အောက်ပိုင်း နေ့ဆို Gym ပြေးနေကျ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ Lower Body တောင့်တောင့်တင်းတင်းနဲ့ မာဆယ် တည်ဆောက်ဖို့ သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးပါမယ်။ ခန္ဓာကိုယ် အောက်ပိုင်းမှာရှိတဲ့ ကြွက်သားတွေကို ကျစ်လစ်သန်မာစေပြီး Lower Body Strength တက်ချင်ရင်တော့ ဒီလေ့ကျင့်ခန်းတွေသာ ကွီးတို့ ဖိကစားပေးပါ။

(၁) Lateral Lunges

Lateral Lunges

Photo : Eat This Not That

Lateral Lunges လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ် အောက်ပိုင်း မှာရှိတဲ့ အဓိက ကြွက်သားအစိတ်အပိုင်းတွေ အားလုံးနီးပါကို ထိရောက်မှု ရှိပါတယ်။ ပေါင်အရှေ့ခြမ်း / အနောက်ခြမ်း ၊ တင်ပါးဆုံ ၊ ခြေသလုံး ၊ တံကောက်ကြော စတဲ့ ကြွက်သားတွေ အားလုံး ပါပါတယ်။ ဒီလေ့ကျင့်ခန်းက တင်ပါးဆုံ ကြွက်သားတွေရဲ့ Mobility ၊ Flexibility နဲ့ Stability ကိုလည်း တိုးစေဖို့ ပံ့ပိုးပေးပါတယ်။

(၂) Side Plank With Leg Raise

Side Plank With Leg Raise
Photo : Eat This Not That

Side Plank ကိုတော့ ခါးဘေးလိုင်း ကြွက်သားတွေကို ထိစေတဲ့ လေ့ကျင့်ခန်း လို့ လူသိများပါတယ်။ Side Plank ကိုမှ ခြေထောက်မြှောက်ပြီး ကစားတဲ့ ပုံစံဟာ Obliques ကြွက်သားနဲ့ တဆက်တည်း ပေါင်နဲ့ တင်ပါးဆုံ ကြွက်သားတွေကိုပါ ထိရောက်မှု ရှိစေပါတယ်။ ခြေထောက်တွေကို ဘယ်/ညာ တစ်လှည့်စီ ပြောင်းကစားပေးပါ။

(၃) Cossack Squats

Cossack Squats

Photo : Eat This Not That

Cossack Squats ကတော့ အောက်ပိုင်း ကြွက်သားတွေကို အကြောလျော့ပေးတဲ့ လေ့ကျင့်ခန်း ပုံစံပါ။ ဒီလေ့ကျင့်ခန်းကလည်း ခြေထောက်တွေကို ဘယ်ညာ တစ်လှည့်စီ ပြောင်းပြီး ကစားပေးရမှာ ဖြစ်ပါတယ်။ Cossack Squats လေ့ကျင့်ခန်းက Quads ၊ Glutes ၊Hamstrings ၊ Adductors နဲ့ Abductors ကြွက်သား အစိတ်အပိုင်းတွေ အားလုံးကို ကျစ်လစ်သန်မာစေပါတယ်။

(၄) Skater Jumps

Skater Jumps
Photo : Eat This Not That

Skater Jumps လေ့ကျင့်ခန်းကတော့ စကိတ်စီးတဲ့ ကိုယ်ဟန်အနေအထားနဲ့ ပုံစံယူပြီး ဘယ်ညာတစ်လှည့်စီ ခုန်ပေးရတဲ့ ကစားနည်းပုံစံ ဖြစ်ပါတယ်။ ရိုးရှင်းပြီး လွယ်ကူပေမယ့် အောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေအပေါ် ထိရောက်မှုကတော့ ပြင်းထန်ပါတယ်။ ဒီလေ့ကျင့်ခန်းက Glutes ၊ Hamstrings ၊ Quadriceps ၊ Calves နဲ့ Core ကြွက်သားတွေကိုပါ ကျစ်လစ်သန်မာစေမှာ ဖြစ်ပါတယ်။

Source : Eat This Not That

Featured Photo : The Trend Spotter