ဆွဲဆောင်မှုရှိပြီး အဆီပိုတွေ ကင်းဝေးတဲ့ ခန္ဓာကိုယ်တစ်ခု မပိုင်ဆိုင်ချင်ဘူးလား။ အဆီပိုတွေ ကင်းဝေးပြီး အား ကောင်းမောင်းသန်တဲ့ ဘဲကြီး တစ်ဗွေဖြစ်သွားပြီဆိုရင်တော့ ရှော်တီလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အမှန်ပါပဲ။ အဲ့ဒီလိုမျိုး ရှော်တီလေးတွေ ဝိုင်းဝိုင်းလည်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးသွားဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၁)

အား ဘဲကြီး

Source: Flab Fix

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။ ထို့နောက် အပေါ်သို့ ခုန်လိုက်ရပါမယ်။

ထိုအဆင့်များအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

အား ဘဲကြီး

Source: Menshealth

ဒီလေ့ကျင့်ခန်းကိုတော့ Standard Plank လို့ ခေါ်ပါတယ်။ သူကတော့ တံတောင်နှစ်ဖက်ကို ပုခုံးအောက်မှာ ထောက်ထားရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

Beginner သမားများအနေနဲ့ကတော့ အကြာကြီး Plank ထောက်နိုင်မှာမဟုတ်ပါဘူး။ စစချင်းမှာ စက္ကန့် ၃၀ လောက် Plank ထောက်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ကြာ အနားယူပြီး နောက်ထပ် စက္ကန့် ၃၀၊ ၂ ကြိမ်လောက် Plank ထောက်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းဖြင့် တဖြည်းဖြည်း ကျွမ်းကျင်လာပါက အချိန် တိုးကာ Plank ထောက်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်းကတော့ Flutter Kicks လို့ အမည်ရပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ကြည့်ကောင်းလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

အား ဘဲကြီး

Source: The Progrm

ဒီလေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Box Jumps ပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် သေတ္တာတစ်လုံး (သို့) ခုံတစ်လုံး လိုအပ်ပါလိမ့်မယ်။ ကွီးတို့က ထိုခုံပေါ်မှာ ပုံပါအတိုင်း ခုံရမှာပဲဖြစ်ပါတယ်။ အကြိမ်ရေကတော့ ၁၀ ကြိမ်၊ ၃ ကျော့ပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

exercises

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ အား ကောင်း မောင်းသန်တဲ့ ဘဲကြီး တစ်ဗွေအဖြစ်သို့ ပြောင်းလဲသွားမှာ မယုံမရှိပါနဲ့။

Featured Image: Muscleandfitness