ချစ်သူ မောင်နှံ နှစ်ဦးပေါင်းစပ်ကြတဲ့ ကျက်သရေရှိလှတဲ့ မင်္ဂလာပွဲပြီးရင် ထွက်ကြတဲ့ Honeymoon ကလည်း မောင်နှံနှစ်ဖော် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ Honeymoon တစ်ခုထွက်မယ်ဆိုရင် ကွီးတို့ မောင်နှံဟာ အစောကြီးကတည်းက အစစအရာရာကို ကြိုတင်ပြင်ဆင်မှု လုပ်ထားရပါမယ်။ ဒါမှသာ တစ်သက်တာ မမေ့နိုင်တဲ့ ပျော်ရွှင်ကြည်နူးစရာ နဲ့ အတိပြီးတဲ့ Honeymoonလေးကို ပိုင်ဆိုင်နိုင်မှာပါ။ Honeymoon ထွက်မယ်ဆိုရင် အရေးကြီးဆုံးက ထွက်မဲ့နေရာပါပဲ။ ကွီးတို့ ဇနီးလောင်းလေးက ပြည်ပကို Honeymoon သွားချင်တယ်လို့ ဆိုလာခဲ့ရင် အထောက်အကူဖြစ်စေဖို့ အာရှမှာ ကြင်စဦး ဇနီးမောင်နှံတို့အတွက် Honeymoon ထွက်ဖို့ အကောင်းဆုံးနေရာများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) စင်ကာပူ

အာရှမှာ Honeymoon ထွက်ဖို့

Photo : UnderTheStars Photography

စင်ကာပူက ကွီးတို့ ကြင်စဦး ဇနီးမောင်နှံတို့ အတွက် အာရှမှာ ဆိုရင် Honeymoon ထွက်ဖို့ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်ပါတယ်။ စင်ကာပူမှာ ကမ်းခြေတွေ၊ ခေတ်မှီ စျေးဝယ် စင်တာတွေ၊ Night Views တွေက ကွီးတို့ ဇနီးမောင်နှံကို စိတ်လှုပ်ရှားမှုတွေ ပေးမှာပါ။ ထို့အပြင် နိုင်ငံပေါင်းစုံက အစားအစာများလည်း ရနိုင်တာကြောင့် ကွီးတို့ ဇနီးလေးကို ပျော်ရွှင်ကျေနပ်စေမှာပါ။  စင်ကာပူမှာ လည်ပတ်စရာနေရာများစွာရှိတဲ့အတွက် ကွီးရဲ့အသစ်စက်စက် ဇနီးလေးနဲ့ ပျော်ရွှင် တတ်ကြွတဲ့ အချစ်ဇာတ်လမ်းလေးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၂) ချင်းမိုင် (ထိုင်း)

အာရှမှာ Honeymoon ထွက်ဖို့

Photo : Flytographer

ကွီးတို့က Honeymoon ခရီးကို နီးနီးနားနားပဲ သွားချင်တယ်ဆိုရင် ထိုင်းနိုင်ငံက ချင်းမိုင်ကိုသာ ရွေးချယ်လိုက်ပါ။ ချင်းမိုင်က တောင်ခြေမှာ ရှိတဲ့ မြို့ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် တတ်ကြွတဲ့ ပွဲတော်များ၊ ဘုရားစေတီများ၊ လှပတဲ့ Night Markets များကြောင့် စည်ကားလှပြီး ကြင်စဦး ဇနီး မောင်နှံအတွက် အရောင်အသွေးစုံလင်လှတဲ့ ခံစားမှုပေးစွမ်းမှာပါ။ ဒါ့အပြင် ရှုးရှုးရှဲရှဲ ထိုင်းအစားအစာများကိုလည်း မြည်းစမ်းလို့ ရပါသေးတယ်။

(၃) ဘာလီ ( အင်ဒိုနီးရှား)

beach

Photo : Bali Indonesia

အင်ဒိုနီးရှားမှာ Honeymoon ခရီး ထွက်ဖို့ နေရာတွေ အများကြီးရှိပေမဲ့ အကောင်းဆုံးနေရာကတော့ ဘာလီပဲဖြစ်ပါတယ်။ ကွီးတို့ ဇနီးလေးက ပြည်ပကိုလည်း Honeymoon ထွက်ချင်တယ်၊ ဒါပေမဲ့ ကမ်းခြေမှ ကမ်းခြေ ဖြစ်နေတယ်ဆို ကွီးတို့ သိပ်မစဉ်းစားပါနဲ့ ဘာလီ ကိုသာရွေးချယ်လိုက်ပါ။ အရမ်းကို လှပတဲ့ အင်ဒိုနီးရှား ဘာလီကျွန်းကလေးက ကွီးတို့ရဲ့ အသစ်စက်စက် ဇနီးလေးနဲ့ ခိုင်မာတဲ့ချစ်ကြိုးတွေ သယ်ဖို့ အကောင်းဆုံးနေရာလေးပါ။

(၄) ဂျပန်

beach

Photo : Travel Triangle Blog

ကွီးတို့ရဲ့ ပျားရည်စမ်းခရီးကို ယဉ်ကျေးမှု တစ်ခုလေ့လာရင်းနဲ့ ကုန်ဆုံးချင်တယ်ဆိုရင် ဂျပန်ကိုရွေးချယ်လိုက်ပါ။ ဂျပန်က အာရှမှာ ကြင်စဦး ဇနီးမောင်နှံတွေ Honeymoon ထွက်ဖို့ကောင်းတဲ့ စိတ်ကူးယဉ်ပြီး လှပတဲ့ချယ်ရီမြေ ဖြစ်ပါတယ်။ ကွီးတို့ ဇနီးမောင်နှံကို ရှေးဟောင်း ယဉ်ကျေးမှုများနဲ့ ဓလေ့ထုံးတမ်းများ ရောယှက်ထားတဲ့ အတွေ့အကြုံတွေ ၊ ချို့ယွင်းချက်မရှိတဲ့ ဧည့်ဝတ်ကျေပြွန်မှုတွေ၊ ကမ္ဘာ့အဆင့်မီ ဟင်းလျာတွေက ကွီးတို့ Honeymoon ခရီးကို ပိုမိုပြည့်စုံစေမှာပါ။ ထို့အပြင် ဂျပန်နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ဖူဂျီတောင်ကို သွားလည်လို့ရတဲ့ အပြင် ဂျပန်ရိုးရာ ဝတ်စုံဆင်တူဝတ်ပြီး ကွီးတို့ ကြင်စဦး မောင်နှံတွေရဲ့  ခြေရာတွေကို ဂျပန်လမ်းမထပ်ပေါ် ချန်ထားခဲ့လိုက်ပါ။

အခု ဖော်ပြပေးလိုက်တာကတော့ ကြင်စဦး ဇနီးမောင်နှံတို့အတွက် အာရှမှာ Honeymoon ထွက်ဖို့ အကောင်းဆုံးနေရာများ ပဲဖြစ်ပါတယ်။ မကြာခင်မှာ မင်္ဂလာပွဲ ဆင်နွှဲဖို့ရှိတဲ့ ကွီးတို့လည်း Honeymoon အတွက် နေရာရွေးထားလိုက်တော့နော်။

Source : Travel Triangle Blog

Featured Photo : Experience