ဆံသားနဲ့ ဦးရေပြား ကျန်းမာရေးအတွက် အုန်းဆီထက် ပိုကောင်းတဲ့ သဘာဝပစ္စည်း မရှိပါဘူး။ အုန်းဆီဟာ ဆံကေသာထဲကို စိမ့်ဝင်နိုင်တဲ့အတွက် ဆံသားနဲ့ ဦးရေပြားအတွင်းပိုင်းအထိ နက်ရှိုင်းစွာ အားဖြည့်ပေးပါတယ်။ ဆံသားနဲ့ ဦးရေပြားကို အုန်းဆီတိုက်ရိုက် လိမ်းနိုင်သလို သဘာဝခေါင်းလျှော်ရည်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘတ်ဂျက်သက်သာပြီး ဆံသားကျန်းမာရေးအတွက် အကျိုးပြုတဲ့ အိမ်လုပ် အုန်းဆီ ခေါင်းလျှော်ရည် ပြုလုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

လွယ်ကူရိုးရှင်း အိမ်လုပ် အုန်းဆီ ခေါင်းလျှော်ရည်

Photo : Organic Facts

အခုပြောပြမယ့် အလွယ်ကူဆုံး အိမ်လုပ် အုန်းဆီ ခေါင်းလျှော်ရည် ပြုလုပ်နည်းလေးကတော့ ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ ပြုလုပ်ရန်ဖို့အချိန် ၅ မိနစ် ဝန်းကျင်သာ ကြာပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းများ

  • ရေ ၅ အောင်စခန့်
  • ဆပ်ပြာ (Castile Soap) ၄ အောင်စခန့်
  • ဆား စားပွဲတင်ဇွန်း ၂ ဇွန်း
  • အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • Jojoba ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အုန်းမွှေးဆီ (Coconut Fragrance Oil) အစက် ၂၀ ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဆုံး အိုးတစ်ခုထဲမှာ ရေကို မိနစ်အနည်းငယ်ခန့် ကြိုပေးရပါမယ်။ ရေဆူလာရင် မီးပိတ်ပြီးဆပ်ပြာ (Castile Soap) ကို နည်းနည်းချင်းစီလောင်းထည့်ကာ အဆက်မပြတ် ညင်သာစွာမွှေပေးပါ။ ပြီးတဲ့အခါ ဆားကိုလည်း ရောထည့်ပြီး ဆက်မွှေပေးပါ။ နောက်ဆုံးမှာ အုန်းဆီ ၊ Jojoba ဆီ နဲ့ အုန်းမွှေးဆီ တို့ကို ရောထည့်ပြီး ထပ်မံ သမသွားအောင် မွှေပေးရပါမယ်။ ရလာတဲ့ အုန်းဆီခေါင်းလျှော်ရည်ကို အအေးခံပြီး ဖန်ပုလင်းထဲထည့်သိမ်းကာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အုန်းဆီနဲ့ ပျားရည်ရောစပ် ခေါင်းလျှော်ရည်


Photo : StyleCraze

အိမ်လုပ်ခေါင်းလျှော်ရည်မှာ ဆပ်ပြာရည် ၊ အုန်းဆီ ၊ အမွှေးရနံ့ဆီတွေ ပါဝင်ပေမယ့် အသင့်လုပ်ပြီးသား ခေါင်းလျှော်ရည်တွေထက် ဓာတုပစ္စည်းပါဝင်မှုဟာ အများကြီး ပိုနည်းပါတယ်။ ဓာတုပစ္စည်းတွေဟာ ဆံသားကို ကြမ်းတမ်းပျက်စီးစေတဲ့ အတွက် ပိုမိုကောင်းမွန်တဲ့ အိမ်လုပ် အုန်းဆီနဲ့ ပျားရည်ရောစပ် ခေါင်းလျှော်ရည် ကို အသုံးပြုကြည့်နိုင်ပါတယ်။

လိုအပ်တဲ့ပါဝင်ပစ္စည်းများ

  • အုန်းဆီ ၁ ခွက်
  • ရှားစောင်းလက်ပတ်ဂျယ် ၁ ခွက်
  • ပေါင်းခံထားတဲ့ရေ ၂ အောင်စခန့်
  • ပျားရည် (Raw Honey) စားပွဲတင်ဇွန်း ၂ ဇွန်း
  • လာဗင်ဒါ Essential Oil စားပွဲတင်ဇွန်း ၁ ဇွန်း
  • Rosemary Essential Oil စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆပ်ပြာရည် (Liquid Castile Soap) ခွက်တဝက်
  • ထောပတ်သီးဆီ စားပွဲတင်ဇွန်း ၁ ဇွန်း (ဆံသားခြောက်သွေ့သူများသာ ထည့်သုံးရန်)

ပြုလုပ်နည်းအဆင့်ဆင့်

ပျားရည်ကို ကြက်သီးနွေးရေထဲမှာ ပျော်ဝင်သွားသည်အထိ ဖြည်းဖြည်းချင်းမွှေပေးပါ။ ပြီးတဲ့အခါ ကျန်ပါဝင်ပစ္စည်းတွေအားလုံးနဲ့ ဆပ်ပြာကိုရောထည့်ပြီး သမအောင်ထပ်မွှေပေးရပါမယ်။ ရလာတဲ့ အုန်းဆီနဲ့ ပျားရည်ရောစပ် ခေါင်းလျှော်ရည်ကို ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းကာ အသုံးပြုနိုင်ပါတယ်။ ခေါင်းလျှော်ရည်ကို အသုံးမပြုမီ ပုလင်းကို ကောင်းကောင်း ရှိတ်ပေးပါ။ ရေခဲသေတ္တာထဲမှာထားသုံးမယ်ဆိုရင် ၂ – ၃ ပတ်အထိ အထားခံပါတယ်။

Featured Photo : Homesteading