အားကစားလုပ်သူတွေ ကြုံတတ်တဲ့ ပြဿနာတစ်ခုက တချို့ရက်တွေမှာ အားကစားလုပ်လို့ မကောင်းပြီး ပင်ပန်းနုံးချိလွယ်တာ ဖြစ်ပါတယ်။ ဒါကိုပဲ သက်လုံကျသွားတယ်လို့ ပြောကြတာပါ။ သက်လုံ တစ်နည်းအားဖြင့် တောင့်ခံနိုင်စွမ်းဆိုတာ လူရဲ့ နေထိုင်မှုပုံစံပေါ် လိုက်ပြီး အတက်အကျရှိပါတယ်။ အခုပြောမယ့် နည်းလေးတွေကို ပုံမှန်လိုက်နာမယ်ဆိုရင် အမော အပန်းဒဏ်ခံနိုင်ပြီး အားကစား လုပ်ရတာ ပိုပြီး ထိရောက်မှုရှိလာနိုင်ပါတယ်။

(၁) အာဟာရမျှတတဲ့ Diet စားပါ

Diet

Photo : Pexels

အစားအသောက်ဆိုတာ လူအတွက် လောင်စာတစ်မျိုးပါပဲ။ အာဟာရပြည့်ဝစုံလင်တဲ့ Diet ဟာ အားကစားလုပ်သူတွေအတွက် စွမ်းအင်အပြင် သက်လုံလည်း မြင့်မားစေပါတယ်။ သက်လုံပိုကောင်းဖို့ဆို အဆီနည်းပြီး ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ Diet တွေ စားပေးဖို့ လိုပါတယ်။

(၂) ကိုယ်နှစ်သက်တဲ့ Workouts တွေ ရွေးချယ်ပါ

Run

Photo : Pexels

အားကစားလုပ်တယ်ဆိုတာကလည်း ရုံးအလုပ်လုပ်ရသလိုပဲ ဖြစ်ပါတယ်။ Gym ကစားနည်းတွေထဲကမှ ကိုယ်အားအရဆုံး Workout ကို ရွေးပြီး အားကစားလုပ်တာဟာ မောလို့မောမှန်းမသိဘဲ ပိုလို့လည်း ကြာကြာ အားကစားလုပ်ဖြစ်စေပါတယ်။ လုပ်ရတာလည်း ပျော်ပြီး ထိရောက်မှုလည်း မြင့်ပါတယ်။

(၃) များများအနားယူပါ

Sleep

Photo : Pexels

Gym မှာ အားနဲ့ မာန်နဲ့ ကစားနိုင်သူတွေဟာ အိမ်မှာ ကောင်းကောင်း အနားရလာလို့လည်း ဖြစ်နိုင်ပါတယ်။ အနားကောင်းကောင်းရခြင်းဟာ လူရဲ့ အမောအပန်းသက်လုံအတွက်ပါ အကျိုးများတာ သေချာပါတယ်။ ဒါကြောင့် Gym ကစားမယ်ဆိုရင် တစ်ရက် ၈ နာရီ ရအောင် အိပ်ဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။

(၄) ကော်ဖီတစ်ခွက် သောက်ပါ

Coffee

Photo : Pexels

အားကစားမလုပ်ခင် နာရီဝက် ၁ နာရီလောက် ကြိုပြီး ကော်ဖီတစ်ခွက်သောက်တာဟာ Workout ကစားရာမှာ ပိုပြီး အားကစားလုပ်နိုင်စေပါတယ်။ ကော်ဖီဟာ မြန်နှုန်း ၊ အဆီလောင်ကျွမ်းမှု နဲ့ အာရုံစိုက်မှုကို လှုံ့ဆော်ပေးနိုင်စွမ်း မြင့်လို့ ဖြစ်ပါတယ်။

(၅) သူငယ်ချင်းတစ်ယောက်နဲ့အတူ ကစားပါ

Gym

Photo : Pexels

တစ်ယောက်တည်း Workout လုပ်တာထက် သူငယ်ချင်းနဲ့အတူ အားကစားလုပ်တာက Motivation ပိုတက်ပြီး အမောအပန်းလည်း ခံနိုင်စွမ်း ပိုရှိလာပါတယ်။ နှစ်ယောက်အပြိုင် Workout လုပ်တာ ဖြစ်လို့ မခံချင်စိတ်နဲ့ ပုံမှန်ထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် တွန်းလုပ်ဖြစ်ရာကနေ သက်လုံပိုတက်လာစေနိုင်ပါတယ်။

Featured Photo : vidafitness