ကွီးတို့ရဲ့ အိပ်မက်တွေကို အသက်ဝင်နေအောင် ဖန်တီးပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ လုံ့လ​၊ ဝီရိယနှင့် အားစိုက်ထုတ်မှုတို့ စုပေါင်းလိုက်တဲ့အခါ ကွီးတို့ရဲ့ အိပ်မက် တွေကို အကောင်အထည် ဖော်ဖို့ ရယ်ဒီ ဖြစ်နေပြီပဲ ဖြစ်ပါတယ်။

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် သိထားသင့်တဲ့အချက်များ ရှိပါတယ်။ ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိပ်မက်တွေကို အလွယ်တကူ အကောင်အထည် ဖော်နိုင်မှာပဲဖြစ်ပါတယ်။

အိပ်မက်တစ်ခုကို ရွေးချယ်ပါ

ရွေးချယ်ပါ

အချို့သောသူတွေမှာ ဖြစ်ချင်တဲ့အရာတွေ မက်ချင်တဲ့ အိပ်မက်တွေက အများကြီးပါပဲ။ အိပ်မက်တွေက များလွန်းတော့ လက်တွေ့ဘဝက ဘယ်က စလို့ စရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး အိပ်မက်တွေက များနေမယ်ဆိုရင် ကွီးတို့ရဲ့ အဖြစ်ချင်ဆုံး အိပ်မက်တစ်ခုကို ရွေးချယ်လိုက်ပါ။

ကွီးတို့ အိပ်မက်က အောင်မြင်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလား၊ မာရသွန် အပြေးပြိုင်ပွဲမှာ အနိုင်ရချင်တာလား။ ဒါမှမဟုတ် ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ချင်တာလား။ ဒါမှမဟုတ် အချစ်စစ်နဲ့ ဆုံဆည်းချင်တာလား။​

အိပ်မက်တွေ အများကြီးရှိတဲ့အထဲကမှ ကိုယ်အဖြစ်ချင်ဆုံးနဲ့ လက်တွေ့အဆန်ဆုံး အိပ်မက်တစ်ခုကို ရွေးချယ်လိုက်ပါ။ ထိုအိပ်မက်က လက်တွေ့မှာ အမှန်တကယ်ဖြစ်လာဖို့အတွက် အချိန်ယူဖို့လည်း လိုအပ်ပါတယ်။

ကိုယ့်ရဲ့ အိပ်မက်က တစ်နေ့နေ့မှာ အမှန်တကယ်ဖြစ်လာမယ်ဆိုတာကို ယုံကြည်ပါ

အိပ်မက် ရယ်ဒီ

ကံမကောင်းစွာနဲ့ပဲ ပြောရမယ်ဆိုရင် လူတော်တော်များများသည် သူတို့ကိုယ် သူတို့ ယုံကြည်ချက်မရှိလို့ သူတို့ရဲ့ အိပ်မက်တွေနဲ့ ဝေးကွာသွားကြတာ ဒုနဲ့ဒေးပါပဲ။ အကောင်းမြင်စိတ်ရှိခြင်းနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းတို့သည် အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးအကြီးဆုံးအရာပဲ ဖြစ်ပါတယ်။ ဘယ်သူကမှ မွေးကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ကို တည်ဆောက်ယူလို့ရပါတယ်။ ဘယ်ကိစ္စမဆို “ငါ လုပ်နိုင်တယ်” ဆိုတဲ့ စိတ်ကို နှလုံးသွင်းထားလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာပြီး အားတက်လာကာ လုပ်သမျှ အဆင်ပြေလာပါလိမ့်မယ်။

လိုအပ်ပါက အကူအညီများ၊ အကြံဥာဏ်များ တောင်းခံပါ

အိပ်မက် ရယ်ဒီ

သင့်ထက် အတွေ့အကြုံရှိသူတွေ၊ ပညာဉာဏ် ပိုမြင့်သူတွေ၊ အတွေ့အကြုံ ပိုရှိတဲ့သူတွေ သင့်ပတ်ဝန်းကျင်မှာ ရှိပါတယ်။ အဓိကက သင့်ဆီမှာ နာခံလိုစိတ်၊ လေ့လာဆည်းပူလိုစိတ် ရှိဖို့ပဲလိုအပ်တာပါ။ တခါတရံမှာ ကိုယ် လုပ်နေတဲ့အရာက နည်းလမ်းမကျတဲ့အခါ အောင်မြင်မှုနဲ့ သွေဖယ်သွားတတ်ပြီး အရှုံးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

လဲကျနေရာက ပြန်ထလို့ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိရင် သိတတ်နားလည်သူတွေ၊ ဝေမျှတတ်သူတွေဆီက အကြံဥာဏ်များ တောင်းခံပါ။ အကူအညီ တောင်းကြည့်ပါ။ ဒါဆိုရင် ဘဝကြီးက ပိုမိုလွယ်ကူသွားပါလိမ့်မယ်။ တစ်ခုသတိထားရမှာကတော့ တစ်ချိန်လုံး သူများ အကူအညီချည်းပဲ မတောင်းမိဖို့ပါ။ ကိုယ့်အစွမ်းအစ ရှိသလောက် ပြုလုပ်ကြည့်ပါ။ မရတဲ့အဆုံးကျမှ အကူအညီ တောင်းခံကြည့်လိုက်ပါ။

ကိုယ့်ရဲ့ ဘဝကို အပြောင်းအလဲ ပြုလုပ်ပါ

အိပ်မက် ရယ်ဒီ

ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် အိပ်ရာပေါ်မှာပဲ တစ်ချိန်လုံး အိပ်နေပြီး ပျင်းကြောတစ်နေလို့တော့ မရပါဘူး။ ဘဝကို အပြောင်းအလဲ​ ဖြစ်အောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။ အလုပ်လုပ်ချိန်တန် အလုပ်လုပ်၊ နားချိန်တန်နားဖို့ လိုအပ်ပါတယ်။ ထိုင်နေရုံနဲ့တော့ အိပ်မက်တွေက သူ့အလိုလို ပြည့်လာမှာမဟုတ်ပါဘူး။

အချိန်တစ်ခု သတ်မှတ်ထားပါ

အိပ်မက် ရယ်ဒီ

အချိန် အကန့်အသတ်တစ်ခု သတ်မှတ်ထားခြင်းသည် ကိုယ့်ကိုယ်ကိုယ် တွန်းအားတစ်ခု ဖြစ်စေပါတယ်။ နို့မဟုတ်ရင် အီးလေးဆွဲပြီး တစ်ရက်ပြီး တစ်ရက်၊ နေ့ရွေ့လိုက် ညရွေ့လိုက် လုပ်နေမှာပါ။ ဒါဆိုရင်တော့ အိပ်မက်တွေက ဘယ်ဆီနေလို့ ဘယ်ရက်ကျမှ အကောင်အထည်လိုက် မြင်ရမလဲ မသိဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ပိုင်အိမ်လေး တစ်လုံး ဝယ်မယ်ဆိုလည်း ဘယ်နှနှစ်နေရင် ဝယ်မလဲ၊ သုံးနှစ်လား (သို့) ငါးနှစ်လား စသည်ဖြင့် အချိန်တစ်ခု သတ်မှတ်ထားလိုက်ပါ။ ဒါဆိုရင်တော့ သတ်မှတ်ချိန်ပြည့်တဲ့အခါ အိပ်မက်တွေ အကောင်အထည်ဖော်လာဖို့ အားသွန်ခွန်စိုက် ကြိုးစားမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ အိပ်မက် တွေကို အကောင်အထည်ဖော်ဖို့ ရယ်ဒီ ပဲလား။

Source: Becomingminimalist

Featured Image: Freepik