ချန်ပီယံလိဂ် အုပ်စု (F) ကို အုပ်စုမဲခွဲပြီးကတည်းက အားလုံး စိတ်ဝင်စားခဲ့ကြတယ်။ ပီအက်စ်ဂျီ အေစီမီလန် ဒေါ့မွန် နဲ့ နယူးကာဆယ် ဒီ(၄)သင်း တစ်အုပ်စုတည်း အတူတူ ကျရောက်နေတဲ့ အုပ်စုဆိုတော့ စိတ်မဝင်စားနိုင်ရိုးလား။ အခုလည်း ဒီ(၄)သင်းက အုပ်စု (၄)ပွဲထိ ကစားထားပြီးချိန်မှာပါ အလွန် စိတ်ဝင်စားစရကောင်းတဲ့ အခြေအနေမျိုး ရောက်ရှိလာခဲ့ပါတယ်။ ဒီအကြောင်းလေး ဖော်ပြပေးသွားချင်ပါတယ်။

dortmund psg ac newcastle

Photo Credit : ESPN FC

အုပ်စု (၄)ပွဲ ကစားပြီးတဲ့အချိန်မှာ ဒေါ့မွန်က (၇)မှတ် ပီအက်စ်ဂျီက (၆)မှတ် အေစီမီလန်က (၅)မှတ် နဲ့ နယူးကာဆယ်က (၄)မှတ် ရမှတ်တွေကို အစဉ်လိုက်ပါ ရပ်တည်နေကြပါတယ်။ အားလုံးကတော့ ဒီအုပ်စုကို စမြင်လိုက်ရကတည်းက ပီအက်စ်ဂျီကို အုပ်စုဗိုလ်နေရာ သတ်မှတ်ပေးထားမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လည်း (၄)ပွဲထိ ကစားထားပြီးချိန်မှာတော့ ပီအက်စ်ဂျီက အုပ်စု ဒုတိယသာ ရှိနေပြီး လက်ရှိ အနေအထားအရ ဆိုရင်လည်း (၄)သင်းလုံးမှာ အုပ်စုတက်ခွင့်တွေ ရှိနေပါသေးတယ်။

psg ac dortmund newcastle

Photo Credit : AZR

အခုက အုပ်စုပွဲစဉ်တွေ အပြီးသတ်ဖို့အတွက် လက်ကျန် (၂)ပွဲပဲ ကျန်ရှိနေပါတော့တယ်။ ဒါပေမယ့် ဒီအချိန်မှာ နိုင်ပွဲ (၁)ပွဲစီသာ ရထားသေးတဲ့ မီလန် နဲ့ နယူးကာဆယ်အတွက်ကတော့ လက်ကျန် (၂)ပွဲလုံးဟာ ပိုပြီး အရေးကြီးပါတယ်။ နှစ်သင်းလုံးကလည်း စိန့်ဂျိမ်းစ်ပတ်ခ်မှာ ပြန်လည် ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲမှာ ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာမလဲ ဆိုတာကလည်း လုံးဝ စိတ်ဝင်စားစရာပါ။ နောက်ပြီး ဒီအုပ်စုရဲ့ အင်အားအကြီးဆုံး ပီအက်စ်ဂျီကရော အုပ်စုတက်သွားမလား ဘယ်လို အခြေအနေ ဖြစ်သွားမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။ လက်ရှိ အခြေအနေအရဆိုရင်တော့ ဒီအုပ်စုမှာ ဘယ်အသင်းတွေ အုပ်စုတက်မလဲ ဘယ်အသင်းက ယူရိုပါလိဂ်ရောက်ပြီး ဘယ်အသင်း အိမ်ပြန်ရမလဲဆိုတာ ပြောရခက်စေနိုင်ပါတယ်။

Featured Photo : Bleacher Report