တေးသီချင်းကောင်းများက ကွီးတို့ရဲ့ အလုပ်တာဝန်ကြောင့် ရတဲ့ ဖိအားများကို လျော့ချပေးနိုင်ပြီး အလုပ်မှာ ကောင်းကောင်း အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။ ၉၂ ရာခိုင်နှုန်းသော လူတွေက အလုပ်လုပ်နေရင်းနဲ့ အာရုံ မပျံလွှင့်ဖို့အတွက် သီချင်း နားထောင်လေ့ရှိကြပြီး ထိုကဲ့သို့ သီချင်း နားထောင်ခြင်းက သူတို့ရဲ့ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာစေတယ်လို့ ဖြေကြားထားကြပါတယ်။​

ကွီးတို့လည်း အာရုံ မပျံလွှင့်ဖို့အတွက် သီချင်း နားထောင်ရင်း အလုပ်လုပ်နိုင်ပါတယ်။​ အခုဖော်ပြမယ့် သီချင်းများကတော့ အလုပ်ခွင်အတွင်း အာရုံ စူးစိုက်မှု ရဖို့အတွက် လူအများနားထောင်ကြတဲ့ သီချင်း တွေပဲဖြစ်ပါတယ်။

(၁) Watermelon Sugar By Harry Styles

Source: Harry Styles

အလုပ်ခွင်အတွင်းမှာ နားထောင်မှုအများဆုံး နံပါတ် (၁) နေရာမှာ ချိတ်နေတဲ့ သီချင်းကတော့ Harry Styles ရဲ့ Watermelon Sugar သီချင်းပဲဖြစ်ပါတယ်။

(၂) Blinding Lights By The Weeknd

Source: The Weeknd

The Weeknd ရဲ့ Blinding Lights သီချင်းကတော့ လူကြိုက်အများဆုံး ဒုတိယနေရာမှာ ချိတ်နေပါတယ်။​ သီချင်းလေးရဲ့ စာသားများကလည်း အဓိပ္ပါယ်အပြည့်နဲ့ နားထောင်လို့ကောင်းပါတယ်။​

(၃) Counting Stars By One Republic

Source: OneRepublic

ဒီသီချင်းလေးကတော့ အချစ်အကြောင်း၊ ဘဝနဲ့ ကိုယ် ရွေးချယ်လိုက်တဲ့ ရွေးချယ်မှုတွေ အကြောင်း စပ်ဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​ ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို ဝယ်ယူလို့ မရဘူးဆိုတာကိုလည်း ဒီသီချင်းထဲမှာ စပ်ဆိုထားပါတယ်။

(၄) Sunflower By Post Malone & Swae Lee

Source: Post Malone

လူတစ်ယောက်ကို ချစ်တဲ့အခါ သူ့ကို Support လုပ်ပေးပြီး သစ္စာစောင့်သိခြင်းနှင့် နွေးထွေးမှုတို့က အနောက်ကနေ ကပ်ပါလာတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

(၅) Umbrella By Rhianna & Jay-Z

Source: Rhianna

Rhianna နဲ့ Jay-Z တို့ သီဆိုထားတဲ့ Umbrella သီချင်းကတော့ ထွက်ရှိခဲ့တာ နှစ်အတော်ကြာနေပေမယ့် ယနေ့အချိန်အထိ လူကြိုက်များနေဆဲ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ နံပါတ် (၅) နေရာမှာ ချိတ်ပါတယ်။

(၆) Ghost By Justin Bieber

Source: Justin Bieber

သီချင်းလေးက မြူးမြူးကြွကြွလေးဆိုပေမယ့် သီချင်းရဲ့ အဓိပ္ပါယ်ကတော့ တကယ့်ကို ကြေကွဲဖွယ်အတိပါပဲ။ ကွီးတို့က အလုပ်လုပ်နေရင်း တီးလုံးကိုပဲ နားထောင်မယ်ဆိုရင်တော့ နားထောင်သင့်တဲ့ သီချင်းတစ်ပုဒ်ပါ။

လူတစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်းတော့ မတူကြပါဘူး။ အချို့အတွက် အာရုံ စူးစိုက်နိုင်ဖို့ဆိုရင် သံစဥ်အေးအေး သီချင်း တွေကသာ ထိရောက်မှုရှိပြီး အချို့အတွက်တော့ မြူးမြူးကြွကြွ တေးသီချင်းများကသာ ထိရောက်မှု ရှိပါတယ်။

ကွီးတို့ရော အခုဖော်ပြပေးသွားတဲ့ တေးသီချင်းတွေက အလုပ်မှာ အာရုံစူးစိုက်နိုင်ဖို့အတွက် ကူညီပေးနိုင်တယ်ဆိုတာကို ယုံပါသလား။ ကွီးတို့ရော အလုပ်လုပ်နေစဥ်မှာ ဘယ်လိုသီချင်းမျိုးကို နားထောင်လေ့ရှိပါသလဲ။

Source: Easyoffices

Featured Image: Freepik