သမီးရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ နှစ်ခုကြားမှာ ကွဲပြားခြားနားချက်တွေ အများကြီး ရှိပါတယ်။ အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာ ကံစမ်းမဲနှိုက်သလို သဘောထားလို့တော့ မရပါဘူး။ ချစ်ရသူနဲ့ တူနှစ်ကိုယ် လက်တွဲပြီး ဘဝပင်လယ်ထဲ ရွက်လွင့်ကြတော့မယ်ဆိုရင် ကြိုတင်စဉ်းစား ပြင်ဆင်ရမယ့် အရာတွေရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ဘဝလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်မှု ဘဝတစ်ခု တည် ဆောက်နိုင်ဖို့ လက်မထပ်ခင်မှာ ကြိုတင်စဉ်းစားရမယ့် အချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ဘဝရပ်တည်မှုအတွက် အလုပ်အကိုင် အတည်တကျရှိပြီလား


Photo : Unsplash

ချစ်တာတစ်ခုတည်းကို အခြေခံပြီး လက်ထပ်မယ်။ တစ်ခြား ဘာမှမစဉ်းစားဘူးဆိုတာ လက်လွတ်စပယ် နိုင်လွန်းပါတယ်။ စဉ်းစားပါ။ အိမ်ထောင်ပြုပြီးလို့ မိသားစုတစ်ခု တည်ထောင်ရာမှာ စားဝတ်နေရေးအတွက် သင့်တင့်တဲ့ လုပ်ခလစာနဲ့လူတန်းစေ့နေနိုင်မယ့် အလုပ်အကိုင် ရှိနေပြီလား။ ရှေ့ဆက်ပြီး ဘယ်လို ရပ်တည်မလဲဆိုတာ စဉ်းစားပါ။

(၂) နှစ်ဘက်မိသားစု အသိုင်းအဝိုင်း အဆင်ပြေရဲ့လား


Photo : The Honeycombers

ဒီအချက်ကလည်း အရေးကြီးပါတယ်။ ကိုယ်ချစ် သူချစ်ဆိုတဲ့အချက်အပြင် နှစ်ဘက်အသိုင်းအဝိုင်းရဲ့ အခြေအနေကိုလည်း ကြည့်ရမှာပါ။ စိတ်ချမ်းမြေ့စရာ အိမ်ထောင်ရေးတစ်ခု ဖြစ်ဖို့ဆိုရင် ကိုယ့်ဘက် သူ့ဘက် နှစ်ဘက် မိဘအသိုင်းအဝိုင်းက လက်ခံ/မခံကိုလည်း ထည့်ပြီး စဉ်းစားသင့်ပါတယ်။

(၃) ပိုက်ဆံလုံလုံလောက်လောက် စုမိဆောင်းမိ ဖြစ်ပြီလား


Photo : The Capital Advisor

ဒီဘက်ခေတ်မှာ မင်္ဂလာပွဲအခမ်းအနားတစ်ခုရဲံ ကုန်ကျစရိတ်က မနည်းပါဘူး။ ခန်းမငှားခ ၊ Pre-Wedding ရိုက်ဖို့ ၊ ဝတ်စုံဖိုး ၊ မင်္ဂလာလက်စွပ်နဲ့ ခန်းဝင်ပစ္စည်းဖိုး စသည် စသည်ဖြင့် ဇာချဲ့ရင် ချဲ့သလောက် ကုန်ပါတယ်။ ဒီအတွက် လက်ထဲမှာ ပိုက်ဆံစုထားတာ ရှိပြီလား။ ဒီအချက်ကို စစဉ်းစားရမှာပါ။

(၄) သစ္စာရှိရှိ ပေါင်းသင်းနိုင်ပြီဆိုတာ သေချာရဲ့လား

Photo : Live Bold and Bloom

အိမ်ထောင်ပြုတယ်ဆိုတာ ဝတ္တရားတစ်ခု မဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဘက်ကို တကယ် သစ္စာရှိရှိ မြတ်မြတ်နိုးနိုး တစ်သက်လုံး စောင့်ရှောက်သွားနိုင်မလားဆိုတ အလွန်ပဲ အရေးကြီးပါတယ်။ သစ္စာ ၊ မေတ္တာနဲ့မိသားစုဘဝ ခံယူချက်ကောင်းတွေနဲ့ချစ်ချစ်ခင်ခင် ချီတက်မှသာ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာမှာပါ။

Featured Photo : BuzzFeed