ကွီးတို့ရေ တစ်သတ်တာမှ တစ်ခါသာ ဆောင်ရတဲ့ မင်္ဂလာပွဲမှာ မင်္ဂလာမောင်နှံအတွက် Honeymoon ကလည်း တကယ်ကို အရေးပါတဲ့ ကဏ္ဍတစ်ခုပါ။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ Honeymoon တစ်ခုဖြစ်ဖို့ နေရာရွေးချယ်ရတာ၊ ပြင်ဆင်ရတာတွေက မင်္ဂလာမောင်နှံအတွက် အခက်ဆုံးအပိုင်း ဖြစ်ပါလိမ့်မယ်။ သာယာပျော်ရွှင်တဲ့ Honeymoon ဖြစ်ဖို့အတွက် စနစ်တကျပြင်ဆင်ရမယ့် အပိုင်းတွေ လိုက်နာရမယ့် အချက်တွေရှိပါတယ်။ ဒါကြောင့် ကွီးတို့ တစ်သတ်တာလုံး နောင်တမရစေဘဲ ပြီးပြည့်စုံတဲ့ Honeymoon ဖြစ်ဖို့အတွက် သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Budget တစ်ခု သတ်မှတ်ပါ

Honeymoon ဖြစ်ဖို့အတွက်

Photo : Daily Herald

ပြီးပြည့်စုံတဲ့ Honeymoon ဖြစ်ဖို့အတွက် ပထမဆုံး အရေးကြီးဆုံးကတော့ ကွီးတို့ ဒီ Honeymoon အပေါ်မှာ ငွေဘယ်လောက်သုံးမယ် ဆိုတာပါပဲ။ ကွီးနဲ့ ကွီးရဲ့ သတို့သမီးလောင်းတို့ မျက်နှာချင်းဆိုင်ပြီး ငွေကြေး ဘယ်လောက်သုံးမလဲဆိုတာ သေချာအချိန်ယူဆုံးဖြတ်ပါ။ ဒါမှသာ ကွီးတို့သုံးစွဲမယ့် ငွေကြေးပေါ်မူတည်ပြီး သွားမယ့်နေရာ၊ ဘယ်လိုအပန်းဖြေ လှုပ်ရှားမှုတွေလုပ်မယ်၊ ရက်သတ္တပတ် ဘယ်လောက်ထိသွားမလဲဆိုတာ ဆက်လက်ဆုံးဖြတ်နိုင်မှာပါ။

(၂) ခရီး အရှည်ကို သတ်မှတ်ပါ

Honeymoon ဖြစ်ဖို့အတွက်

Photo : Follow Me Away

ကွီးတို့အနေနဲ့ ပြီးပြည့်စုံတဲ့ Honeymoon ဖြစ်ဖို့အတွက် Honeymoon သွားမယ့် ခရီးနဲ့ကြာချိန်ကလည်း အရေးကြီးပါတယ်။ ကွီးတို့ အားလပ်ရက် ၅ ရက်လောက်ရရင် အကောင်းဆုံးပါ။ ပြည်တွင်း ခရီးကို သွားဖို့နဲ့ အိမ်နီးချင်း နိုင်ငံတွေအထိသွားဖို့ လုံလောက်ပါတယ်။ တကယ်လို့ နှစ်ပတ် သုံးပတ်လောက် အချိန်ရပါက ပိုပြီးဝေးတဲ့ နိုင်ငံတွေကိုသွားနိုင်သလို ထူးခြားလှတဲ့ ဒေသဆိုင်ရာ လှုပ်ရှားမှုတွေလုပ်ဖို့လည်း အချိန်လုံလောက်ပါတယ်။ ထို့အပြင် ကွီးတို့ရဲ့ အသစ်စက်စက် ဇနီးလေးနဲ့အတူ နေရာအသစ် အတွေ့အကြုံအသစ်တွေကို ဖြတ်သန်းရတာလည်း တစ်မျိုး စိတ်လှုပ်ရှားဖို့ကောင်းစေမှာပါ။

(၃) Honeymoon Theme တစ်ခုရွေးပါ

Honeymoon ဖြစ်ဖို့အတွက်

Photo : Welgrow Travel‌s

ကွီးတို့အနေနဲ့ ကွီးတို့ရဲ့ Honeymoon ကို ပြာလဲ့လဲ့ ကောင်းကင်အောက်က အုန်းပင်တွေ စီထားတဲ့ ကမ်းခြေများမှာ ဖြတ်သန်းချင်ပါသလား။ ဒါမဟုတ် ပန်းတွေအရောင်အသွေးစုံလင်တဲ့ အေးချမ်းလှတဲ့ တောင်ပေါ်ဒေသမှာ အနားယူချင်ပါသလား။ ဒါမဟုတ် ပြည်ပခရီးထွက်ပြီး အတွေ့အကြုံအသစ်တွေ အရသာရှိတဲ့ စားသောက်စရာတွေကို ကွီးတို့ရဲ့ အသစ်စက်စက် ဇနီးချောလေးနဲ့အတူ မြည်းစမ်းကြည့်ချင်ပါသလား။ ဒီအချက်လေးကလည်း ပြီးပြည့်စုံတဲ့ Honeymoon ဖြစ်ဖို့အတွက် အကူအညီပေးပါလိမ့်မယ်။

(၄) ရာသီဥတု နဲ့ အခြေအနေကိုလေ့လာပါ

couple

Photo : Saratoga Arms

ကွီးတို့ရဲ့ Honeymoon ကိုပြီးပြည့်စုံဖို့ အတွက် ကွီးတို့သွားမဲ့ ဒေသရဲ့ ရာသီဥတု ကိုအရင် သိအောင်လုပ်ထား သင့်ပါတယ်။ အရမ်းအေးလွန်း၊ အရမ်းပူလွန်းတဲ့နေရာဒေသတွေကို ရှောင်ပါ။ သာယာလှပတဲ့ ရာသီဥတုကလည်း ကွီးတို့ရဲ့ လှပတဲ့ ပျားရည်ဆမ်းခရီးကို ပိုမိုချိုမြိန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ သွားမယ့်နေရာ ဒေသရဲ့ လက်ရှိ အခြေအနေကိုလည်း လေ့လာထားရန် လိုအပ်ပါတယ်။ နေရာသစ်တစ်ခုကိုသွားမယ်ဆိုရင် ဘယ်လိုခရီးစဉ်မျိုးပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံဖိုက အဓိကပါပဲ။

(၅) အခြေခံ လိုအပ်ချက်လေးများကို စီစဉ်ပါ

couple

Photo : iStock

နောက်ဆုံးအနေနဲ့ ကွီးတို့ Honeymoon အတွက် လိုအပ်တဲ့ ဝန်ဆောင်မှု ပေးနိုင်တဲ့နေရာများကို ရှာဖွေပါ။ ကွီးတို့လိုချင်တဲ့ ဝန်ဆောင်မှုတွေကို စာရင်းချရေးထားပြီး ရွေးချယ်မှုများကို စတင်ပါ။ ဥပမာ ကွီးတို့ရဲ့အသစ်စက်စက် ဇနီးချောလေးက ရေကူးကန်အကြီးကြီး မှာ အပန်းဖြေချင်တယ်ဆိုရင် ရေကူးကန်ပါတဲ့ ဟိုတယ်ကိုကြိုတင် Booking လုပ်ထားပါ။ နောက် အစားအစာ တည်ခင်းမှု၊ ကားပါကင်ကျယ်ဝန်းတာ၊ ကြိုပို့ဝန်ဆောင်မှု၊ စတဲ့ အသေးစိတ် လိုအပ်ချက်လေးများကိုပါ သေချာအောင် စီစဉ်ထားပါ။ ထိုသို့ စီစဉ်ထားခြင်းဖြင့် ကွီးတို့ရဲ့ Honeymoon ခရီးမှာ ဘာမှစိတ်အနှောင့်အယှက် မဖြစ်စေဘဲ ပျော်ရွင်သာယာမှု အပြည့်အဝခံစားရမှာ ဖြစ်ပါတယ်။

ယခုဖော်ပြ ပေးလိုက်တဲ့အချက်လေးတွေကတော့ ပြီးပြည့်စုံတဲ့ Honeymoon ဖြစ်ဖို့အတွက် သိထားသင့်တဲ့အချက်များ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် ကွီးတို့ရဲ့ Honeymoon ကို သာယာပျော်ရွှင်ပြီး တစ်သတ်တာ အမှတ်တရဖြစ်စေဖို့ အထောက် အကူပြုပါလိမ့်မယ်။

Source : Traveler’s Joy

Featured Photo : Travel