ကွီးတို့တွေ နေ့စဉ်ပြုမှုမိနေတဲ့ အမှုအကျင့်တွေထဲကမှ ဘယ်အမှုအကျင့်တွေက ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက်တို့ ကိုယ့်ချစ်သူတို့နဲ့ သာသာယာယာ ချစ်တင်းနှောမှုကို ထိခိုက်မှုတွေ ဖြစ်စေနိုင်သလဲဆိုတာကို အသေအချာလေး ဖော်ပြပေးသွားမှာမို့ ခဏလောက် အချိန်ပေးပြီး ဖတ်ရှုလိုက်ဦးနော်။

Junk Food

Photo : Sports Illustrated

ကွီးတို့က ကယ်လိုရီတွေ အပြည့်ပါနေပြီး အာဟာရလည်း မပေးနိုင်တဲ့ junk foods တွေကို သည်းကြီးမည်းကြီး စားနေမယ်ဆိုရင် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို နှေးကွေးစေပြီးတော့ ချစ်တင်းနှောနေချိန်မှာလည်း ကွီးတို့ရဲ့ performance တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် junk food တွေထက် ကျန်းမာရေး ညီညွတ်တဲ့ အစားတွေ ဥပမာ အသီးအရွှက်တွေ အခွံမာသီး ပဲနဲ့ တို့ဟူးတို့ကို ပိုပြီး စားပေးသင့်တယ်။ ဒါတွေ စားပေးရင် ဘာဆေးဝါးမှတောင် သုံးစရာ မလိုတော့ဘူး။

အငန်များတဲ့ အစားအစာတွေ

Photo : American Medical Association

junk food ပြီးတော့ ထပ်ရှောင်သင့်တာက အငန်ဓါတ်များတဲ့ အစားအစာတွေပါ။ ဒါတွေကို စားနေမယ်ဆိုရင် ကွီးတို့ သွေးတိုးဖြစ်ရုံသာမကဘဲနဲ့ ချစ်တင်းနှောချင်တဲ့ စိတ်ဆန္ဒတွေပါ တဖြည်းဖြည်း လျော့ပါးလာပါလိမ့်မယ်။ ဒါက တကယ်ကို shock ကြီးပါနော်။ ဒါကြောင့် ဆိုဒီယမ်များတဲ့ ကြိုတင် ထုတ်ပိုးထားတဲ့ အစားအစာတွေကို ရှောင်ပါ။

ဖိအားများနေခြင်း


Photo : Yale Medicine

ရှောင်ရမယ့် အစားအစာတွေအကြောင်း ပြီးသွားတော့ နောက်ထပ် ရှောင်ရမှာ စိတ်ဖိစီးမှုပါပဲ။ လူတိုင်းမှာတော့ စိတ်ဖိစီးမှုတွေ ဖိအားများနေခြင်းတွေ ဖြစ်တက်ပေမယ့် ဒါတွေ အမြဲတမ်း ရှိနေမယ်ဆိုရင် အဲ့ဒီဟော်မုန်းတွေက ကျန်းမာရေးကိုရော ချစ်တင်းနှောချင်စိတ်ကိုပါ ကျဆင်းလာစေပါတယ်။ ဒါကြောင့် ကွီးတို့အတွက် စိတ်ဖိစီးစေတဲ့ အရာတွေကို အဖြေရှာပါ။ ပြီးတော့ စိတ်ဖိစီးမှု လျော့ကျလာအောင် လုပ်ဆောင်ကြည့်ပါ။

အိပ်ချိန်နည်းခြင်း


Photo : People

ညညကျရင် စောစောမအိပ်သေးဘဲ ဖုန်းပွတ်နေတာတို့ ဂိမ်းဆော့နေတာတို့ကြောင့် အိပ်ချိန်တွေ နည်းလာတာ အိပ်ရေးမဝခြင်းတွေက ချစ်တင်းနှောချင်စိတ်ကို ကျဆင်းစေပါတယ်။ ဒါပေမယ့် ဒါက ကွီးတို့ထက် မွီးတို့နဲ့ ပိုပြီး သက်ဆိုင်နေပါတယ်။ များများအိပ်တက်တဲ့ မွီးတွေက ချစ်တင်းနှောမှုမှာ ပိုပြီးကောင်းတက်တယ်လို့ လေ့လာမှုတစ်ခုအရ သိရှိထားရပါတယ်။

ကိုယ်အလေးချိန်များခြင်း


Photo : The Times

ဒါကျတော့ ကွီးတို့နဲ့ ပိုသက်ဆိုင်သွားပြီ။ ကိုယ်အလေးချိန်က ရှိနေတာထက် ပိုနေမယ်ဆိုရင် ကိုယ်အလေးချိန် ချလိုက်တာက အိပ်ရာထက်က ကိစ္စတွေမှာ ကွီးတို့ရဲ့ စွမ်းဆောင်မှုကို ပိုပြီး မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ခါးဆိုက် (၄၀)ထက် ကျော်လွန်တဲ့ အမျိုးသားတွေမှာ ညီလေး ထောင်မတ်နိုင်မှုတောင် နည်းပါးနိုင်တယ်လို့လည်း လေ့လာတွေ့ရှိထားရပါတယ်။

အယ်လ်ကိုဟောနဲ့ ဆေးလိပ်တွေ အလွန်အကျွံ သုံးစွဲခြင်း

Photo : Cancer Treatment Centers of America

ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါပဲ။ အယ်လ်ကိုဟောက ကိုယ့် limit အတိုင်း သောက်မယ်ဆိုရင် ကိစ္စမရှိပေမယ့် လွန်သွားရင်တော့ အိပ်ရာပေါ်က ချစ်တင်းနှောတဲ့ ကိစ္စမှာ performance ကျသွားနိုင်ပါတယ်။ ဒီလိုပဲ ဆေးလိပ် အသောက်များရင်လည်း ကွီးတို့လို အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။

Source : WebMD

Featued Photo : LifeZen