အမြဲတစေ ပြောင်းလဲနေသော ဒစ်ဂျစ်တယ်ကမ္ဘာတွင် ကျွန်ုပ်တို့ရဲ့ ဦးနှောက်က အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု စွမ်းရည်က ပို၍ပို၍ ခက်ခဲလာပါတယ်။ ဒါဟာတစ်ခါတစ်လေတော့ ကိစ္စမရှိပေမဲ့ အမြဲလိုလို အာရုံစူးစိုက်ဖို့ခက်နေတယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ အထူးသဖြင့် ကွီးတို့လုပ်ငန်းခွင်မှာ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်အာရုံမစိုက်နိုင်ဘဲ စိတ်ပျံ့လွင့်မှုရှိနေမယ်ဆိုရင် အလုပ်တစ်ခုကို ပြီးမြောက်နိုင်မှာ မဟုတ်တော့ပါဘူး။ ကြာလာရင် ကွီးတို့ရဲ့ လုပ်ငန်းခွင်အပေါ်မှာ ထိခိုက်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို နည်းလမ်းကောင်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ ဒီဆောင်ပါးလေးမှာ လုပ်ငန်းခွင်အတွင်း ကွီးတို့ရဲ့ စိတ်ကိုမပျံ့လွင့်စေဘဲ အာရုံစူးစိုက်မှု ကို တိုးတက်ကောင်းမွန် လာစေမဲ့နည်းလမ်းကောင်းများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) အာရုံကိုပျံ့လွင့်စေတဲ့ အရာများကို ဖယ်ရှားပါ

အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်

Photo : Allwork.Space

ကွီးတို့ရေ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သို့မဟုတ် အလုပ်စားပွဲမှာ ကိုယ်တိုင်သတိမထားမိဘဲ ကွီးတို့အာရုံကို ဆွဲဆောင်စေတဲ့ အရာများ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေနိုင်သော အရာလေးတွေရှိတတ်ပါတယ်။ ကွီးတို့ရဲ့ အာရုံစူးစိုက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သော ကွီးတို့ရဲ့ အလုပ်စားပွဲ ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမဆို ဖယ်ရှားလိုက်သောအခါတွင် ပြန်လည်၍ အာရုံစိုက်နိုင်မှုအပေါ် ကောင်းသောသက်ရောက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။ ဥပမာအားဖြင့် ရှုပ်နေသော ကွီးတို့ရဲ့အလုပ်စားပွဲကိုရှင်းလိုက်တာ သို့မဟုတ် ဖုန်းကို အလုပ်ချိန်အတွင်း အံဆွဲထဲထည့်ထားတာမျိုး ပြုလုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းကလည်း အာရုံစူးစိုက်မှု ကို တိုးတက်ကောင်းမွန် လာစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

(၂) To Do List လုပ်ပါ

အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်

Photo : Forbes

တစ်နေ့တာအတွက် လုပ်စရာများစွာရှိပြီး ဘယ်အရာကို အရင်လုပ်ရမှန်းမသိဘဲ ဖြစ်နေတာက ဘယ်အလုပ်ကိုမှ သေချာပြီးမြောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် လုပ်စရာတွေထဲမှာ အရေးအကြီးဆုံး အလုပ်ကနေ စပြီး ဒီနေ့အတွက် ပြီးမြောက်ရမဲ့ အလုပ်အကုန်လုံးကို အစဉ်လိုက်ချရေးပြီး To Do List ပြုလုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကွီးတို့အနေနဲ့ အလုပ်တစ်ခုပြီးတစ်ခု သေချာစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အလုပ်တွေကို အစဉ်လိုက် လုပ်ခြင်းဖြင့် ဘယ်အရာကိုလုပ်ရမှန်း မသိဘဲ စိတ်ရှုတ်ထွေးပြီး အာရုံစူးစိုက်နိုင်မှု လျော့ကျခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။ To Do List လုပ်ခြင်းက ကွီးတို့ရဲ့ အလုပ်တွေ ပိုမိုပြီးမြောက်အောင်မြင်စေတာ တွေ့ရပါလိမ့်မယ်။

(၃) တိတ်ဆိတ်သောနေရာတွင် အလုပ်လုပ်ပါ

အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်

Photo : PuraniGadi

ကိုယ့်ရဲ့ အလုပ်စားပွဲ ပတ်ဝန်းကျင်က ဆူညံနေတာမျိုးကလည်း လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်နိုင်မှုကို လျော့ကျစေပါတယ်။ တစ်ဦးတည်း သို့မဟုတ် ဆိတ်ငြိမ်သောနေရာတွင် အလုပ်လုပ်သောအခါ ၊ ကွီးတို့အနေနဲ့ အလုပ်ပိုမိုပြီးမြောက်တာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အချို့သော လုပ်ငန်းခွင်များက အလုပ်လုပ်နေစဉ်အတွင်း တိတ်ဆိတ်မှုကို အလေးအနက်ထား ကျင့်သုံးကြပါတယ်။ ကွီးတို့ရဲ့ အလုပ်စားပွဲနေရာက လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် လုပ်ငန်းခွင်ပတ်ဝန်းကျင်မှ အခြားဆူညံသော အနှောင့်အယှက်သံများ ရှိနေလျှင် လုပ်ငန်းခွင် အကြီးအကဲနဲ့ တိုင်ပင်ပြီး ဖြေရှင်းသင့်ပါတယ်။

(၄) တရားထိုင်ပါ

အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်

Photo : Facile Things

တရားထိုင်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစိးမှုကို လျှော့ချပေးနိုင်သည်သာမက အာရုံစူးစိုက်မှု ကို တိုးတက်ကောင်းမွန် လာစေပါတယ်။ ဒါ့အပြင် စိတ်ကို အပန်းပြေစေပြီး မှတ်ဉာဏ်စွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်နိုင်မှု အားကောင်းအောင် နေ့စဉ် အချိန်အနည်းငယ်ပေးပြီး တရားထိုင်သင့်ပါတယ်။ တရားထိုင်ခြင်းကို ကွီးတို့ အနေနဲ့ အိမ်မှာ ပြုလုပ်လို့ရသလို ၊ လုပ်ငန်းခွင်အတွင်းမှာလည်း အချိန်အနည်းငယ်ပေးပြီး ပြုလုပ်လို့ရပါတယ်။ နောက်တစ်နည်း အနေနဲ့ ယောဂ ကျင့်စဉ်များကိုလည်း အသုံးပြုနိုင်ပါတယ်။

(၅) တစ်ချိန်တည်းမှာ အလုပ်အများကြီး မလုပ်ပါနဲ့

Work Focus

Photo : Site at Penn State

ကွီးတို့ရေ တစ်ချိန်တည်းမှာ အလုပ်အများကြီးလုပ်တာက ဘယ်အလုပ်ကိုမှ ပြီးမြောက်စေမှာ မဟုတ်တဲ့အပြင် အာရုံစူးစိုက်နိုင်ခြင်းလည်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ချိန်တည်းမှာ အလုပ်အများကြီးကို မလုပ်ပါနဲ့။ တစ်ကြိမ်လျှင် အလုပ်တစ်ခုကိုသာ အာရုံစူးစိုက်ပြီး ပြီးမြောက် အောင်မြင်အောင်လုပ်ပါ။ အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းဖြင့် ကွီးတို့အနေနဲ့ အလုပ်အရည်အသွေးနှင့် အာရုံစိုက်မှုအပိုင်းကို မြှင့်တင်ပါ။

(၆) အိပ်ရေးဝဝ အိပ်ပါ

Work Focus

Photo : Times Now

အိပ်ရေးဝဝအိပ်ခြင်းကလည်း ကွီးတို့ရဲ့ အာရုံစူးစိုက်မှု ကို တိုးတက်ကောင်းမွန် လာစေမဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။ ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီခန့် အိပ်ချိန်ရှိသင့်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းမရှိလျှင် တစ်နေ့တာ လုပ်ငန်းခွင်မှာ မလန်းဆန်းဘဲ ဘယ်အရာကိုမှ အာရုံစူးစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အိပ်ရေးမဝဘဲ လုပ်ငန်းခွင်မှာ အိပ်ငိုက်နေလျှင် အလုပ်ကိုနှေးကွေးစေပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ပါ

Work Focus

Photo : YMCA of Central Texas

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကို နှိုးဆွပေးပြီး လန်းဆန်းနေစေပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်စွမ်းရည်နှင့် အာရုံစူးစိုက်မှု အားလုံးကို တိုးတက်ကောင်းမွန် စေပါတယ်။ ကွီးတို့ရဲ့ ကျန်းမာရေးအတွက်လည်း မဖြစ်မနေ လုပ်သင့်တာကြောင့် ကွီးတို့ရဲ့တစ်နေ့တာ အချိန်ထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ ထည့်သွင်းထားသင့်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်မှု ကို တိုးတက်ကောင်းမွန် လာစေမဲ့နည်းလမ်းကောင်းများ ပဲဖြစ်ပါတယ်။ အလုပ်လုပ်နေစဉ် အာရုံစူးစိုက်မှုကောင်းမွန်မှသာ ကွီးတို့လုပ်ငန်းတာဝန်တွေကို အချိန်မှီ ပြီးမြောက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

Source : Career Guide

Featured Photo : Men’s Life