မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် နာပိုလီ တိုက်စစ်ကစားသမား ဗစ်တာ အိုဆင်မန် နဲ့ ဘင်ဖီကာ တိုက်စစ်ကစားသမား ဂွန်ဆာလို ရာမို့စ် တို့ကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။
Photo Credit : Sport Tigers
မန်ယူနိုက်တက်အသင်းက ဒီရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွင်း မားကပ်စ် ရပ်ရှ်ဖို့ဒ် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်တယ် ဆိုပေမဲ့လည်း အထောင်တိုက်စစ် နေရာအတွက်ကတော့ ထိပ်တန်းကစားသမားတစ်ဦး လိုအပ်နေပါသေးတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒို အသင်းက ထွက်ခွာသွားချိန် အန်တိုနီ မာစီယဲလ်ကလည်း ဒဏ်ရာ ပြသာနာတွေနဲ့ လုံးပန်းနေရတာဖြစ်လို့ အသင်းအတွက် no (9) role striker တစ်ဦးက မဖြစ်မနေကို လိုအပ်လာခဲ့ရပါတယ်။
Photo Credit : Man Utd News
ဒီနေရာအတွက် ယူနိုက်တက်တို့ နံပါတ်တစ် ပစ်မှတ်ထားနေတာက အိုဆင်မန်ပါ။ နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ ဒီရာသီမှာ နာပိုလီအသင်းအတွက် အတော်လေးကို တောက်ပထားနိုင်ခဲ့သူဖြစ်လို့ ယူနိုက်တက်က ကင်းထောက်တွေပါ စေလွှတ်ပြီး သူရဲ့ ခြေစွမ်းပိုင်းတွေကို အနီးကပ် လေ့လာမှုတွေပါ လုပ်ဆောင်ထားခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ အိုဆင်မန် ဟာ ဒီရာသီမှာ နာပိုလီအတွက် ပြိုင်ပွဲစုံ ပွဲ(၂၀) ကစားထားအပြီး စုစုပေါင်း သွင်းဂိုး (၂၀) သွင်းယူထားနိုင်သလို စီးရီးအေမှာလည်း (၁၈)ဂိုးနဲ့ ဦးဆောင်ထားပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အိုဆင်မန်ကို ယူနိုက်တက်အပြင် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။
Photo Credit : The Guardian
အိုဆင်မန် ရဲ့ ပြောင်းရွှေ့ကြေး မြင့်မားလွန်းနေတာပဲဖြစ်ဖြစ် ကစားသမားကိုယ်တိုင်က နာပိုလီကနေ မထွက်ခွာချင်တာပဲဖြစ်ဖြစ် အဲ့ဒီလို ဖြစ်လာခဲ့မယ်ဆိုရင်လည်း ယူနိုက်တက်ဘက်က plan b အနေနဲ့ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ရာမို့စ် ကို ကမ်းလှမ်းလာဖို့ ရှိနေပြီး ဒီကစားသမားကိုလည်း ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက် ပရိသတ် အများစုကတော့ ရာမို့စ် ထက် အိုဆင်မန်ကိုသာ အရ ခေါ်ယူစေချင်နေပြီး အိုဆင်မန် ကတော့ နာပိုလီမှာ ဆက်နေသွားဖို့သာ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။