ကွီးတို့ အားလပ်ရက်တွေမှာ ဘာတွေလုပ်လေ့ရှိပါသလဲ။ အားလပ်ရက်တွေကို ကိုယ်တိုင်ကိုယ်ကျ အသုံးဝင်တဲ့ ပစ္စည်းလေးတွေ တီထွင်ဖန်တီးကြည့်ချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ DIY လေးတွေ လုပ်ကြည့်တာ စိတ်ကူးကောင်းပါပဲ။ ဒီနေ့မှာတော့ အားတဲ့အချိန်မှာ ကြောင်ပျောက် ပြီး ပျင်းနေတဲ့ ကွီးတို့အတွက် DIY အိုင်ဒီယာကောင်းလေးတွေ ကိုဝေမျှပေးမှာ ဖြစ်ပါတယ်။

DIY ပစ္စည်းလေးတွေကို ပြုလုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်သာမက အာရုံစူးစိုက်မှုကိုလည်း ကောင်းစေပါတယ်။ ဒီလို တစ်ခုခုကို စိတ်ပါဝင်စားစွာ လုပ်နေခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးရာလည်း ရောက်ပါတယ်။

DIY Toy car

Source : Toy Train Time

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တဲ့ DIY အိုင်ဒီယာလေးကတော့ ရွေ့လျားနိုင်တဲ့ ကစားစရာကားလေး တည်ဆောက်ခြင်းပါပဲ။ ဒီကားလေးက လုပ်ရတာ မြန်ဆန်လွယ်ကူပြီး ပျော်စရာကောင်းပါတယ်။ ဒါ့အပြင် ဒီကားလေးကို ဖန်တီးတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းအားလုံးကို ပြန်လည်အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်နိုင်တာကြောင့် ကုန်ကျစရိတ်လည်း မရှိသလောက်ပါပဲ။ ကားရဲ့ ကိုယ်ထည်အတွက် ‌သစ်သားချောင်းလေးတွေ၊ ဘီးအတွက် ပလက်စတစ် အဖုံးလေးများ၊ ပိုက်ချောင်းတစ်ချောင်း၊ သားရေကွင်းများ၊ ကပ်ဖို့အတွက် ကော်နဲ့ ဘက်ထရီ စတာလေးတွေပဲ လိုပါတယ်။ ကားကို တည်ငြိမ်စေရန်အတွက် အလေးချိန်ထည့်ဖို့ လိုတာကြောင့် ဘက်ထရီ အသေးနှစ်ခု ထည့်ဖို့လိုပါတယ်။ ဘက်ထရီကလည်း အသုံးပြုပြီးသား ဘက်ထရီကို သုံးနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာကောင်းပြီး ကိုယ်စိတ်ကူးရှိသလောက် တီထွင်ဖန်တီးနိုင်ပါတယ်။ တူ၊ တူမလေးတွေ ရှိတဲ့ ကွီးတို့လည်း အားတဲ့အချိန်မှာ ဒီကားလေးတွေ ဖန်တီးပေးလိုက်ပါဦး။

သစ်သား စာအုပ်စင်

အားတဲ့အချိန်မှာ ကြောင်ပျောက်

Photo : Homedit

ကွီးတို့ဆီမှာ သစ်သား အပိုချပ်လေးများ ရှိပါသလား။ ဒါဆိုရင်တော့ လွယ်ကူတဲ့ သစ်သားစာအုပ်တင်စင်လေး ပြုလုပ်နိုင်ပါတယ်။ ဒီစာအုပ်တင်စင်လေး ပြုလုပ်ဖို့အတွက်

  • တူညီတဲ့ အရွယ်အစားရှိတဲ့ သစ်သားပြား နှစ်ပြား
  • ပေတံ၊ ခဲတံ (တိုင်းရန်အတွက်)
  • သစ်သားကပ်ကော်
  • Laser Wood Saw (ရိုးရိုး သစ်သားဖြတ်လွှကိုလည်း အသုံးပြုနိုင်ပါတယ်။)

ဒါလေးတွေ ရှိရင်တော့ စာအုပ်တင်စင်လေး ပြုလုပ်လို့ ရပါပြီ။

အားတဲ့အချိန်မှာ ကြောင်ပျောက်

Photo : Homedit

(၁) အရင်ဆုံး ကွီးတို့က ပေတံကို အသုံးပြုပြီး တိုင်းတာကာ ဖြတ်ရမဲ့နေရာများကို ခဲတံနဲ့ အမှတ်အသားပေးပါ။

အားတဲ့အချိန်မှာ ကြောင်ပျောက်

Photo : Homedit

(၂) ဖြတ်ရမယ့် နေရာများက သစ်သားရဲ့ တစ်ဖက်မှာသာ ရှိသင့်ပြီး ဘေးတွင် နေရာ ကျန်သင့်ပါတယ်။ သစ်သားနှစ်ချပ်လုံးအတွက် ဖြတ်ရမဲ့ အတိုင်းအတာ တူညီသင့်ပါတယ်။

အားတဲ့အချိန်မှာ ကြောင်ပျောက်

Photo : Homedit

(၃) ပြီးလျှင် သတ်မှတ်ထားသော နေရာကို သစ်သားဖြတ်လွှ (သို့မဟုတ်) Laser Wood Saw ကို အသုံးပြုပြီး ညီညာသပ်ရပ်စေရန် သတိထားပြီး ဖြတ်ပါ။

Photo : Homedit

(၄) ထို့နောက် သစ်သားပြားနှစ်ခုကို ဖြတ်ထားသော နေရာကနေ အံဝင်ခွကျဖြစ်စေရန် ဆက်လိုက်ပါ။ ပိုပြီး ခိုင်ခံ့စေဖို့အတွက် သစ်သားကပ်ကော်ကို အသုံးပြုပြီး တစ်ညလုံး အခြောက်ခံထားပြီးနောက် အသုံးပြုဖို့ အဆင်သင့် ဖြစ်နေတဲ့ သစ်သားတင်စင်လေး ရရှိပါပြီ။

Photo : Homedit

(၅) ကွီးတို့အနေနဲ့ ဒီလွယ်ကူရိုးရှင်းတဲ့ သစ်သားစင်လေး ပြုလုပ်နိုင်ဖို့ အချိန်အများကြီး မလိုအပ်ပါဘူး။ ဒါ့အပြင် ကွီးတို့အလိုရှိရာ အရောင်ကို ဆေးသုတ်ပြီး အလှဆင်နိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာတော့ အသုံးတည့်ပြီး လုပ်ရတာ လွယ်ကူမြန်ဆန်တဲ့ DIY ပရောဂျက်လေးတွေပါပဲ။ ကွီးတို့လည်း အားတဲ့အချိန်မှာ ကြောင်ပျောက် နေရင် ဒါမှမဟုတ် တစ်ခုခုကို တီထွင်ဖန်တီး ကြည့်ချင်ရင် ဒီအိုင်ဒီယာကောင်းလေးတွေကို စမ်းကြည့်လိုက်ဖို့ အကြံပြုလိုက်ပါတယ်။ ဆက်လက်ပြီး အမိုက်စား DIY အိုင်ဒီယာကောင်း‌တွေ တင်ဆက်ပေးဦးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးပါဦး ခင်ဗျာ။

Source : Homedit

Featured Photo : Sozgor