အားကစား တစ်ခုခုကို စွဲစွဲလန်းလန်း ပြုလုပ်ဖူးပြီး တက်တူး ထိုးရတာကိုလည်း နှစ်သက်ခုံမင်ပါသလား။ အားကစား ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေပြီး တက်တူး ထိုးခြင်းကတော့ ကွီးတို့ရဲ့ ဖက်ရှင်ကို သစ်လွင် ဆန်းသစ်စေပါတယ်။ ထိုနှစ်ခုကို ပေါင်းစပ်ပြီး အားကစား နဲ့ ပတ်သက်တဲ့ တက်တူး တစ်ခုခုကို မိမိခန္ဓာကိုယ်ပေါ်မှာ ရေးထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အိုင်ဒီယာများကို မှီငြမ်းနိုင်ပါတယ်။

ဒီတက်တူးများကတော့ တက်တူးထိုးရတာ နှစ်သက်သူများသည် သူတို့ နှစ်သက်တဲ့ အားကစားတစ်မျိုးမျိုးကို သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားတာပဲ ဖြစ်ပါတယ်။

လက်ဖျံ ပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးများ

အားကစား တက်တူး

ဒီတက်တူးလေးကတော့ လက်ဖျံအတွင်းပိုင်းမှာ ရေးထိုးထားတာ ဖြစ်ပါတယ်။ ဘတ်စကက်ဘော ကစားနေပုံကို ရေးထိုးထားတဲ့ အမိုက်စား တက်တူးဒီဇိုင်း ဖြစ်ပါတယ်။

အားကစား တက်တူး

ဒီအားကစားကတော့ ရေခဲများ ဖုံးလွှမ်းနေတဲ့ တောင်တန်းပေါ်မှာ နှင်းလျှောစီး အားကစားကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အားကစား တက်တူး

ကားပြိုင်ပွဲ အားကစားမျိုးကို နှစ်သက်ပါသလား။ ဒါဆိုရင်တော့ ဒီတက်တူးလေးကို ရွေးချယ်ကာ ရေးထိုးနိုင်ပါတယ်။

လက်မောင်းပေါ်တွင် ရေးထိုးနိုင်တဲ့ တက်တူးများ

အားကစား တက်တူး

လက်မောင်းနေရာကတော့ ကြွက်သားနဲ့ အသားများတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် တက်တူးထိုးလို့ အကောင်းဆုံး နေရာတစ်ခုပဲဖြစ်ပါတယ်။ ပုံထဲမှာကတော့ ငါးမျှားနေကြတာပဲ ဖြစ်ပါတယ်။

အားကစား တက်တူး

ဒီတက်တူးလေးကလည်း ဒီဇိုင်းဆန်းပြီး လူကြိုက်များတဲ့ တက်တူးဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

ဘောလုံး တက်တူး

tattoos

ဒီအားကစားကတော့ ဘောလုံးချစ်သူများအတွက် လက်မောင်းပေါ်တွင် ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဘောလုံး အားကစားဖိနပ်နှင့် ဘောလုံးတို့ကို ပေါင်းစပ်ကာ ရေးထိုးထားတဲ့ ဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

အရောင်အသွေး စုံလင်တဲ့ တက်တူး ဒီဇီုင်း

tattoos

မိမိရဲ့ တက်တူး ဒီဇိုင်းကို အရောင်အသွေး စုံစုံလင်လင်နဲ့ ရေးထိုးချင်တယ်ဆိုရင်တော့ ဒီ ဒီဇိုင်းလေးက အသင့်တော်ဆုံးပါပဲ။

လက်ကောက်ဝတ်မှာ ရေးထိုးနိုင်တဲ့ ဒီဇိုင်း

tattoos

နှင်းလျှောစီး အားကစားကိုမှ နောက်ထပ် ဒီဇိုင်းတစ်မျိုးဖြင့် ရေးထိုင်းထားတာပဲ ဖြစ်ပါတယ်။ တက်တူး ဒီဇိုင်း ခပ်သေးသေးမျိုးကိုမှ ရေးထိုးချင်သူများအတွက် အသင့်တော်ဆုံး ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

ရင်အုပ်ပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

tattoos

လက်ဝှေ့အားကစားကို နှစ်သက်သူများအတွက် ချစ်ဖို့ကောင်းတဲ့ တက်တူးဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီတက်တူးဒီဇိုင်းမျိုးကိုတော့ ရင်အုပ်ပေါ်မှာ ရေးထိုးနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ တက်တူးဒီဇိုင်းလေးတွကတော့ လတ်တလောမှာ ရေပန်းစား လူကြိုက်များနေတဲ့ ဒီဇိုင်းများပဲ ဖြစ်ပါတယ်။

Source: Nextluxury