စိတ်တွေထွေပြားပြီး အာရုံကောင်းကောင်း မစိုက်နိုင်ဖြစ်တာက အလုပ်ရော လူမှုဆက်ဆံရေးအပြင် နေ့စဉ်ဘဝမှာပါ ထိခိုက်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အာရုံမစိုက်နိုင်ခြင်းဟာ လူတိုင်းလိုလို ကြုံနေကြတာ ဖြစ်ပြီး ဒီလို အာရုံစိုက်မှုစွမ်းရည် ကျဆင်းတဲ့ ပြဿနာကို ဖြေရှင်းဖို့ ရိုးရှင်းတဲ့ နည်းလမ်းတချို့ အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အိပ်ရေးဝအောင်အိပ်ပါ

Sleeping

Photo : MensXp

အိပ်ရေးပျက်တာ များလေလေ အာရုံစိုက်နိုင်စွမ်း ကျလေလေပါပဲ။ အိပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို ဘက်ထရီအားသွင်းသလို ပြန်အားသွင်းနေတာ ဖြစ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းက ကိုယ့်ရဲ့ အာရုံစိုက်နိုင်စွမ်း Level ကို ပိုတက်လာစေနိုင်ပါတယ်။ ဒါကြောင့် အာရုံစိုက်ရ ခက်လာတယ်ဆိုရင် အနားယူပါ။ ကောင်းကောင်း အိပ်ပါလို့‌ ပြောချင်ပါတယ်။

(၂) လေ့ကျင့်ခန်း လုပ်ပါ

Workout

Photo : MensXp

ကိုယ်လက်လှုပ်ရှားမှုတွေက လူရဲ့ သိမှတ်မှုလုပ်ငန်းစဉ်ကို ပိုပြီး ကောင်းမွန်စေနိုင်ပါတယ်။ အာရုံစိုက်မှုနဲ့ မှတ်ဉာဏ်ပိုင်းလည်း ပိုကောင်းလာနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်တာဟာ စိတ်ခံစားချက်ကို ပိုကောင်းစေနိုင်တယ်လို့ပါ ဆိုပါတယ်။ ခေါင်းရှုပ်နေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေရင် Gym သွားကစားတာမျိုး လုပ်ဖို့ အကြံပေးချင်ပါတယ်။

(၃) အာဟာရဖြည့်ပါ

Food

Photo : MensXp

အစားအသောက်ဟာ လူအတွက် လောင်စာ ဖြစ်ပါတယ်။ Junk Food တွေ ရှောင်ပြီး မှန်ကန်မျှတတဲ့ အာဟာရဓါတ်တွေ ဖြည့်တင်းခြင်းအားဖြင့် ဦးနှောက်တွင်းက Dopamine ဓါတ် ပိုထွက်သလို ဦးနှောက်အတွင်း မှတ်ဉာဏ်ရှိတဲ့ Hippocampus အပိုင်းလည်း ပိုပြီး ကျန်းမာသန်စွမ်းလာနိုင်ပါတယ်။

(၄) တရားထိုင်ပါ

Meditation

Photo : MensXp

အသိစိတ်ကပ်ပြီး သတိနဲ့ ကိုယ်တွင်းဖြစ်စဉ်ကို ရှုမှတ်နေတဲ့ တရားထိုင်ခြင်းဟာ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းအတွက် ကုထုံးတစ်ခုသဖွယ် အရေးပါလာပြီ ဖြစ်ပါတယ်။ တရားထိုင်တာဟာ အာရုံစူးစိုက်မှု ၊ မှတ်ဉာဏ်နဲ့ အသိဉာဏ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး ပျော်ရွှင်မှု ၊ စိတ်လက်ကြည်လင်ခြင်းနဲ့ ပေါ့ပါးလန်းဆန်းမှုကိုပါ တိုးတက်လာစေနိုင်ပါတယ်။

Featured Photo : University Of Cambridge