လုပ်ငန်းကိစ္စများ ကြောင့်သော်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေးကိစ္စများကြောင့် စိတ်ဖိစီးမှုများ မြင့်မားတက်ပါတယ်။ စိုးရိမ်ပူပန်မှုများကြောင့် ညဘက်မှာ အိပ်စက်မရဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်လာပါတော့တယ်။ ဒီလိုမျိုး ညဘက်မှာ စိတ်ဖိစီးမှုများကြောင့် အိပ်မရဖြစ်နေတဲ့ ကွီးတို့အတွက် နှစ်ခြိုက်စွာ အိပ်မောကျ စေဖို့ရန်အတွက် ညဘက်မှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း များရှိပါတယ်။

ထိုလေ့ကျင့်ခန်းများကို ညအိပ်ရာဝင်ခါနီးမှာ ပြုလုပ်ပေးမယ်ဆိုရင် ညဘက်မှာ အခက်အခဲမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

အိပ်မောကျ လေ့ကျင့်ခန်း

အရင်ဦးဆုံး ယောဂလေ့ကျင့်ခန်းနဲ့ အစပြုရမှာ ဖြစ်ပါတယ်။

ပုံပါအတိုင်း ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်ကာ ခါးကို ကော့ထားပြီး မျက်နှာက အရှေ့တည့်တည့်သို့ မျက်နှာမူကာ မေးစေ့ကို အနည်းငယ် မော့ထားပါ။

ထို့နောက် မျက်နှာကို အောက်ချပြီး ခါးကို အပေါ်သို့ ဝိုက်ဝိုက်ကလေးဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။

ထိုအနေအထားနှစ်ခုကို တစ်လှည့်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်မိနစ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

အိပ်မောကျ လေ့ကျင့်ခန်း

အကြောအခြင်တွေ တင်းလွန်းနေရင်လည်း ညဘက်မှာ အိပ်မရဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အကြောအခြင်တွေ ပြေဖို့ရန်အတွက်လည်း လေ့ကျင့်ခန်းပြုလုပ်ပေးရပါမယ်။ ခြေသလုံးအောက်တွင် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဒလှိမ့်တုံးလေးကို အသုံးပြုပါ။ ခြေသလုံးအောက်မှာထားပြီး အရှေ့လှိမ့်လိုက်၊ အနောက်လှိမ့်လိုက် ပြုလုပ်ရပါမယ်။ ခြေထောက်နှစ်ဖက်စလုံးကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

အိပ်မောကျ လေ့ကျင့်ခန်း

Photo: Dulnvxiers

ဒီလေ့ကျင့်ခန်းလေးကတော့ ခြေထောက်ကြွက်သားများကို ပြေလျော့စေပြီး ညဘက်မှာ နှစ်ခြိုက်စွာ အိပ်မောကျ အောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ တင်းနစ်ဘောလုံးလေး (သို့) ထိုအရွယ်အစားရှိ ဘောလုံးလေးကို ဖြေဖဝါးအောက်မှာထားပြီး အရှေ့လှိမ့်လိုက်၊ အနောက်လှိမ့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်ခြေရော ညာခြေပါ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

exercises

ဒီလေ့ကျင့်ခန်းကတော့ အသက်ရှူလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ အရင်ဦးဆုံး မိမိအိပ်မယ့်အခန်းကို အိပ်ရာဝင်ခါနီး မိနစ် ၃၀ အလိုကတည်းက မီးပိတ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး အခန်းမီး ပိတ်ထားခြင်းအားဖြင့် နှစ်ခြိုက်စွာ အိပ်မောကျအောင် ကူညီပေးပါတယ်။ ထို့နောက် အသက် ရှူလေ့ကျင့်ခန်းကို ဖြည်းဖြည်းနှင့် မှန်မှန်လေး ပြုလုပ်ပေးလိုက်ပါ။

ကုတင်ပေါ်မှာ လှဲလျောင်းနေပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ဖြေလျော့ထားလိုက်ပါ။ နှာခေါင်းကနေ ၆ ကြိမ်လောက် အသက်ရှူသွင်း ရှူထုတ် ပြုလုပ်ပြီးနောက် ခဏတဖြုတ် အသက်အောင့်ထားပါ။ ထို့နောက် အသက် ရှူသွင်း ရှူထုတ် ဆက်လက်ပြုလုပ်ပါ။ စုစုပေါင်း ၄ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ကို ညဘက်မှာ နှစ်ခြိုက်စွာ အိပ်မောကျ အောင် ကူညီပေးမယ့် လေ့ကျင့်ခန်း များပဲဖြစ်ပါတယ်။

Source: Mensjournal

Featured Image: Mensjournal