Weight ကစားမယ် , Muscle တက်ပြီး ကယ်လိုရီလောင်ကျွမ်းစေဖို့ ဆိုရင် Kettlebells လေးတော့ ဆောင်ထားဖို့ လိုလာပါတယ်။ Kettlebells ကလည်း ကစားမယ့် Workout ပေါ်လိုက်ပြီး မှန်ကန်တဲ့ ဝိတ်အလေးချိန် ရွေးချယ်ဖို့ လိုပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းအလိုက် အကောင်းဆုံး Kettlebell Weight ရွေးချယ်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Deadlift

deadlift

Photo: T- Nation

Deadlift ကစားမယ်ဆိုရင် Kettlebell Weight ကို ၃၂ ကီလိုဂရမ် ဒါမှမဟုတ် ပေါင် ၇၀ ကနေ စပြီး ရွေးချယ်သင့်ပါတယ်။

(၂) Double-arm Swing

double arm swing kettlebell

Photo: barbend

Double-arm Swing ကစားတာက High-Speed Deadlift မ,တာ ဖြစ်ပါတယ်။ ဒါကြောင့် Deadlift ထက် ပိုဝိတ်ပေါ့တဲ့ ၁၆ ကီလိုဂရမ် / ၃၅ ပေါင်ကနေ စပြီး ရွေးချယ်သင့်ပါတယ်။

(၃) Single-arm Swing

Single-arm Swing kettlebell

Photo : Tom’s Guide

Single-arm Swing လေ့ကျင့်ခန်းကတော့ Double-arm Swing ထက် ပိုပေါ့တဲ့ Kettlebell မျိုး ရွေးချယ်ရမှာပါ။ ပျမ်းမျှ ဝိတ်အလေးချိန်ဟာ ၁၂ ကီလိုဂရမ် / ၂၆ ပေါင် ဒါမှမဟုတ် ၁၆ ကီလိုဂရမ် / ၄၄ ပေါင် ရှိဖို့ လိုပါတယ်။

(၄) Goblet Squat

goblet squat with kettlebell

Photo: mensxp

Goblet Squat ကစားတဲ့ ပေါ် မူတည်ပြီး Kettlebell ဝိတ် အပြောင်းအလဲ ရှိပါတယ်။ အရိုးအဆစ် ပျော့ပြောင်းဖို့ Mobility Exercise အနေနဲ့ဆို Goblet Squat ကစားမယ့် အမျိုးသားအများစုဟာ ၂၄ ကီလိုဂရမ်/၅၃ ပေါင်နဲ့ အဆင်ပြေပြီး ကြံ့ခိုင်ရေးအတွက် Strength Training ကစားရာမှာ ၃၂ ကီလိုဂရမ် / ပေါင် ၇၀ ဝိတ်တုံးမျိုး ရွေးချယ်သင့်ပါတယ်။

(၅) Push Press

Push Press with kettlebell

Photo : hylete

Push Press ကစားမယ်ဆိုရင် ပုံမှန် ၁၆ ကီလိုဂရမ်/၃၅ ပေါင် ကနေ ၂၀ ကီလိုဂရမ် / ၄၄ ပေါင် ဝိတ်ဆို ရပါတယ်။

Featured Photo : Tom’s Guide