စိတ်ဖိစီးမှုများခြင်းသည် အိပ်ရေးပျက် ည များကို ဖန်တီးနေပြီး ကြာလာတဲ့အခါ ကျန်းမာရေး ထိခိုက်လာမှာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စိတ်ဖိစီးမှုများကို လျော့ချနိုင်မှသာလျှင် အိပ်ရေးပျက် ည များစွာကနေ လွန်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုညတွေကို လွန်မြောက်ဖို့ဆိုရင် ညဘက်မှာ လျင်လျင်မြန်မြန်နဲ့ နှစ်ခြိုက်စွာ အိပ်မောကျအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းများ ရှိပါတယ်။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို မအိပ်ခင် တစ်နာရီခန့်အလိုမှာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Source: Menshealth

ဒူးနှစ်ဖက်ကို ပုံပါအတိုင်း ထောင်ထားပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို အိပ်ချလိုက်၊ ပြန်ထလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မြန်မြန်ဆန်ဆန် ပြုလုပ်စရာမလိုပါဘူး။ အိပ်ခါနီး တစ်နာရီခန့်အလိုမှ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း ဖြစ်တာကြောင့် ပုံမှာ ပြထားသလိုပဲ ဖြည်းဖြည်းချင်း ထလိုက်၊ ဖြည်းဖြည်းချင်း ပြန်လှဲချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

အိပ်ရေးပျက် ည

Source: Gfycat

ဒီလေ့ကျင့်ခန်းလေးကလည်း စောစောက လေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ ဒီလေ့ကျင့်ခန်းမှာတော့ ဒူးနှစ်ဖက်ကို မြှောက်ထားပြီး ပုံပါအတိုင်း လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်စဥ်မှာ အသက်ကို ပုံမှန် ရှူသွင်း ရှူထုတ် ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။ ဒီလေ့ကျင့်ခန်းများ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်သည် နှလုံးခုန်မြန်အောင် ပြုလုပ်ရတာ မဟုတ်လို့ အကြိမ်ရေ ၂၀၊ အကြိမ်ရေ ၁၀၀ လောက်အထိ ပြုလုပ်စရာမလိုပါဘူး။ အိပ်ခါနီးမှာ အကြောအခြင်တွေ ပြေလျော့သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားအောင်သာ ရည်ရွယ်တဲ့အတွက်ကြောင့် ဖြည်းဖြည်းလေးသာ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

အိပ်ရေးပျက် ည

Source: Blog.goodlifefitness

ဒီလေ့ကျင့်ခန်းလေးကတော့ တင်ပါးနှင့် ခြေသလုံးရှိ တင်းနေတဲ့ အကြောတွေကို ပြေလျော့သွားစေဖို့ ကူညီပေးပါတယ်။ အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ဖြောင့်တန်းထားကာ ခါးမတ်မတ်ထားထိုင်ပါ။ ထို့နောက် ခြေဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပါ။ ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် ငြိမ်ငြိမ်ထိုင်ကာ အသက်ကို ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

အိပ်ရေးပျက် ည

Source: Yoga Journal

အရင်ဦးဆုံး ယောဂဖျာပေါ်မှာ လှဲလျောင်းနေပါ။ ညာခြေကို ဘယ်ပေါင်ရင်းနားပေါ် တင်ထားကာ ဘယ်ခြေကိုလည်း ၉၀ ဒီဂရီ ထောင်ထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဘယ်ပေါင်ကို လှမ်းဆွဲကာ ရင်ဘတ်ဆီ ဆွဲကပ်လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားကာ အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ် ပြုလုပ်ပေးလိုက်ပါ။

ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘက်ပြောင်းကာ စောစောကအတိုင်း စက္ကန့် ၃၀ ခန့် ဆက်လက်ပြုလုပ်ပေးရပါမယ်။ အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ် ပြုလုပ်ဖို့လည်း မမေ့ပါနဲ့။

လေ့ကျင့်ခန်း (၅)

အိပ်ရေးပျက် ည

Source: Mensfitness

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကို ထောက်ထားပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို အတတ်နိုင်ဆုံး ပျော့ပျော့ပျောင်းပျောင်းထားကာ လက်နှစ်ဖက်ကို ကြမ်းပြင်နှင့် ထိကပ်လိုက်ပါ။ ပုံပါအနေအထားအတိုင်း ရသွားပြီဆိုရင်တော့ ၄၅ စက္ကန့်ခန့် အသက်ကို ရှူသွင်း ရှူထုတ်ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း အားလုံး ပြီးဆုံးသွားပြီဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောအခြင်များ ပြေလျာ့သွားပြီး အိပ်ရေးပျက် ည တွေ ကင်းဝေးပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပဲဖြစ်ပါတယ်။

Featured Image: Freepik