ကွီးတို့ရေ တစ်ချို့သော ညတွေမှာ အိပ်ရာပေါ်မှာ အကြာကြီးလှဲနေပေမဲ့ အိပ်မပျော်တာမျိုးဖြစ်နေပါသလား၊ ဒါမှမဟုတ် သန်းခေါင်ကျော်မှာနိုးလာပြီး ပြန်အိပ်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပြန်အိပ်ပျော်ဖို့ နည်းမျိုးစုံ လုပ်ကြည်ပေမဲ့ အဆင်မပြေဘူးဆိုရင် သီချင်းလေးတွေကို နားထောင်ကြည့်ပါ။ တေးသီချင်းတွေက ကွီးတို့ရဲ့ စိတ်ကိုလွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့အချိန်မှာ တေးသီချင်းအေးအေးလေးတွေ နားထောင်ခြင်းက တကယ်ကိုအသုံးဝင်တဲ့ နည်းလမ်းပါ။ ဒါကြောင့် ကွီးတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အတွက် Playlist ထဲထည့်ပြီး နားထောင်ဖို့ သီချင်းကောင်း လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

“Bedtime Story” by Madonna

Source : Madonna

ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အတွက် ကူညီပေးမဲ့ သီချင်းကောင်း လေး တစ်ပုဒ်ကတော့ Madonna ရဲ့ Bedtime Story ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်များရဲ့ ဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ သီချင်းလေးရဲ့ လေးလေးပင်ပင်နဲ့ အုံ့မှိုင်းတဲ့ သံစဉ်တွေက ကွီးတို့အတွက် အကောင်းဆုံး အိပ်ရာဝင် သီချင်းတစ်ပုဒ် ဖြစ်မှာပါ။

“Trouble Sleeping” by Corinne Bailey Rae

Source : Corinne Bailey Rae

Corinne Bailey Rae ရဲ့ ချိုမြိန်သော အသံ၊ စန္ဒယား နဲ့ saxophone တို့ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ ဒီသီချင်းလေးက တကယ်ကို နားထောင်လို့ကောင်းတဲ့ အပြင် ကွီးတို့ အိပ်ပျော်ဖို့ကိုလည်း အထောက်အကူပြု ပါလိမ့်မယ်။

“Love’s in Need of Love Today” by Stevie Wonder

Source : classicsongs

ကွီးတို့ကို အိပ်ပျော်ဖို့ ကူညီပေးမဲ့ နောက်ထပ် သီချင်းကောင်း လေးကတော့ Stevie Wonder ရဲ့ Love’s in Need of Love Today ပဲဖြစ်ပါတယ်။ ဒီ ၇ မိနစ်ခန့် ကြာတဲ့ သီချင်းအေးအေးလေးက ကွီးတို့ကို နွေးထွေးတဲ့ ခံစားမှုကို ပေးစွမ်းနိုင်သည်သာမက သက်တောင့်သက်သာလည်း ရှိစေပါတယ်။ ကွီးတို့ကို လှပတဲ့ အိမ်မက်တွေဆီ ခေါ်ဆောင်သွားပေးမဲ့ သီချင်းကောင်းလေး ပဲဖြစ်ပါတယ်။

“Don’t Know Why” by Norah Jones

Source : Norah Jones

Norah Jones သီဆိုဖော်ကျူးထားတဲ့ Don’t Know Why ဆိုတဲ့ သီချင်းလေးကလည်း နွေးထွေးပြီး သီချင်းရဲ့သရုပ်ဖော်မှုက ကွီးတို့စိတ်ကို တည်ငြိမ်လာစေမှာပါ။ ဒါ့အပြင် တေးသံက ချောမွေ့နေပြီး ပီယာနို သံလေးနဲ့ လိုက်ဖက်ညီစွာ ကွီးတို့ကို အိမ်မက်ကမ္ဘာထဲကို ခေါ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

“Whenever Wherever Whatever” by Maxwell

Source : Maxwell

ဒီသီချင်းက နူးညံ့သိမ်မွေ့တဲ့ အချစ်နဲ့ မိုးရွာတဲ့ ညနေခင်းကို နွေးထွေးစွာပွေ့ဖတ်ထားတဲ့ အကြောင်းကို သီဆိုထားတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သံစဉ်အေးအေးလေးနဲ့ ဒီသီချင်းက ကွီးတို့ အိပ်ပျော်ဖို့ အားဖြည့်ပေးမှာပါ။

Source : Glamour

Featured Photo : Glamour