အကြောင်းအမျိုးမျိုးကြောင့် အာရှ နိုင်ငံ များသို့ ခရီးထွက်ဖို့ပဲ ပြင်ပြင်၊ အလုပ်လုပ်ဖို့ပဲ ပြင်ပြင်၊ ပြောင်းရွေ့ နေထိုင်ဖို့ပဲ ပြင်ပြင် ထည့်သွင်းစဥ်းစားရမယ့် အချက်များ အများကြီး ရှိပါတယ်။ အာရှ နိုင်ငံ များဆီ သွားရောက်တဲ့အခါမှာလည်း ဘယ်နိုင်ငံက နေလို့အကောင်းဆုံးလဲ၊ ဘယ်နိုင်ငံက ခရီးသွားလာလို့ အကောင်းဆုံးလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

အခုဖော်ပြမယ့် နိုင်ငံများကတော့ အာရှ နိုင်ငံ များထဲတွင် နေလို့ အကောင်းဆုံး နိုင်ငံ (၁၂) နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံများကို အဆင့်အလိုက် တိုင်းတာရာတွင် လူ့အစွမ်းအား အရင်းအမြစ် တိုးတက်မှု တိုင်းတာချက်၊ စီးပွားရေး တိုးတက်မှုနဲ့ အစိုးရ ဖွဲ့စည်းမှုနှင့် ဝန်ဆောင်မှု စတဲ့ အချက် (၃) ချက်အပေါ် တိုင်းတာထားတာပဲ ဖြစ်ပါတယ်။

(၁၂) ဗီယက်နမ်

countries to live in Asia

ဗီယက်နမ်နိုင်ငံကတော့ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ပါဝင်ပြီး နေလို့ အကောင်းဆုံး အာရှ နိုင်ငများအနက် နံပါတ် (၁၂) နေရာမှ တည်ရှိနေတာပဲ ဖြစ်ပါတယ်။

(၁၁) ဘူတန်

countries to live in Asia

တိုင်းတာချက်များအရ ဘူတန်နိုင်ငံကတော့ နေလို့အကောင်းဆုံး နံပါတ် (၁၁) နေရာမှာ တည်ရှိပါတယ်။ သူ့ရဲ့ လူ့စွမ်းအား အရင်းအမြစ်အတွက် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေ ဥပမာ ကျန်းမာရေး၊ လူနေမှု ဘဝ ပုံစံတို့သည် အကောင်းစားကြီးတော့ မဟုတ်ပေမယ့် နေပျော်ပါတယ်။

(၁၀) ဆော်ဒီအာရေဘီးယား

countries to live in Asia

ကွာလတီအကောင်းဆုံး အာရှနိုင်ငံများရဲ့ နံပါတ် (၁၀) နေရာမှတော့ ဆော်ဒီအာရေဘီးယားနိုင်ငံက တည်ရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ တိုင်းတာချက်အရ သူ့ရဲ့ အစိုးရ ဖွဲ့စည်းမှုနဲ့ ဝန်ဆောင်မှုက ၇၀.၇၅ ရာခိုင်နှုန်းတောင် တည်ရှိပါတယ်။

(၉) အင်ဒိုနီးရှား

countries to live in Asia

နံပါတ် (၉) နေရာမှာ ရောက်ရှိနေတာကတော့ အင်ဒိုနီးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ သူ့မှာတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေက ၆၄.၇၆ ရာခိုင်နှုန်းအထိ တိုးတက်နေပါတယ်။

(၈) Bahrain

countries to live in Asia

ဒီနိုင်ငံကိုတော့ ကွီးတို့ သိပ် ကြားဖူးကြမှာ မဟုတ်ပါဘူး။ အနောက်အာရှမှာ တည်ရှိတဲ့ ကျွန်းနိုင်ငံ တစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ပါရှားပင်လယ်ကွေ့မှာ တည်ရှိပြီး သဘာဝ ကျွန်းပေါင်း ၅၀ ကျော်နဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံကတော့ အာရှနိုင်ငံများအနက် နေလို့အကောင်းဆုံး နံပါတ် (၈) နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

(၇) မလေးရှား

countries to live in Asia

မလေးရှားနိုင်ငံကတော့ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့ ကမ်းခြေများ၊ မိုးသစ်တောများကြောင့် နာမည်ကြီးတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံထဲမှာတင် မလေး၊ တရုတ်၊ အိန္ဒိယနှင့် ဥရောပ ယဥ်ကျေးမှုများအားလုံး ရောယှက်နေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒီနိုင်ငံကတော့ နေလို့အကောင်းဆုံး နံပါတ် (၇) နေရာမှာ ချိတ်ဆွဲနေပါတယ်။

(၆) ကာတာ

အာရှ နိုင်ငံ

ကာတာကတော့ အရှေ့ အလယ်ပိုင်းနှင့် အနောက်အာရှတို့အကြား တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ သူ့ရဲ့ အစိုးရ ဖွဲ့စည်းပုံနဲ့ ဝန်ဆောင်မှုက ၈၂.၅၅ ရာခိုင်နှုန်းအထိ ရာခိုင်နှုန်း မြင့်နေပြီး အလုပ် လုပ်လို့ကောင်းတဲ့ နိုင်ငံ တစ်နိုင်ငံပဲ ဖြစ်ပါတယ်။

(၅) ဘရူနိုင်း

အာရှ နိုင်ငံ

နံပါတ် (၅) နေရာမှာ ရပ်တည်နေတာကတော့ ဘရူနိုင်း နိုင်ငံဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် တိုင်းတာချက်များအရ စီးပွားရေး အညွှန်းပြကိန်းက ၆၅.၇၀ ရာခိုင်နှုန်း ရှိနေတာပဲ ဖြစ်ပါတယ်။

(၄) United Arab Emirates

အာရှ နိုင်ငံ

နံပါတ် (၄) နေရာမှာ ချိတ်တာကတော့ United Arab Emirates ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေး အညွန်းပြကိန်းကတော့ ၈၈.၆၈ ရာခိုင်နှုန်း ရှိပါတယ်။

(၃) တောင်ကိုရီးယား

အာရှ နိုင်ငံ

တောင်ကိုရီးယား နိုင်ငံကတော့ နံပါတ် (၃) နေရာမှာ ချိတ်နေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေးကတော့ UAE နိုင်ငံထက် ၁၀ ရာခိုင်နှုန်းခန့် နည်းနေပမယ့် အစိုးရ ဖွဲ့စည်း ဝန်ဆောင်မှုကကျတော့ ၉၀.၀၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။

(၂) ဂျပန်

အာရှ နိုင်ငံ

ဒုတိယ နေလို့ အကောင်းဆုံး အာရှနိုင်ငံတစ်ခုကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခြေချဖို့ပဲဖြစ်ဖြစ် ၊ အလုပ်လုပ်ကိုင်ဖို့ပဲဖြစ်ဖြစ် ကြံရွယ်နေတယ်ဆိုရင်တော့ ဒီနိုင်ငံလေးကိုလည်း ထည့်သွင်းစဥ်းစား သင့်ပါတယ်။

(၁) စင်ကာပူ

အာရှ နိုင်ငံ

စင်ကာပူနိုင်ငံကတော့ ပထမနေရာမှာ ချိတ်နေတဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့ ယာယီ သွားနေတာပဲဖြစ်ဖြစ် ၊ ပြောင်းရွေ့ အခြေချတာပဲဖြစ်ဖြစ် ပြုလုပ်မယ်ဆိုရင်တော့ ဒီနိုင်ငံကို ရွေးချယ်သင့်ပါတယ်။

ကွီးတို့ရော အာရှနိုင်ငံများထဲက ဘယ်နိုင်ငံကို ရွေးချယ်ထားဖို့ အစီအစဥ် ရှိပါသလဲ။

Source: Finance.yahoo.com

Featured Image: Gogaffl