ကွီးတို့ရဲ့ အားလပ်ချိန်ကို အကျိုးရှိရှိ ကုန်ဆုံးချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် DIY နည်းလမ်းများကို လိုက်လုပ်နိုင်ပါတယ်။ အားလပ်ချိန် ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုပြီး ကွီးတို့အတွက် အသုံးဝင်မယ့် ပစ္စည်းများကိုလည်း ဖန်တီး နိုင်ပါတယ်။

အားလပ်ချိန် မှာလည်း မပျင်းရဘူး၊ ကိုယ့်အတွက် အသုံးတည့်မယ့် ပစ္စည်း တစ်မျိုးမျိုးလည်း ဖန်တီး နိုင်တာကြောင့် တစ်ချက် ခုတ်၊ နှစ်ချက် ပြတ်ပါပဲ။

(၁) ကွီးတို့ ခြံဝန်းထဲမှာ အပန်းဖြေဖို့ ကူညီပေးမယ့် သစ်သား ဒန်း မွေ့ရာတစ်ခု

wooden pallette

ဒီပစ္စည်းများကို ဖန်တီးဖို့အတွက် လိုအပ်မယ့် ပစ္စည်းများကတော့ ခိုင်ခံ့တဲ့ ကြိုး၊ သစ်သားပြား၊ တိုင်းတာရန်အတွက် တိပ်ခွေ၊ မွေ့ရာ (သို့) ကူရှင်၊ မွေ့ရာ အစွပ် အစရှိသည်တို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ကွီးတို့ ခြံဝန်းထဲမှာလည်း ခိုင်ခံ့တဲ့ သစ်ပင်ကြီး တစ်ပင် ရှိဖို့ လိုအပ်ပါတယ်။

wooden pallette

သစ်သားတိုင်နှစ်တိုင်ကို အကွာအဝေးညီအောင် နေရာ ချထားလိုက်ပါ။

ထို့နောက် သစ်သားပြားများကို အပေါ်ကနေ စီစီရီရီ ရိုက်ပေးလိုက်ပါ။

အားလပ်ချိန် ဖန်တီး

ပြီးတဲ့အခါ ကြိုးချည်ဖို့အတွက် သစ်သားကို အပေါက် ဖောက်ပေးရပါမယ်။

ထို့နောက် ကြိုးကို ဟိုဘက် နှစ်ဖက်၊ ဒီဘက် နှစ်ဖက် ချည်ထားလိုက်ပါ။ ပြီးရင်တော့ သစ်ပင်ပေါ်မှာ ချည်ထားလိုက်ပါ။

အားလပ်ချိန် ဖန်တီး

ထို့နောက် သစ်သားပြားပေါ်မှာ မွေ့ရာလေး တင်၊ ခေါင်းအုံး (သို့) ကူရှင်လေးတင်ကာ ဇိမ်ကျကျ အနားယူလို့ရပါပြီ။

(၂) ခြံစည်းရိုးပေါ်မှာ အပင်ငယ်များ ကပ်စိုက်ထားမယ်

အားလပ်ချိန် ဖန်တီး

ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ ကွီးတို့ဆီမှာ မသုံးတော့တဲ့ ဘူးခွံ အလွတ်များ ရှိရုံနဲ့တင် လုံလောက်ပါတယ်။ ဘီယာ ဘူးခွံ အလွတ်ဆိုလည်း ရပါတယ်။ ထိုဘူးခွံ အလွတ်ထဲကို မြေဆီလွှာနှင့် အပင်ငယ်များ စိုက်ထားလိုက်ပါ။ ထို့နောက် ခြံစည်းရိုးပေါ်မှာ စင် အသေးလေးတစ်ခု ကပ်ရိုက်ထားလိုက်ပါ။ ထို့နောက် ခြံစည်းရိုးနဲ့ ကပ်ပြီး စိုက်ထားမယ်ဆိုရင်တော့ ကွီးတို့ အိမ်က သစ်ပင် ပန်းမာန်များနဲ့ လှပနေမှာ အမှန်ပါပဲ။

(၃) တြိဂံပုံစံ စာဖတ်ဖို့ နေရာလေး ဖန်တီးမယ်

အားလပ်ချိန် ဖန်တီး

ဒီနေရာလေးကတော့ အိမ်မှာ ကလေးငယ်များ ရှိတဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေအတွက်ပဲဖြစ်ဖြစ်၊ တူ၊ တူမလေးတွေ အတွက်ပဲဖြစ်ဖြစ် ဒီနေရာလေးကို ဖန်တီးပေးနိုင်ပါတယ်။

သစ်သား Palette ပြား ၄ ပြား လောက် လိုအပ်ပါလိမ့်မယ်။ စတုရန်းပုံ​၂ ပြားနှင့် တြိဂံပုံ ၂ ပြားကို ပုံပါအတိုင်း ဆက်ပေးရမှာပဲ ဖြစ်ပါတယ်။​

စတုရန်း သစ်သားပြား နှစ်ခုကို ဒေါင်လိုက် နံရံနဲ့ ကပ်ရိုက်ထားပြီးတော့ တြိဂံပြား ၂ ပြားကိုတော့ ထိုင်ဖို့အတွက် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။​

ပြီးတာနဲ့ စောင်၊ ကူရှင် အစရှိသည်တို့နဲ့ အလှဆင်ကာ အေးအေးဆေးဆေး စာ ထိုင်ဖတ်နိုင်ပါပြီ။

ကွီးတို့ရော ကိုယ့် အားလပ်ချိန် မှာ ဘယ်လို ပစ္စည်းများကို ဖန်တီး လေ့ရှိပါသလဲ။

Source : Thespruce

Featured Photo : Hitechfm