ဗိုက်ရွှဲလို့ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် ဝမ်းဗိုက်က အဆီပိုတွေကို ဖယ်ရှားဖို့ ကြိုးစားနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက အိပ် ထ မ တင် လေ့ကျင့်ခန်းထက် ပိုထိရောက်တာကြောင့် ဗိုက်အဆီချ ချင်ရင်တော့ ဒီလေ့ကျင့်ခန်းတွေကိုသာ သတိရလိုက်ပါ။

လေ့ကျင့်ခန်း (၁)

man belly workout

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုး လေ့ကျင့်ခန်းနှင့် ခုန်တဲ့ လေ့ကျင့်ခန်း နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းလုပ်ရတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

man belly workout

Source: Pinterest

ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်နှစ်ဖက်ကို ကတ်ကြေးပုံသဏ္ဍာန် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို Scissor Crunches လို့ အမည်ပေးထားပါတယ်။ ဘယ်ခြေနှင့် ညာခြေကို တစ်လှည့်စီ အပေါ်လွှဲလိုက်၊ အောက်လွှဲလိုက်ဖြင့် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

man belly workout

Photo : Men’s Health

Squat Jump က ကယ်လိုရီလောင်ကျွမ်းမှု ပြင်းထန်တဲ့ အပြင် ဗိုက် အဆီကို ကျစေမဲ့အပြင် ခန္ဓာကိုယ်အောက်ပိုင်း ကြံခိုင်မှုအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းများ ထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့ ခြေထောက်ပါ တင်ပါးအနံအတိုင်းရပ်ပါ။ ပြီးနောက် ကွီးတို့ခြေထောက်ပါ ကွေးလိုက်ပြီး တင်ပါးကို Squat ထိုင်သကဲ့သို့‌ နှိမ့်ချပါ။ ထို့နောက် လက်များကိုနောက်သို့လွှဲလျက်ခုန်လိုက်ပါ။ အစအနေအထားသို့ ပြန်သွားပြီး ထိုကဲ့သို့ ထပ်ခါ ထပ်ခါ လုပ်သွားပေးပါ။

လေ့ကျင့်ခန်း (၄)

အိပ် ထ မ တင်

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ တွားသွားပြီးတော့ ခန္ဓာကိုယ်ကို ဘေးသို့စောင်းကာ အပေါ်မြှောက်ရမှာဖြစ်ပါတယ်။ ဘယ်၊ ညာ တစ်ဖက်စီကို တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

အိပ် ထ မ တင်

Source: 24 Life

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် ဖျာပေါ်တွင် ထိုင်ကာ လက်နှစ်ဖက်ကိုမြှောက်ပြီး ရင်ဘတ်ကို ကပ်ထားပါ။ အလေးတုံး ကဲ့သို့ အကူကိရိယာသုံးလည်း ရပါတယ်။ ထို့နောက် ခြေနှစ်ဖက်ကို မြှောက်ပြီး ဒူးများကို အနည်းငယ်ကွေးကာ ကိုယ်ကို အနောက်သို့ အနည်းငယ်ဆန့်ထားပါ။
ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘယ်ဘက်နှင့် ညာဘက်သို တစ်လှည့်စီလှည့်ပါ။

သတိပြုရမယ့် အချက်ကတော့ လေ့ကျင့်ခန်းလုပ်နေစဉ် အသက်ရူအောင့်မထားပါနဲ့။

လေ့ကျင့်ခန်း (၆)

အိပ် ထ မ တင်

Source: Menshealth

ကွီးတို့ ဗိုက်အဆီတွေလောင်ကျွမ်းဖို့ဆို Plank လေ့ကျင့်ခန်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ Plank လေ့ကျင့်ခန်းတွေက ဝမ်းဗိုက်အဆီကိုသာမက တစ်ကိုယ်လုံးမှာရှိတဲ့ အဆီတွေကိုပါ လောင်ကျွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းကို စစချင်းပြုလုပ်မယ်ဆိုပါက စက္ကန့် ၃၀ ခန့်ထောက်ပြီး နောက်ပိုင်းမှာ ၁ မိနစ်နဲ့ ၂ မိနစ်အထိ ထိန်းနိုင်အောင် ကြိုးစားပါ။

ဒီလေ့ကျင့်ခန်းတွေကတော့ အိပ် ထ မ တင် လေ့ကျင့်ခန်းထက် ပိုထိရောက်ပါတယ်။ ကွီးတို့ရော အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို နေ့တိုင်း ပြုလုပ်ဖို့ ရယ်ဒီပဲလား။

Source: Menshealth

Featured Image: Eatthis.com