ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ် ဆီက အောင်မြင်ရေးအကြံဉာဏ်တွေ နားထောင်ချင်မလား။ Tesla နဲ့ SpaceX တည်ထောင်သူ မတ်စ်ကို Lex Fridman Podcast ရဲ့ Episode က ကျောင်းသားအရွယ် လူငယ်တွေအတွက် ဘဝအောင်မြင်ရေးဆိုင်ရာ အကြံဉာဏ်တွေ တောင်းခဲ့ပါတယ်။ မတ်စ်ကလည်း ဖရိုင်းဒ်မန်းရဲ့ Podcast မှာ ပိုမိုကောင်းမွန်တဲ့ ဘဝလမ်းကြောင်းအတွက် အကြံတချို့ပေးခဲ့တာ ရှိပါတယ်။ ဒီအကြံဉာဏ်တွေထဲက စကား ၅ ခွန်းကို အခုတစ်ခေါက် မျှဝေပေးချင်ပါတယ်။
(၁) အသုံးဝင်အောင်နေ
Photo : Pexels
အပြုသဘောဆောင်တဲ့ဘဝလမ်းကြောင်းပေါ် လျှောက်လှမ်းမယ့် လူငယ်တွေဟာ အရင်ဆုံး သူတို့ကိုယ်သူတို့ အသုံးဝင်အောင် ကြိုးစားပါလို့ မတ်စ်က အကြံပေးပါတယ်။ “လူအဖြစ်ကို ရောက်ခြင်းမှာ လောကအတွက် အကျိုးရှိ အသုံးဝင်တဲ့ အရာတွေ လုပ်ပါ။ အသုံးဝင်ဖို့ဆိုတာ သိပ်ကို ခက်တယ်နော်”တဲ့။ အသုံးဝင်တဲ့ အလုပ်လုပ်နေတာဟာ ထိုက်တန်တဲ့ဘဝ ရနေတာပါပဲ။
(၂) လူ့အဖွဲ့အစည်းအတွက် အကျိုးပြု
Photo : Pexels
မတ်စ်ရဲ့ ဒုတိယအကြံဉာဏ်က လူတစ်ယောက်ဟာ သူစားသုံးခဲ့တာထက် ပိုပြီး အကျိုးပြန်ပြုဖို့ပါတဲ့။ “လူ့အဖွဲ့အစည်းအတွက် အသားတင်ကောင်းကျိုးပေးဖို့ ကြိုးစားပါ။ ဒါကလည်း လူငယ်တွေ ထားသင့်တဲ့ ရည်မှန်းချက်တစ်ခုပါပဲ။” လို့ မတ်စ်က ဖရိုင်းဒ်မန်းက ဆိုပါတယ်။
(၃) ခေါင်းဆောင်ဖြစ်ဖို့ မကြိုးစားနဲ့
Photo : Pexels
ကျောင်းသားအရွယ် လူငယ်တစ်ယောက်အဖို့ ခေါင်းဆောင်ဖြစ်ချင်ရင် ခေါင်းဆောင်ဖြစ်ဖို့ မကြိုးစားနဲ့လို့ မတ်စ်က ပြောပါတယ်။ “မင်းခေါင်းဆောင် ဖြစ်စေချင်တဲ့သူတွေဟာ ခေါင်းဆောင်မဖြစ်ချင်တဲ့ လူတွေဖြစ်ကြတာ အများကြီးပဲ”တဲ့။
(၄) စာဖတ်ပါ။ သတင်းအချက်အလက်ကို ကျေလည်အောင်လုပ်ပါ
Photo : Pexels
မတ်စ်ကလေးဘဝက စွယ်စုံကျမ်းကို အလွတ်ရမတတ် ဖတ်ခဲ့တယ်လို့ ဆိုပါတယ်။ “လူတွေကို စာများများ ဖတ်ဖို့ တိုက်တွန်းတယ်။ သတင်းအချက်အလက်တွေ ရနိုင်သမျှ ရအောင် ယူဖို့ပါ။ အထွေထွေဗဟုသုတကောင်းကောင်း ရှိအောင်လုပ်ပါ။”
(၅) လူတွေနဲ့ စကားပြောပါ
Photo : Pexels
မတ်စ်ရဲ့ လူငယ်တွေအတွက် ပြောသွားတဲ့ အကြံတစ်ခုက လူအမျိုးမျိုးနဲ့ စကားပြောဖို့ပါ။ နယ်ပယ်နောက်ခံအမျိုးမျိုး ၊ ပညာရပ် တတ်ကျွမ်းမှုနဲ့ အရည်အချင်းမတူတဲ့ လူအမျိုးမျိုးနဲ့ စကားပြောပြီး သင်ယူနေပါလို့ ဆိုပါတယ်။
Featured Photo : The Verge