ကိုယ်ချစ်ရတဲ့ ချစ်သူနဲ့ အမြန်ဆုံးနီးစပ်ချင်ပြီး အတူတူနေချင်ကြတာကတော့ ချစ်သူတိုင်း ခံစားရလေ့ရှိကြတဲ့ ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။ သို့သော် ကိုယ့်ရဲ့အသက်အရွယ်အားဖြင့် ၃၀ ပြည့်ခါနီး (သို့) ၃၀ ကျော်မှာ ကိုယ့်ချစ်ရတဲ့သူနဲ့ ချစ်သူဖြစ်ပြီးသိပ်မကြာဘူး လက်ထပ်လိုက်ရင်တော့ ကိစ္စမရှိပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်လိုက်ကြတဲ့ အိမ်ထောင်ဖက် တွေမှာတော့ မရင့်ကျက်သေးတဲ့အတွက်ကြောင့် အိမ်ထောင်ရေး ပြဿနာ များကို ဖြေရှင်းနိုင်စွမ်း နည်းကြပါတယ်။

အိမ်ထောင်တစ်ခု တည်ဆောက်ခြင်းသည် လက်တွေ့ဆန်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး နှစ်ယောက်တည်းချစ်နေရုံနဲ့ မပြီးသလို ချစ်သူဘဝက ကြည်နူးစရာ တီတီတာတာများကို လက်ထပ်ပြီးတဲ့အခါ မခံစားနိုင်တာ အသေအချာပါပဲ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ်သည် အမှန်တကယ်အိမ်ထောင်ပြုချင်တာလား။ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်းကမ္ဘာကို သေချာတည်ဆောက်ပြီး တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။

အိမ်ထောင်ဖက် အိမ်ထောင်ရေး

တကယ်လို့ မရင့်ကျက်သေးတဲ့အရွယ်မှာ ဘာမှသေချာမစဉ်းစားဘဲ လက်ထပ်လိုက်ကြမယ်ဆိုရင် ထို အိမ်ထောင်ဖက် တွေမှာ အခုဖော်ပြသွားမယ့် အိမ်ထောင်ရေး ပြဿနာ များနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ ထိုအခက်အခဲများကို နှစ်ယောက်အတူတူ နားလည်မှုရှိရှိနဲ့ အတူတူမကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ အိမ်ထောင်တစ်ခု ပြိုကွဲသွားမှာပဲဖြစ်ပါတယ်။ ကိုယ် ချစ်ရတဲ့သူနဲ့ သက်ဆုံးတိုင် အတူတူလက်တွဲသွားချင်တယ်ဆိုရင်တော့ ခေါင်းအေးအေးထားကာ အစီအစဉ်သေချာဆွဲပြီး စဉ်းစားဆုံးဖြတ်သင့်ပါတယ်။

တကယ်လို့ မရင့်ကျက်သေးတဲ့ ငယ်ရွယ်ချိန်မှာ စောစောစီးစီး အိမ်ထောင်ပြုဖြစ်ခဲ့တယ်ဆိုရင်လည်း အခုဖော်ပြပေးမယ့် ပြဿနာအခက်အခဲများကို အတူတူရင်ဆိုင်ဖြေရှင်းဖို့လိုအပ်ပါတယ်။

ငွေရေးကြေးရေး အခက်အခဲများ

young couple

ဘွဲ့ရပြီးခါစ လုပ်ငန်းခွင် ဝင်ခါစအချိန်မှာ ကိုယ့်ရဲ့ဝင်ငွေသည် အနည်းဆုံးအချိန်ဖြစ်ပါတယ်။ တကယ်လို့ သင်သည် မျိုးရိုးစဉ်ဆက်ချမ်းသာသူတစ်ယောက်ဆိုရင်တော့ ဒီအခက်အခဲကို ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ကိုယ်ထူး ကိုယ်ချွန်ကာ လုပ်ကိုင်နေရသူများအတွက်တော့ အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါ ငွေရေးကြေးရေးပိုင်းကို သေချာစဉ်းစားရမှာပဲဖြစ်ပါတယ်။ အိမ်စရိတ်၊ စားစရိတ်များအပြင် မီတာခ၊ ကိုယ်ပိုင်အသုံးစရိတ်၊ သူ့မိဘ ကိုယ့်မိဘကို ထောက်ပံ့ရမယ့်အရာများ၊ ဒီကြားထဲမှာ ကိုယ်က ခရီးသွားရတာ ဝါသနာပါပြီး ကိုယ့်လက်တွဲဖော်က ရှော့ပင်းထွက်ရတာ ဝါသနာပါတယ်  စတဲ့ အသေးစိတ်အချက်များကိုပါ စဉ်းစားထားသင့်ပါတယ်။ နို့မဟုတ်ရင် တစ်နေ့တစ်နေ့ ငွေရေးကြေးရေးကြောင့် အမြဲတမ်း တကျက်ကျက်စကားများရပြီး အမြဲတမ်း စိတ်ဆင်းရဲနေရပါလိမ့်မယ်။

တစ်ယောက်ကို တစ်ယောက်ဂရုမစိုက်နိုင်ခြင်း

young couple

လက်ထပ်ပြီးတဲ့အခါ ဟန်းနီးမွန်းဘဝသည် အချိန်အတိုင်းအတာတစ်ခုအထိပဲခံပါတယ်။ လက်ထပ်ပြီး တစ်လ၊ နှစ်လလောက်ကြာတဲ့အခါ လက်တွေ့ဘဝကို ပြန်လည်အမှတ်ရလာကာ သူ့အလုပ်၊ ကိုယ့်အလုပ်စသည်ဖြင့် အလုပ်တာဝန်ကိုယ်စီ ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။ တစ်ယောက်က အလုပ်များလွန်းပြီး အခြားတစ်ယောက်က အလုပ်သိပ်မများဘူးဆိုရင်လည်း ငါ့ကို ဂရုမစိုက်ဘူး။ အရင်လိုမချစ်တော့ဘူး စသည်ဖြင့် ဆိုက်ကိုတွေဖောက်လာပါလိမ့်မယ်။ တစ်ဖက်ကလည်း အလုပ်များလွန်းတဲ့အတွက်ကြောင့် အခြားတစ်ယောက်ရဲ့ ရစ်တာတွေကို သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲလာပါလိမ့်မယ်။ ဒီလိုအဖုအထစ်တွေ များလာတဲ့အခါ ထိုအိမ်ထောင်ရေးသည် တစ်စစီ ပြိုကွဲသွားနိုင်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ချုပ်ချယ်လွန်းခြင်း

young couple

မရင့်ကျက်သေးတဲ့ ငယ်ရွယ်ချိန်ဖြစ်တဲ့အတွက်ကြောင့် အပျော်အပါး၊ အပေါင်းအသင်းများ မက်ကြပါတယ်။ ညဘက်အပြင်မထွက်ရဘူး။ ဟိုလူတွေနဲ့ မသွားရဘူး။ ဒီလူနဲ့ မပေါင်းသင်းရဘူလို့ ချုပ်ချယ်လွန်းတဲ့အခါ တစ်ဖက်လူသည် တဖြည်းဖြည်း မွန်းကြပ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ လှောင်အိမ်ထဲ ပိတ်မိနေသလို ခံစားရပြီး ထိုလှောင်အိမ်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားပါလိမ့်မယ်။

တကယ်လို့ ထိုလှောင်အိမ်ထဲကနေ ရုန်းထွက်ဖို့ မကြိုးစားဘူးဆိုရင်တောင်မှာ သူ့မှာ အပေါင်းအသင်း မိတ်ဆွေများ မရှိတော့ဘဲ သူ့ရဲ့လူမှုဘဝသည်လည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာကာ အထီးကျန်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဘက်သည်လည်း ကိုယ့်အတွက် တစ်ချိန်လုံး အချိန်မပေးနိုင်တဲ့အခါ သူသည် စိတ်ကျရောဂါကိုပါ ခံစားရလာပါလိမ့်မယ်။

ယောက္ခမများနှင့် ပေါင်းသင်းဆက်ဆံရေး

အိမ်ထောင်ဖက် အိမ်ထောင်ရေး

Photo: The Relationship Suite

ငယ်ရွယ်တဲ့အတွက်ကြောင့် စိတ်တိုစိတ်ဆတ်လွယ်တဲ့အချိန်ဖြစ်ပြီး သူ့မိဘ ကိုယ့်မိဘတွေဆိုသည်မှာလည်း သင်တို့နှစ်ယောက်ကို စိတ်မချဖြစ်ပြီး ဟိုကိစ္စလိုက်ပြော ဒီကိစ္စလိုက်ပြောဖြင့် အရာရာတိုင်းမှာ ပါဝင်ခြယ်လှယ်နေမှာဖြစ်ပါတယ်။ ကြိမ်ဖန်များလာတဲ့အခါ ယောက္ခတွေအပေါ် မကောင်းမြင်လာပြီး သည်းခံစိတ်လည်း ကုန်ခမ်းလာကာ အကုန်လုံးကို အပြစ်မြင်လာပါလိမ့်မယ်။ ယောက္ခမတွေကို အပြစ်ပြောလို့မရတော့ နောက်ဆုံးမှာတော့ ကိုယ့်အိမ်ထောင်ဖက်ကိုပဲ ရန်ရှာမိနေပြီး ကတောက်ကဆဖြစ်လာပါလိမ့်မယ်။

ကိုယ့်သားသမီးကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ မသိခြင်း

အိမ်ထောင်ဖက် အိမ်ထောင်ရေး

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုပြီး ကလေးရလာတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်က မိဘနေရာရောက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အခါ သားသမီးတွေကို သွန်သင်ဆုံးမတဲ့အခါ ပြဿနာရှိနိုင်ပါတယ်။ မိဘနဲ့ သားသမီး ဆက်ဆံရေးမကောင်းတဲ့အခါ သားသမီးကို ထိန်းကျောင်းစောင့်ရှောက်တဲ့နေရာမှာ အားနည်းပြီး သားသမီးနဲ့ မိဘကြား သွေးအေးသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။

အိမ်ထောင့်တာဝန်များ လစ်ဟင်းခြင်း

အိမ်ထောင်ဖက် အိမ်ထောင်ရေး

ဝင်ငွေထွက်ရှာရတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်တော့တာ အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ် တာဝန်မကျေတော့တာ စတာတွေ ကြုံတွေ့လာရမှာဖြစ်ပြီး အချိန်ကြာလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စိတ်ကုန်လာနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ အိမ်ထောင်ဖက်သည် အိမ်အလုပ်အပြင် ရုံးအလုပ်တွေပါ တာဝန်ယူထားရရင် ပိုဆိုးပါတယ်။ အိမ်ထောင့်ဝန်ကို အတူတူ တစ်လှည့်စီ မထမ်းရွက်တဲ့အခါ ရေရှည်မှာ သူသည်လည်း ခံနိုင်ရည်ရှိမှာမဟုတ်တော့ပါဘူး။

ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်တဲ့အခါ အိမ်ထောင်ဖက် တွေအနေနဲ့ အိမ်ထောင်ရေး ပြဿနာ များကို ကျော်ဖြတ်ဖို့အတွက်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပေးကာ အခက်အခဲများကို အတူတူရင်ဆိုင်ကျော်ဖြတ်သင့်ပါတယ်။

တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုထားပြီး သစ္စာရှိရှိနဲ့ ပေါင်းသင်းဆက်ဆံမယ်ဆိုရင် သာယာပျော်ရွှင်ကာ အောင်မြင်ရတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။

Featured Image: Marriage