မန်ယူအသင်းဆီကို အေဂျက်စ် ကနေ နည်းပြ အဲရစ် တန်ဟက်ဂ် ပြောင်းရွှေ့ ရောက်ရှိလာချိန်မှာ တန်ဟက်ဂ်က အေဂျက်စ်က သူ့တပည့်ကျော်တွေဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့ကိုပါ မန်ယူအသင်းဆီ တစ်ပါတည်း ခေါ်ဆောင်ခဲ့တယ်။ နောက်ပြီး အသင်းမှာ သူ့တပည့်ဟောင်း ဗန်ဒီဘိခ်ကလည်း ရှိနေပြန်ပါသေးတယ်။ ဒါတောင်မှ တန်ဟက်ဂ်က တင်းဘား ၊ အက်ဆွန် အဲလ်ဗာရက်ဇ်နဲ့ ဘရိုင်ယန် ဘရော်ဘီတို့ကိုပါ အေဂျက်စ်ကနေ ထပ်ပြီး ခေါ်ခဲ့ချင်သေးတာ။ ပြီးတော့ ဘာစီလိုနာဆီ ရောက်နေတဲ့ တပည့်ဟောင်းကြီး ဖရန့်ကီ ဒီဂျောင်ကိုရောပါပဲ။

Photo Credit: Sport Brief

မာတီနက်ဇ်ရယ် အန်တိုနီရယ်ပဲ ရလိုက်တဲ့ တန်ဟက်ဂ်အတွက် မာတီနက်ဇ်က ခံစစ်မှာ ပုံစံကောင်းပြနိုင်သလောက် တောင်ပံကစားသမား အန်တိုနီကတော့ ဘရာဇီးလ် ထောင့်ချွန်ကောင်လို့ troll ခံရလောက်အောင် 360 လှည့်ပြတာကလွဲပြီး ဂျင်းမိသွားသလိုကို ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီကနေ ဒုတိယရာသီရောက်တော့ အသင်းက သက်တော်ရှည် ဂိုးသမား ဒီဂီယာကို အသင်းကနေ ကန်ထုတ်ပြီး အေဂျက်စ် မှာ လက်တွဲခဲ့ဖူးတဲ့ အိုနာနာကို အသင်းဆီ ပင့်လာပြန်ပါတယ်။ သူ သိပ်ကြိုက်လှပါတဲ့ အိုနာနာက လက်စွမ်းတွေ ကောင်းလွန်းလို့ ဘုန်းတစ်ဂိုးရှင်ဆိုတဲ့ နာမည်ကိုတောင် ရလာခဲ့ပါတယ်။

Photo Credit: Fabrizio Romano

အခု တတိယမြောက်ရာသီမှာတော့ မန်ယူက ဒီရက်ပိုင်းလေးမှာတင်ပဲ နောက်ထပ် အေဂျက်စ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇာရာဝီတို့ကို ခေါ်လိုက်ပြန်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ တန်ဟက်ဂ်က သူစိတ်ကြိုက် ခေါ်ယူတာမျိုးလို့ ပြောမရတော့အောင် သူ့ကို အသင်းဘက်က head coach ရာထူး ပြောင်းထားတယ် ဆိုပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် တန်ဟက်ဂ်ရဲ့ အကြံပြုမှုတွေကတော့ ပါဝင်နေမှာပါ။ ဆိုတော့ မာတီနက်ဇ် အန်တိုနီ အိုနာနာ ဒီလစ် မာဇာရာဝီဆိုတဲ့ အေဂျက်စ် ကစားသမားဟောင်း (၅)ဦးက အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ မန်ယူအသင်းမှာ တဖန်ပြန်ဆုံကြပါတော့မယ်။

de jong ten hag man utd

Photo Credit: Instagram

ဒီလို အခြေအနေမျိုး ရှိနေတဲ့ကြားက လက်ရှိမှာ ဘာစီလိုနာနဲ့ အနာဂတ် မရေမရာ ဖြစ်လာတဲ့ ဒီဂျောင်ကိုလည်း မန်ယူဘက်က ထပ်ပြီး ပစ်မှတ်ထားနေသေးလို့ သူပါ ရောက်လာမယ်ဆိုရင်တော့ လုံးဝ မန်ချက်စတာ ယူနိုက်တက်ကနေ အေဂျက်စ်စတာ ယူနိုက်တက်လို့ ခေါ်ဆိုရတော့မယ် ထင်ပါတယ်။ ဒါမှမဟုတ် အေဂျက်စ်မှ အေဂျက်စ် ဖြစ်နေတဲ့ တန်ဟက်ဂ်က အခု အေဂျက်စ်မှာ ရောက်နေတဲ့ လီဗာပူးလ် အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်အထိပါ ခေါ်ယူချင်နေမလားဆိုတာ…

Featured Photo: Google