မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေး ကို ဘရန့်ဖို့ဒ်အသင်းဘက်ကနေ ပြောင်းရွေ့တစ်ရပ် သတ်မှတ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး နည်းပြ သောမတ်စ်ဖရန့် က အခိုင်အမာ ငြင်းဆိုသွားခဲ့ပါတယ်။

Ivan Toney and Thomas Frank

Photo : Football London

နွေရာသီ အပြောင်းအရွှေ့ဈေးကွက် နီးကပ်လာတာနဲ့အမျှ အင်္ဂလန် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ထိပ်သီး ကလပ်တွေကြား စိတ်ဝင်စားစရာ ပစ်မှတ်ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာတာပါ။ အစောပိုင်းတုန်းက ဘရန့်ဖို့ဒ်အသင်း တာဝန်ရှိသူတွေဟာ တိုက်စစ်မှူး တိုနေး အတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၅၀ အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နည်းပြ သောမတ်စ်ဖရန့် ကတော့ ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

” ဒီကိစ္စနဲ့ ပတ်သတ်ပြီး အသင်းဒါရိုက်တာနဲ့ အသင်းပိုင်ရှင်တွေကိုပဲ မေးသင့်ပါတယ်။ သူတို့က ဒီမေးခွန်းကို ဖြေဖို့ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်အနေနဲ့တော့ ပြောင်းရွေ့ကြေး သတ်မှတ်ထားတာမျိုး လုံးဝမရှိဘူးဆိုတဲ့ အဖြေကိုပဲ ဖြေရမှာပါ ”

Thomas Frank

Photo : Goal.com

” ဒီဇာတ်လမ်းနဲ့ ပတ်သက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အကယ်၍ ခင်ဗျားသာ ၅ ပွဲမှာ ၅ ဂိုးသွင်းနိုင်ရင် ခင်ဗျားရဲ့တန်ကြေးက ထိုးတက်သွားမှာပါပဲ။ တိုက်စစ်မှူးတစ်ယောက်အတွက်က အချိန်နဲ့အမျှ စွမ်းဆောင်လာနိုင်ပါက စျေးပိုကောင်းလာမှာပါ။ အိုင်ဗန်ကကစားသမားကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။ သူကိုယ်တိုင်လည်း ဒါကိုအကြိမ်ကြိမ်သက်သေပြခဲ့ပါတယ်။ သူ ပြီးခဲ့တဲ့ရာသီတုန်းက တကယ်ကို အံ့မခန်းပါပဲ။ အင်္ဂလန်အသင်းနဲ့ ပွဲဦးထွက်မှာလည်း စွမ်းဆောင်ရည်ကောင်းပြနိုင်ခဲ့တဲ့အတွက် သူဟာ အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ် ” လို့ နည်းပြ သောမတ်စ်ဖရန့် က ပြောကြားသွားခဲ့ပါတယ်။

Featured Photo : Goal.com