အားလပ်ရက် တွေရောက်တိုင်း အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ ကွီးတို့ရှိပါသလား။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ ခရီးသွားရတာကို နှစ်သက်တဲ့ ကွီးတို့အတွက် အေးအေးဆေးဆေး အနားယူအပန်းဖြေနိုင်မယ့် ခရီးထွက် ဖို့ အကောင်းဆုံး နေရာတချို့ကို ညွှန်းပေးချင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆောင်းပါးလေးကို အဆုံးအထိ ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) Aix-en-Provence , France

Aix-en-Provence , France

Photo : Travel + Leisure

ပြင်သစ် နာမည်ကြီး ပန်းချီဆရာ Paul Gauguin ရဲ့မွေးရပ်ဇာတိ မြို့လေး ဖြစ်ပါတယ်။ ပြင်သစ်တောင်ပိုင်းက ပျော်ရွှင်စရာ သုခဘုံလေးတစ်ခုလို့ ဖော်ညွှန်းကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ရောမလူမျိုးတွေ စတင်တည် ဆောက်ခဲ့တဲ့ ပထမဆုံးရေပူစမ်း ရေချိုးရာ နေရာတွေ ၊ မနက်ခင်းဈေးတန်းလေးတွေ ၊ စပျစ်ခြံတွေနဲ့ မွှေးပျံ့လှပတဲ့ လာဗင်ဒါပန်းခင်းတွေဆီကိုလည်း အရောက်သွားနိုင်ပါတယ်။ ပြင်သစ်ရဲ့အကောင်းဆုံးလို့ပြောရမယ့် ကော်ဖီဆိုင်လေးတွေမှာလည်း အေးအေးဆေးဆေး Relax လုပ်ရင်း အားလပ်ရက် ကို အနားယူအပန်းဖြေလို့ ရပါတယ်။

(၂) Seville , Spain

Seville , Spain

Photo : Travel + Leisure

Seville ကတော့ ရှေးဟောင်းလက်ရာတွေနဲ့ ဒဏ္ဍာရီဆန်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ Triana ရပ်ကွက်မှာရှိတံ့ နာမည်ကြီး ကြွေထည်ဆိုင်တွေကို သွားရောက်လည်ပတ်ကာ ဓာတ်ပုံရိုက်ကူးနိုင်သလို Vatican ဘုရာကျောင်းပြီးရင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စိန့်မေရီ ဘုရားရှိခိုးကျောင်းမှာရှိတဲ့ La Giralda မျှော်စင်ပေါ်တက်ပြီး မျက်စိတဆုံး လှပနေတဲ့ မြို့ပြမြင်ကွင်းအလှတွေကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။ ပျော်ပျော်ပါးပါး သွားရောက်လည်ပတ်နိုင်တဲ့ဈေးတန်းတွေ ၊ Game of Thrones ရုပ်ရှင်ရိုက်ကူးရာနေရာတွေနဲ့ အစားအသောက်ဆိုင်တန်းတွေလည်း အများကြီးရှိနေပါတယ်။ Seville  မြို့ဟာ မိသားစုနဲ့ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ဖြစ်ဖြစ် အားလပ်ရက် ကိုဖြတ်သန်းဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။

(၃) Siena , Italy

Siena , Italy

Photo : Travel + Leisure

Siena ကို အလယ်ခေတ် လက်ရာ တိုက်တာအဆောက်အအုံတွေနဲ့ ကျက်သရေရှိစွာ ခမ်းနားထည်ဝါနေတဲ့ မြို့လို့ လူသိများပါတယ်။ Donatello ၊ Michelangelo နဲ့ Bernini တို့ အပါအဝင် အီတလီ ဗိသုကာပညာရှင် ၄၀ ကျော်စုပေါင်း တည်ဆောက်ခဲ့တဲ့ အံ့ဩစရာ အအောက်အဦး လက်ရာတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ UNESCO အမွေအနှစ်စာရင်းဝင် ဥရောပရဲ့ အလယ်ခေတ် အကြီးကျယ်ဆုံး ရင်ပြင်ကြီးတစ်ခု ဖြစ်တဲ့ Piazza del Campo ကိုလည်း သွားရောက်လည်ပတ်နိုင်ပြီး မြို့ပြင်ဘက်က ဝိုင်စက်ရုံတွေကို ကားလေးမောင်းရင်း နေဝင်ချိန်ကို အကောင်းဆုံး ဖြတ်သန်းလို့ရပါတယ်။

(၄) Honolulu , Hawaii

Honolulu , Hawaii

Photo : Travel + Leisure

Honolulu ကတော့ ကမ်းခြေချစ်သူတွေ သွားရောက်သင့်တဲ့ နေရာတစ်ခုပါပဲ။ ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေညင်းတွေ ၊ စိမ်းပြာရောင်ရေလှိုင်းတွေနဲ့ စျေးဆိုင်တန်း ၊ စားသောက်ဆိုင်တန်းတွေနဲ့ ပြည့်နှက်နေတဲ့ အားလပ်ရက် အနားယူအပန်းဖြေဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ရေလှိုင်းစီးတာ ၊ ရေပေါ်ဆိုင်ကယ်မောင်းတာ ၊ ပင်လယ်မျက်နှာပြင်အောက်က အလှတရားစစ်စစ်ကို ရှာဖွေဖို့ Snorkeling လုပ်တာတွေအပြင် လှပတဲ့ နေဝင်ချိန် နေထွက်ချိန်တွေကို ကြည့်ရှု့ခံစားရင်း အနားယူအပန်းဖြေလို့ ရပါတယ်။

Featured Photo : Travel Lemming