လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနဲ့ ကောင်းမွန်သော လိင်မှုကိစ္စ ကို ဆောင်ရွက်နိုင်ခြင်းက ကျန်းမာသော အမျိုးသားများရဲ့ လက္ခဏာပါပဲ။ အမျိုးသားတော်တော်များများက လိင်မှုကိစ္စ ဆောင်ရွက်နေစဉ်အတွင်း ကိုယ်တိုင်အပါအဝင် ကိုယ့်ရဲ့ လက်တွဲဖော်ပါ ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုကို မြှင့်တင်နိုင်ဖို့ လိုလားကြပါတယ်။ ဒီလို စိတ်ကျေနပ်မှု ပိုမိုကောင်းလာစေနိုင်ဖို့ဆိုရင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်ဖို့အတွက် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုတို့အပြင် အချို့သော အလေ့အကျင့်လေးတွေက ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတိုင်း အိပ်ရာပေါ်မှာ ပိုမို စွမ်းဆောင်နိုင်မဲ့ လျှို့ဝှက်ချက်တွေ တစ်နည်းအားဖြင့် ကွီးတို့ သတိမထားမိတဲ့ အချက်တွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

(၁) Foreplay ကို အလေးထားပါ

အိပ်ယာပေါ်မှာ စွမ်းဆောင်နိုင်မဲ့

Photo : Health Shots

လိင်ဆက်ဆံမှုမှာ နှစ်ဦးနှစ်ဖက် သာယာစေဖို့က အဓိကကျပါတယ်။ အထူးသဖြင့် အမျိုသားများဟာ ကိုယ်လိုချင်တဲ့အရာကို ချက်ချင်းပြုလုပ်တာမျိုးက ကောင်းမွန်သော လိင်မှုဆက်ဆံရေး ဖြစ်လာဖို့ အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး ကွီးတို့ရဲ့ ချစ်ခင်ကြင်နာမှုကိုလည်း ပြသရာရောက်သလို တစ်ဖက်သားကိုလည်း ပိုမိုစိတ်ပါလာအောင် လမ်းကြောင်းပေးနိုင်တဲ့ Foreplay ကို အလေးထားသင့်ပါတယ်။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်းနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းတို့ ပါဝင်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် Foreplay က အရေးကြီးပါတယ်။ Foreplay ကို အလေးထားခြင်းဖြင့် ကောင်းမွန်သော လိင်မှုကိစ္စကို ဆက်လက် ဆောင်ရွက်သွားနိုင်ပြီး နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှုကို ခံစားရကာ သာယာပျော်ရွှင်မှုကိုလည်း ရရှိနိုင်ပါလိမ့်မယ်။

(၂) Start-Stop နည်းလမ်းကို လေ့ကျင့်ပါ

အိပ်ယာပေါ်မှာ စွမ်းဆောင်နိုင်မဲ့

Photo : Latest LY

အမျိုးသားများအတွက် အိပ်ရာပေါ်မှာ ပိုမို စွမ်းဆောင်နိုင်မဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ Start-Stop နည်းလမ်းပါပဲ။ လိင်ဆက်ဆံစဉ် သက်လုံကို ထိန်းသိမ်းခြင်းကလည်း သုတ်လွှတ်မြန်ခြင်းကို ကာကွယ်နိုင်ပါတယ်။ လိင်ဆက်ဆံမှုစတင်ပြီး အချိန်သိပ်မကြာခင်မှာ သုတ်လွှတ်ပါက၊ တစ်ကိုယ်ရည်အာသာဖြေနေစဉ်တွင် Start-Stop နည်းလမ်းက လေ့ကျင့်ခြင်းက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အာသာဖြေခြင်းကို စတင်ပြီး ခံစားမှု အထွတ်အထိပ် (Orgasms) မရောက်မှီ လိင်တံကို လှုံ့ဆော်ပေးခြင်းကို ရပ်တန့်ခြင်းက သုတ်ထွက်ချင်စိတ်ကို အမြန်လျှော့ချနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ မိမိ Orgasms ကို ထိန်းချုပ်နိုင်လာပြီး ကွီးတို့ရဲ့ လက်တွဲဖော်နှင့်အတူ ချစ်တင်းနှီးနှောရာမှာ ကြာချိန်နဲ့ ခံနိုင်ရည်ကိုလည်း တိုးတက်စေပါတယ်။

(၃) အသစ်အဆန်း တစ်ခုကို စမ်းကြည့်ပါ

အိပ်ယာပေါ်မှာ စွမ်းဆောင်နိုင်မဲ့

Photo : Flawless World

လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုက စိတ်အားထက်သန်မှုနဲ့ စိတ်လှုပ်ရှားဖွယ် အခြေအနေတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် လိက်ဆက်ဆံနေစဉ် ပိုမို သာယာပျော်ရွှင်မှုရအောင် အသစ်အဆန်းများကို စမ်းကြည့်သင့်ပါတယ်။ ဆိုလိုတာကတော့ ကွီးတို့ရဲ့ လက်တွဲဖော်နဲ့ တိုင်ပင်ပြီး လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအသစ် သို့မဟုတ် အနေအထား အသစ်ကို စမ်းကြည့်ပါ။ နှစ်ဦးနှစ်ဖက်လုံးအတွက် အန္တရာယ်မရှိတဲ့ လှုပ်ရှားမှု သို့မဟုတ် အနေအထားတော့ ဖြစ်သင့်ပါတယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

အိပ်ယာပေါ်မှာ စွမ်းဆောင်နိုင်မဲ့

Photo : Everyday Health

လေ့ကျင့်ခန်းလုပ်ခြင်းကလည်း ကွီးတို့အတွက် အိပ်ရာပေါ်မှာ ပိုမို စွမ်းဆောင်နိုင်မဲ့ နည်းလမ်းများထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းသည် နှလုံးနဲ့ပတ်သတ်ပြီး မကျန်းမာတဲ့ အခြေအနေများကို လျှော့ချနိုင်ပြီး လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုနှင့် အလုံးစုံကျန်းမာရေးကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ သွေးတိုးခြင်း၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါကဲ့သို့သော အခြေအနေများသည် အာရုံကြောများကို ပျက်စီးစေပြီး လိင်တံသို့စီးဆင်းသော သွေးပမာဏကို ပြောင်းလဲစေပါတယ်။ ၎င်းက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများမှာ Plank ထောက်ခြင်း၊ ရေကူးခြင်း၊ ယောဂ Pose အချို့နဲ့ ထိုက်ချိ စသည်တို့ပဲ ဖြစ်ပါတယ်။

(၅) လိင်မှုစွမ်းဆောင်ရည်ကို တိုးတက်စေတဲ့ အစားအစာများကို စားပေးပါ

For better sex

Photo : Eat This, Not That

ကွီးတို့ရေ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အိပ်ရာပေါ်မှာ ပိုမို စွမ်းဆောင်နိုင်စေဖို့ ကူညီပေးနိုင်တဲ့ အစားအစာတွေ ထည့်သွင်းလို့ရတယ်ဆိုတာ သိပါသလား။ ဟုတ်ပါတယ်။ အစားအစာတွေကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေဖို့ အစားအစာတွေကလည်း ကူညီပေးနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အတွက် စားပေးသင့်တဲ့ အစားအစာအချို့ကတော့ ထောပတ်သီး၊ ငှက်ပျောသီး၊ သလဲသီး၊ ကမာနဲ့ ဆော်လမွန် တို့ပဲ ဖြစ်ပါတယ်။

(၆) ဆေးလိပ်ဖြတ်ပါ

For better sex

Photo : India TV News

လိင်ပိုင်းဆိုင်ရာ ထင်သလောက် စွမ်းဆောင်ရည် မရှိဘူးဆိုရင်တော့ ကွီးတို့ ဆေးလိပ်ကို အလွန်အကျွံသောက်မိနေသလား ဆိုတာ ပြန်ဆန်းစစ်ပါ။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးတိုးရောဂါနှင့် လိင်အင်္ဂါဆိုင်ရာ ပြဿနာများကို ဖြစ်စေသည့် အခြားသော နှလုံးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းသည် လိင်အင်္ဂါ ချို့ယွင်းမှုနှင့်လည်း သီးခြားဆက်စပ်နေတယ်လို့လည်း ဆိုထားပါသေးတယ်။ ဒါ့အပြင် လေ့လာမှုတစ်ခုအရ ဆေးလိပ်ဖြတ်လိုက်ခြင်းက လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုကို တိုးတက်စေပြီး လိင်အင်္ဂါမသန်စွမ်းမှုကို လျော့နည်းစေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကဲ ညိုကီတို့ရေ အိပ်ရာပေါ်မှာ အစွမ်းပြနိုင်ဖို့ အပေါ်က နည်းလမ်းလေးတွေကိုသာ ခုချက်ချင်း လိုက်နာလိုက်တော့ဗျာ။

Source : Medical News Today

Featured Photo : Health Shots