ပျော်ရွှင်စိတ်ကျေနပ်ဖွယ် လိင်မှုဘဝ ကို ပိုင်ဆိုင်နိုင်ဖို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က အရေးပါပါတယ်။ ငယ်ရွယ်သော အမျိုးသားများအတွက် လိင်မှုကိစ္စကို တတ်ကြွတာ ပုံမှန်ပါပဲ။ လိင်မှုကိစ္စမှာ အမျိုးသားတိုင်း ကိုယ်တိုင်သာမက ကိုယ့်ရဲ့ ပါတနာကိုပါ စိတ်ကျေနပ်မှု အပြည့်အဝ ရစေချင်ကြမှာပါ။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်ပြီး အိပ်ရာပေါ်မှာ ကြာကြာစွမ်းဆောင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေ အများကြီးရှိပါတယ်။ ထိုအထဲမှာ အစားအစာများလည်း ပါဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညီအစ်ကိုတို့အတွက် အိပ်ရာပေါ်မှာ ကြာကြာ စွမ်းဆောင်နိုင်ဖို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို အထောက်အကူပြုတဲ့ အစားအစာများကို ဖော်ပြပေးချင်ပါတယ်။

ထောပတ်သီး

အိပ်ယာပေါ်မှာ စွမ်းဆောင်နိုင်ဖို့

Photo : Whole Food Market

ကျွန်တော်တို့ဆီမှာ လွယ်လွယ်ကူကူရနိုင်တဲ့ ထောပတ်သီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အပြင် အရသာရှိပြီး လူတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ ထောပတ်သီးမှာ နှလုံးကျန်းမာစေသော အဆီများ၊ ဗီတာမင် B6 နှင့် ဖောလစ်အက်ဆစ်တို့ ပါဝင်ပြီး ခန္ဓာကိုယ် စွမ်းအင်ကို တိုးစေပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာပါတဲ့ ဗီတာမင် B6 က အမျိုးသားများအတွက် ဟော်မုန်းထုတ်လုပ်မှုကို အထောက်အကူဖြစ်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို အားကောင်းစေတာကတော့ အဓိကအချက် ဖြစ်ပါတယ်။

ငှက်ပျောသီး

အိပ်ယာပေါ်မှာ စွမ်းဆောင်နိုင်ဖို့

Photo : Eat This, Not That

ငှက်ပျောသီး က Bromelain နှင့် ဗီတာမင် B တို့ရဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး Testosterone ဟော်မုန်းကို ထိန်းညှိပေးကာ လိင်ပိုင်းဆိုင်ရာ စွမ်းအား၊ စွမ်းဆောင်ရည်နဲ့ သက်လုံ စသည်တို့ကို တိုးစေပါတယ်။ ဒါ့အပြင် လေ့လာမှုအရ ငှက်ပျောသီးဟာ ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်ကာ စွမ်းအင်ပမာဏကို မြှင့်တင်ပေးပြီး အမျိုးသားမျိုးပွားမှုစနစ်ဆီသို့ သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ထိုသွေးလည်ပတ်မှု ကောင်းမွန်ခြင်းက လိင်စိတ်ဆန္ဒကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ ဗီတာမင် A၊ ဗီတာမင် B6 နဲ့ ဗီတာမင် C ၊ ပိုတက်စီယမ်၊ နဲ့ Antioxidants တွေလို ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။

Broccoli

အိပ်ယာပေါ်မှာ စွမ်းဆောင်နိုင်ဖို့

Photo : Epicurious

ဂေါ်ဖီစိမ်းလို့လည်း အလွယ်ခေါ်ကြတဲ့ Broccoli မှာ အီစထရိုဂျင်အဆင့်ကို လျှော့ချပေးသည့် Indole-3-carbinol မြင့်မားစွာပါဝင်တယ်။ ဒါ့အပြင် Broccoli က Libido လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အလုံးစုံသော လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒကို တိုးမြှင့်ပေးနိုင်တဲ့ အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။

ကြက်ဥ

Photo : Archana’s Kitchen

ကွီးတို့ရေ ကြက်ဥက အာဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဥအမျိုးမျိုးမှာ အမိုင်နိုအက်ဆစ် L-arginine ပါ၀င်ပြီး လိင်အင်္ဂါမသန်စွမ်းမှုကို လျော့ကျစေပါတယ်။

အသားအမျိုးမျိုး

Photo : Prevention

လိင်ဆက်ဆံမှုဘဝတိုးတက်စေပြီး အိပ်ရာပေါ်မှာ စွမ်းဆောင်နိုင်ဖို့ ကွီးတို့ရဲ့ အစားအသောက်များမှာ အသားအမျိုးမျိုးကို ထည့်သွင်းဖို့လိုပါတယ်။ အမဲသား၊ ကြက်သားနှင့် ဝက်သားများတွင် Carnitine၊ L-arginine နှင့် Zinc တို့ပါရှိသည်။ Carnitine နှင့် L-arginine တို့သည် သွေးစီးဆင်းမှုကို ကောင်းမွန်စေသော အမိုင်နိုအက်ဆစ်များ ဖြစ်ပါတယ်။ ကောင်းမွန်သော သွေးစီးဆင်းမှုက အမျိုးသားရော အမျိုးသမီးပါ လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် အသားချည်းပဲ စားသုံးတာမျိုး မဟုတ်ပဲ သင့်တင့်မျှတစွာ စားသုံးဖို့လိုပါတယ်။

စတော်ဘယ်ရီ

Photo : Pulse Nigerisa

စတော်ဘယ်ရီသီးမှာ ဗီတာမင် C မြင့်မားစွာပါဝင်ပြီး လိင်စိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတစ်ဦးအတွက် လိင်မှုဘ၀ကို သွယ်ဝိုက်သောအားဖြင့် အကျိုးများ ပေးစွမ်းနိုင်ပြီး ဆီးကျိတ်ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် အထောက်အကူပြုတဲ့ အစားအစာတွေက ကျွန်တော်တို့ နေ့စဉ်ဘဝမှာ လွယ်လွယ်ကူကူ ရနိုင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ ဒါ့အပြင် အခြားလိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်တဲ့ အစားအစာတွေကတော့ ဖရဲသီး၊ ကမာ၊ ဆော်လမွန်၊ သလဲသီး၊ တူနာ အစရှိတာတွေပဲ ဖြစ်ပါတယ်။

Source : Practo, Healthline

Featured Photo : Askman