ကွီးတို့ရေ အောင်မြင်မှု ကိုရဖို့ဆိုရင် လုပ်ငန်းတစ်ခုတည်ဆောက်ဖို့ သို့မဟုတ် စွန့်ဦးတီထွင်မှုတစ်ခု တည်ဆောက်ဖို့အတွက် ကွီးရဲ့ ထူးခြားသော အရည်အချင်းများ ရှိဖို့နဲ့ အလုပ်ကို ချစ်မြတ်နိုးခြင်းက စတင်ပါတယ်။ အောင်မြင်မှုကို ဆွတ်ခူး နိုင်ရန်အတွက် ကွီးတို့ လိုက်နာသင့်တဲ့ ရိုးရှင်းသောနည်းလမ်းကောင်းများကို တင်ပြလိုက်ပါတယ်။

စိတ်အားထက်သန်ပါစေ

အောင်မြင်မှုကို ဆွတ်ခူး

Photo : Flex Jobs

ဘာပဲလုပ်လုပ် စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ စိတ်ဝင်စားမှု စိတ်ထက်သန်မှုရှိမှ ကွီးလိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ စိတ်အားထက်သန်မှု မရှိတာ စိတ်ဝင်စားမှု မရှိတဲ့ အလုပ်ကို ကွီးလုပ်နေမယ်ဆိုရင် အလုပ်က ပြီးကောင်းပြီးသွားနိုင်ပါတယ်။ ဒါပေမဲ့ ကွီးအနေနဲ့ ကျေနပ်မှု ဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ကွီးအနေနဲ့ စိတ်အားထက်သန်မှုမရှိတဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းကို ဖြုန်းတီးနေတာနဲ့ တူနေပါတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် စိတ်ထက် သန်စွာ အလုပ်လုပ်ပါလို့ အောင်မြင်မှု ရရှိနေသူတွေက ပြောကြပါတယ်။ ကွီးလုပ်ချင်တာကို တကယ် လုပ်ရင် ပိုဖန်တီးနိုင်မယ်၊ ပိုစိတ်အားထက်သန်မယ်၊ ပိုကြိုးစားမယ်၊ ဒါဆိုရင် အောင်မြင်ပြီပေါ့။ စိတ်အားထက်သန်ခြင်းက အောင်မြင်မှုကို ဆွတ်ခူး ဖို့ ကွီးတို့လိုက်နာသင့်တဲ့ ရိုးရှင်းသော နည်းလမ်းကောင်းများ ထဲက တစ်ခု ဖြစ်ပါတယ်။

အလုပ်ကြိုးစားပါ

အောင်မြင်မှုကို ဆွတ်ခူး

Photo : Inc. Magazine

ကွီးကိုယ်ကို ဘယ်တော့မှ မလှည့်စားပါနဲ့။ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ပြီးတော့ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်လုပ်လို့ ကောင်းကောင်း ပြီးမြောက်တဲ့အခါ ကျေနပ်အားရမှုကို ကွီးကိုယ်တိုင် ခံစားနိုင်ပါတယ်။ စုပေါင်းလုပ်ရမဲ့ အလုပ်အတွက် တစ်ကိုယ်ကောင်းမဆန်ပါနဲ့။ အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ ကျင့်ဝတ်သိက္ခာအရ အခြားသူ တွေရဲ့ ဝန်းရံခြင်းကို ရရှိအောင် လုပ်ပါ။ အလုပ်မကြိုးစားဘဲ ထိပ်ဆုံးရောက်တယ်ဆိုတာ မရှိကြောင်း နားလည်ပါ။ ဒါကြောင့် အောင်မြင်မှုကို ဆွတ်ခူး နိုင်ရန်အတွက် ကွီးတို့လိုက်နာသင့်တဲ့ ရိုးရှင်းသော နည်းလမ်းကောင်းများ ထဲမှာ အလုပ်ကြိုးစားခြင်းလည်း ပါပါတယ်။

အကောင်းဆုံးဖြစ်ပါစေ

အောင်မြင်မှုကို ဆွတ်ခူး

Photo : The Economics Times

အောင်မြင်မှု လိုချင်ရင်တော့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့လိုပါတယ်။ အောင်မြင်သူတွေဟာ အလယ်အလတ်အဆင့်မဟုတ်ဘဲ ကြီးမြတ်မှုရဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် ကွီးရဲ့အဆုံးစွန်သော ပန်းတိုင်ရောက်ရှိကြောင်း သေချာစေဖို့ ကွီးကိုယ်တိုင်ရော အဖွဲ့ဝင်တွေ ကိုပါ အကောင်းဆုံးအတွက် တွန်းအားပေးပါ။ ဒါက အဖွဲ့အတွင်း ယုံကြည်မှုကို တိုးပွားစေရုံသာမက စေ့စပ်သေချာစေပါတယ်။ နောက်ဆုံးရလဒ်က ကွီးရဲ့ ဖောက်သည်များကို ကောင်းကောင်းထားရှိနိုင်တဲ့ အခွင့်အရေးကို ရရှိပါတယ်။ အမေရိကန် သုတေသနနဲ့ စာရေးဆ ရာ James C. Collins က “Good to Great” စာအုပ်မှာ “ကြီးမြတ်မှုဟာ အခြေအနေရဲ့ လုပ်ဆောင်မှုတစ်ခု မဟုတ်ပါဘူး။ ကြီးမြတ်ခြင်း ဟူသည် ကြီးမားသော အသိဉာဏ်ဖြင့် ရွေးချယ်မှုနှင့် စည်းကမ်းရှိမှုတို့ ဖြစ်ပါတယ်။” လို့ ရေးထားပါတယ်။

အာရုံစူးစိုက်မှုရှိပါ

Success

Photo : Reviso

ကွီးအနေနဲ့ အလုပ်အပေါ်အာရုံစူးစိုက်မှုက ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ ရှင်းရှင်း လင်းလင်း သိစေပါတယ်။ အာရုံစူးစိုက်မှုကနေ အမြဲတမ်း အောင်မြင်မှုကို တွန်းပို့ပါတယ်။ ကွီးအနေနဲ့ အာရုံစူးစိုက်မှုလို့ခေါ်တဲ့ အမှန်တရားကို မိမိတို့ကိုယ်ကို အမြဲသတိပေးရန်လိုအပ်ပါတယ်။ အာရုံစူးစိုက် မှုက အလုပ်ရည်မှန်းချက်နှင့် ဦးတည်ချက်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကွီးနေနဲ့ စီးပွားရေး‌ လုပ်ငန်းမှာ ခေါင်းဆောင်သူ ဖြစ်နေရင် ကိုယ့်ရဲ့ မျော်မှန်းချက် ရည်မှန်းချက်အတွက် တိကျစွာ ပုံဖော် နိုင်ဖို့ စိတ်ထက်သန်မှုနဲ့ အာရုံစိုက်မှုကို ပိုင်ဆိုင်ထားဖို့ လိုပါတယ်။

ကန့်သတ်ချက်များကို ဖယ်ထုတ်လိုက်ပါ

Success

Photo : Windows Report

ကွီးတို့ရေ လူတော်တော်များများက သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါ လိုအပ်တဲ့ အဆင့်တွေ အကန့်အသတ်တွေကို ဖြတ်ရမှာ အရမ်းကြောက်လို့ ဘဝမှာ ထူးချွန်မှု အောင်မြင်မှုတွေကို မရကြပါဘူး။ အချို့က ရှုံးနိမ့်ခြင်းမှတဆင့် အကန့်အသတ်တွေကို ကြောက်သွား ကြပြီး ကျော်လွှားဖို့ ဆက်မကြိုးစားတော့ဘူး။ အခက်အခဲ အကန်းအသတ်တွေကြောင့် ကြောက်စိတ် မဖြစ်ပါစေနဲ့။ ယနေ့ခေတ်မှာ စိန်ခေါ်မှု အကန့်အသတ်တွေကို မျှော်လင့်ပြီး ဖြစ်ရပါမယ်။ ကွီးရဲ့ အကောင်းဆုံး အတွေ့အကြုံတွေနဲ့ အကန့်အသတ်တွေကို ဖယ်ရှားပြီး အောင်မြင်မှုကို ရယူပါ။

ဝန်ဆောင်မှု ကောင်းကောင်းပေးပါ

Success

Photo : Hamstech

ကွီးအနေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုခုမှာ တာဝန်ရှိတယ်ဆိုရင် ဖောက်သည်တွေကို ဝန်ဆောင်မှု ကောင်းကောင်းပေးပါ။ ဝန်ဆောင်မှုကောင်းကောင်းပေးခြင်းက မည်သည့်လုပ်ငန်း အတွက်မဆို အရေးကြီးသော ပြိုင်ဆိုင်မှု အားသာချက်များထဲမှ တစ်ခုဖြစ်တဲ့အပြင် အောင်မြင်မှုကို ဆွတ်ခူး ဖို့ ကွီးတို့လိုက်နာသင့်တဲ့ ရိုးရှင်းသော နည်းလမ်းကောင်း လည်း ဖြစ်ပါတယ်။။ ကွီးရဲ့ ဖောက်သည် တွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဟာ ကွီးလုပ်ငန်းအတွက် အလွန်ခိုင်မာပြီး အမှတ်တရ ဖြစ်စေသော အမှတ်တံဆိပ် Brand တစ်ခုကို တည်ဆောက်ရန် ကူညီပေးပါလိမ့်မယ်။ ဖောက်သည် တွေကို တုံ့ပြန်မှုရှိပါ၊ သူတို့လိုအပ်ချက်ကို နားထောင်ပါ၊ စောင့်ကြည့်ပါ။ ထို့နောက် ကွီးရဲ့တန်ဖိုးမြင့် လာအောင်ဖန်တီးပေးလိမ့်မယ်။ ဝန်ဆောင်မှုမှာ တွေ့ရတဲ့ အမှားများကို သင်ခန်းစာယူပါ။

စိတ်ကူးများဖန်တီးပါ

Success

Photo : Elite Readers

ကွီးအနေနဲ့ ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့အပြင် လုပ်ငန်းအတွက် ဉာဏ်ရည်ထက်မြက်မှု၊ စစ်မှန်မှုနှင့် ရှေ့လုပ်ငန်းစဉ်အတွက် တွေးခေါ်မှုတွေကလည်း ကွီးရဲ့အမှတ်တံဆိပ်ကို နောက်ဆုံးအထိ မောင်းနှင်ပေးနိုင်ပါတယ်။ စိတ်ကူးဆန်းသစ်လိုခြင်းဆန္ဒက ဖန်တီးမှုလုပ်ငန်းစဉ်အသစ်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အထူးသဖြင့် အပြိုင်အဆိုင်ဈေးကွက်မှာ အောင်မြင်မှုကို ဆွတ်ခူး ဖို့ ကွီးတို့လိုက်နာသင့်တဲ့ ရိုးရှင်းသော နည်းလမ်းကောင်းများ ထဲက စိတ်ကူးများဖန်တီးပါ ဆိုတဲ့အချက်ကို သုံးလိုက်ပါ။

ကွီးတို့ရေ အလုပ်အပေါ်မှာ ဇွဲရှိခြင်း တို့လို အောင်မြင်မှုကို ဆွတ်ခူး နိုင်ရန်အတွက် ကွီးတို့ လိုက်နာသင့်တဲ့ ရိုးရှင်းသောနည်းလမ်းကောင်းများ တွေကို လိုက်နာပြီး အောင်မြင်သူ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

Source : UCI

Featured Photo : Entrepreneur