အောင်မြင်တိုးတတ်တဲ့ ဘဝမျိုးကို လူတိုင်းလိုချင်ကြပါတယ်။ ထို့အတူ လုပ်ငန်းခွင် ဝင်ရောက်နေတဲ့ကွီးတို့လည်း မိမိတို့လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိချင်မှာ အသေအချာပါပဲ။ သို့သော်လည်း မည်သည့်အောင်မြင်မှုမဆို ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုတွေ၊ ကျင့်သုံးရမဲ့ နည်းလမ်းကောင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကွီးတို့အတွက် လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရရှိရန် ကွီးတို့ ထင်မှတ်မထားတဲ့ နည်းလမ်းကောင်း (၃) ခု ကိုဝေမျှပေးချင်ပါတယ်။

(၁) အပြုသဘောဆောင်သော အတွေးအမြင်ထားရှိခြင်း

အောင်မြင်မှုရရှိရန် နည်းလမ်းကောင်း

Photo : The STRIVE

လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရရှိစေရန် ကွီးတို့လိုက်နာသင့်တဲ့ နည်းလမ်းကောင်း တစ်ခုကတော့ အကောင်းမြင်စိတ်ထားရှိခြင်း တစ်နည်းအားဖြင့် အပြုသဘောဆောင်သော အတွေးအမြင် ရှိခြင်းပါပဲ။ အပြုသဘောဆောင်သော အတွေးအမြင်ခြင်းက ကွီးတို့အတွက် မထင်မှတ်ထားလောက်အောင် ကြီးမားသော အကျိုးသက်ရောက်မှု ရရှိစေပါတယ်။ အပြုသဘောဆောင်သော အတွေးအမြင်ထားရှိခြင်းက ကွီးတို့ရဲ့ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များနဲ့ ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနေနဲ့ဆိုလျှင် စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပြီး တီထွင်ဖန်တီးမှုကို ပိုမိုအားကောင်းစေပါတယ်။ အပြုသဘောဆောင်တဲ့ အတွေးအမြင်ရှိခြင်းက ကွီးတို့အတွက် ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတတ်စေပါတယ်။ ဒါ့ကြောင့် အောင်မြင်မှုရရန်အတွက် ကြိုးစားမှုအပြင် အပြုသဘောဆောင်နဲ့အတွေးအမြင်ရှိဖို့ကလည်း တကယ်ကို လိုအပ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း

အောင်မြင်မှုရရှိရန် နည်းလမ်းကောင်း

Photo : Publistagram

ကွီးတို့ရေ လုပ်ငန်းခွင်အတွင်းမှာ သာမက မိမိဘဝအတွက် အောင်မြင်တိုးတတ်မှုကို ရယူနိုင်ဖို့အတွက် ကိုယ်ကိုယ်ကို ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက် ကိုယ့်ရဲ့အသွင်အပြင်၊ နေထိုင်မှုပုံစံ၊ ကိုယ်နေဟန်ထား၊ အပြုသဘောဆောင်သော အတွေးအမြင်ရှိခြင်း၊ ကြိုးစားမှု စသည်တို့ဖြင့် မြှင့်တင်လို့ရပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူဟာ မိမိကိုပေးအပ်လာတဲ့ လုပ်ငန်းတာဝန်များကို ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘဲ တွန့်ဆုတ်နေသူများထက် ပြီးမြောက်အောင် ပိုမိုဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိသူတွေဟာ သူတို့ဘဝရဲ့ Personal နဲ့ Professional ရည်မှန်းချက်တွေကို အောင်မြင်အောင် စွန့်စားနိုင်စွမ်းရှိကြပြီး အနာဂတ်အတွက် ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက် လျှောက်လှမ်းကြပါတယ်။

(၃) အချိန်ကို မစောင့်ပါနဲ့

Success

Photo : Jooinn

အချိန်မလေးစားမှုနဲ့ လုပ်ဆောင်စရာများကို အချိန်ဆွဲပြီး လုပ်ဆောင်မှုများကြောင့် ထိုက်သင့်သလောက် အောင်မြင်မှုမရတာမျိုး ဖြစ်တတ်ပါတယ်။ မိမိ လုပ်ဆောင်စရာရှိတဲ့အရာများကို အချိန်မဆွဲပဲ လုပ်ဆောင်ပါ။ ကွီးတို့အားလုံး သိပြီးသားဖြစ်တဲ့ အမေရိကန် စွန့်ဦးတီထွင်သူ ၊ စီးပွားရေးလုပ်ငန်းရှင် ၊ မီဒီယာပိုင်ရှင် နှင့် ရင်းနှီးမြှုပ်နှံသူ Steven Jobs ဟာ “မင်းရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့”ဟူ၍ အချိန်နဲ့ ပတ်သတ်ပြီး အလေးထားသင့်ကြောင်း စကားဆိုခဲ့ပါတယ်။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။ လုပ်ငန်းခွင်မှာလည်း ထို့အတူပါပဲ။ အချိန်မဆွဲဘဲ ကိုယ်ရဲ့လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် သေးငယ်သော အောင်မြင်မှုများမှသည် ကွီးတို့ ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ လုပ်ငန်းခွင်အတွင်း အောင်မြင်မှုရရှိရန် ကွီးတို့ ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ဖို့ နည်းလမ်းကောင်း (၃) ခု ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အလေးထားလိုက်နာ ပြီးလုပ်ငန်းခွင်မှသည် ဘဝရဲ့အောင်မြင်မှုတွေဆီသို့ အရောက်တတ်လှမ်းလိုက်ပါ။

Source : Entrepreneur

Featured Photo : The Telegraph