂတ်မှာ လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင် တစ်ဦးပါ ဖြစ်လာနိုင်တဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်နေတာမို့ အသင်းကနေ လုံးဝ ရောင်းထုတ်ဖို့ ဆန္ဒရှိမှာ မဟုတ်သလို အာနိုးကိုယ်တိုင်ကလည်း လီဗာပူးလ်မှာသာ ဆက်လက် ရှိနေဖို့က သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့် ရီးယဲလ်ဘက်ကတော့ အာနိုးအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင် သန်း(၇၀)ကနေ စတင် အသုံးပြုသွားဖို့ ရှိနေပြီး ဒီထက်မကသော ကမ်းလှမ်းမှုတွေပါ ထပ်မံ လုပ်ဆောင်လာဖို့လည်း ရှိနေတယ်လို့ Liverpool Echo ကနေ ဖော်ပြထားခဲ့ပါတယ်။
Featured Photo : Somos Invictos