“အောင်မြင်ချင်တယ်” ဟူသော စကားက လူသားတိုင်း၏ ပါးစပ်ကနေ ထွက်လေ့ရှိပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အောင်မြင်မှု မရကြပါဘူး။ ကွီးအနေနဲ့ အကြီးမားဆုံး ပန်းတိုင်ကို ရောက်ချင်ရင် ရပ်မနေဘဲ ရှေ့ဆက်လှမ်းဖို့ လိုပါတယ်။ ရှေ့ဆက်လှမ်းဖို့ဆိုရင် မှန်ကန်သော ခြေလှမ်းမျိုး ဖြစ်ဖို့ လိုပါတယ်။ သို့သော် များစွာသော အရာတွေက ကွီးရဲ့ ခြေလှမ်းကို မမှန်‌အောင် တနည်း အောင်မြင်သူတစ်ဦးအဖြစ် ကနေ ကျဆင်းသွားအောင် လုပ်နိုင်ပါတယ်။ ဒီအဟန့်အတားတွေကို သိမြင်နိုင်ဖို့ လိုပါတယ်။ ဒီအရာ များကို စွန့်လွှတ်ရပါမယ်။ ကွီး အောင်မြင်မှု ကို ဆွတ်ခူး နိုင်ဖို့အတွက် ဖယ်ရှားပစ်ရမဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အချိန်ဆွဲခြင်းကို စွန့်လွှတ်ပါ

အောင်မြင်မှုကို ဆွတ်ခူး

Photo : 1Zoom

အောင်မြင်မှု ကို ဆွတ်ခူး နိုင်ဖို့အတွက် ပထမဆုံး ဖယ်ရှား ပစ်ရမှာတော့ အချိန်ဆွဲခြင်းပါပဲ။ ကွီးအနေနဲ့ ယခုလုပ်နိုင်တဲ့အလုပ်ကို မနက်ဖြန်သို့ ရွှေ့လိုက်တာ တနည်းပြောရရင် အချိန်ဆွဲ အလုပ်လုပ်ခြင်းဟာ အောင်မြင်မှု ပန်းတိုင်ကို နောက်ဆုတ်လိုက်တာနဲ့ တူပါတယ်။ အောင်မြင် လိုသူ တစ်ယောက်အတွက် သင်္ကေတကောင်းတစ်ခု မဟုတ်ပါ။ အပြုသဘောဆောင်တဲ့ လုပ်ရပ်တစ်ခု လုပ်ရမယ်ဆိုရင်တော့ အခုချက်ချင်းလုပ်လိုက်ပါ။ ။ အချိန်ဆွဲခြင်းက ဘယ်သူကိုမဆို ထိပ်ဆုံး ရောက်အောင် လုပ်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့အတွက် ဖယ်ရှားပစ်ရမဲ့ အရာတွေထဲက အချိန်ဆွဲ အလုပ်လုပ်တတ်တဲ့ အကျင့်ကို ဖယ်ရှားပစ်လိုက်ပါ။

အတိတ်က ကျရှုံးမှုတွေကို စွန့်လွှတ်လိုက်ပါ

အောင်မြင်မှုကို ဆွတ်ခူး

Photo : Link Your Purpose

ကာလ (၃) ပါးထဲမှာ အတိတ်က ပြီးဆုံးသွားပါပြီ။ ပြန်လည်တမ်းတနေလို့လည်း ပြန်မရနိုင်တော့ပါဘူး။ အောင်မြင်မှုရဖို့အတွက် အတိတ်ကအမှားကို သင်ခန်းစာယူဖို့ပဲ လုပ်နိုင်ပါတယ်။ ကွီးရဲ့အတိတ်ကျရှုံးမှု တွေက ကွီးရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ဒီနေ့ ကွီးလုပ်နေတဲ့အရာတွေက အနာဂတ်မှာ ကွီးတို့ရဲ့ အောင်မြင်မှုတွေကို အဆုံးအဖြတ်ပေး ပါလိမ့်မယ်။ အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့ အတွက် ဖယ်ရှားရမဲ့ အရာတွေထဲက အတိတ်က ကျရှုံးမှုတွေကို စွန့်လွှတ်လိုက်ပါ။

ကွီးကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ခြင်းကို စွန့်လွှတ်လိုက်ပါ

အောင်မြင်မှုကို ဆွတ်ခူး

Photo : Schockwave Innovations

ကွီးတို့ မအောင်မြင်သေးခင်မှာ ကွီးအနေနဲ့ အခြားအောင်မြင်သူတစ်ဦးကဲ့သို့ ဖြစ်လိုသောဆန္ဒတွေက ရှိနေ မှာပါ။ သူတို့လို မဖြစ်လို့ စိတ်ဓာတ်ကျတာဟာ အောင်မြင်မှုအတွက် အထောက်အကူပြုမှာတော့ မဟုတ်ပါဘူး။ ကွီးသိထားဖို့က ယနေ့ ကွီးထက်သာလွန်သူဟာ တချိန်တုံးက ကွီးလိုဘဲ ပြည့်စုံမှု မရှိသေး ဘူးဆိုတာပါ။ အောင်မြင်မှု လှေကားထစ်သို့ တက်လှမ်းရန် ပိုမိုကြိုးစားအားထုတ်မှုများ မြှုပ်နှံပါ၊ အရင်းအနှီးပြုပါ။

ကွီးရဲ့ Comfort Zone ကို စွန့်လွှတ်လိုက်ပါ

အောင်မြင်မှု ဆွတ်ခူး

Photo : Vistra Create

ကွီးမျှော်မှန်းထားတဲ့ အရေးကြီးဆုံးပန်းတိုင်ကို ရောက်ဖို့အတွက် သက်တောင့်သက်သာဇုန် ထဲကနေ ထွက်ဖို့လိုပါတယ်။ သက်သာဇုန်ကတော့ ခံစားရဖို့ လွယ်ပါတယ်။ ဒါပေမယ့် ကွီးမျှော်လင့်ထားတဲ့ အရာမှန်သမျှကို ရရှိတဲ့အထိတော့ ကွီးတကယ်အောင်မြင်မှာမဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိပါတယ်။ ကြက်တွေကို မပေါက်ခင် မရေတွက်ပါနဲ့။ ဆိုလိုတာက အောင်မြင်မှုရဖို့ ရုန်းကန်ပါ။ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပါ။ သက်သာဇုန်ကို စွန့်လွှတ်ခြင်းဟာ အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့အတွက် ဖယ်ရှားပစ်ရမဲ့ အရာ တစ်ခု ဖြစ်ပါတယ်။

ပျင်းရိခြင်းကို စွန့်လွတ်ပါ

Success

Photo : Grate People Inside

အောင်မြင်မှု ကို ဆွတ်ခူး နိုင်ဖို့အတွက် ကွီးတို့နောက်ထပ် စွန့်လွတ်ရမဲ့ အရာကတော့ ပျင်းရိခြင်းပဲ ဖြစ်ပါတယ်။ လူတော်တော် များများက အနည်းဆုံး တချို့အချိန်တွေမှာ ပျင်းရိတတ်ပါတယ်။ စိတ်မပူပါနဲ ဒါဟာလူ့သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်လုပ်ရမဲ့ အလုပ်တွေ၊ တာဝန်ဝတ္တရားတွေကိုလုပ်ဖို့ အကြောင်းပြချက်မရှိပျင်းရိနေတာမျိုးဆိုရင်တော့ ပြင်ဖို့လိုအပ်နေပါပြီ။ ပျင်းရိနေတတ်ပြီး အချိန်တွဲတတ်တဲ့သူတွေဟာ ၎င်းတို့ရဲ့ဘဝမှာ ရည်မှန်းချက်တွေ၊ တိုးတတ်အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့ ဘဝမှာ အောင်မြင်ပျော်ရွှင်မှုကို လိုချင်ရင် ပျင်းရိနေလို့ မရပါဘူး။

အခြားသူများရဲ့ ထင်မြင်ယူဆချက်ကို စွန့်လွှတ်လိုက်ပါ

Success

Photo : Happiness.com

ထင်မြင်ယူဆချက်ကို ဘယ်သူမဆို ပေးနိုင်ပါတယ်။ သူတို့ရဲ့ ရှုထောင့်ကနေ မြင်ရတဲ့ ထင်မြင်ယူဆချက် သက်သက်ပါပဲ။ ပိုဆိုးတာက တချို့က ဘက်လိုက်ကြတယ်။ တချို့က အသုံးမကျဘူး။ လက်တစ်ဆုပ် စာမျှသာ အသုံးဝင်ပါတယ်။ ကွီးတို့ အောင်မြင်မှုအတွက် လိုအပ်တာက အကြံဥာဏ်များ မဟုတ်ဘဲ ဗျူဟာများ ဖြစ်ပါတယ်။ တကယ်လို့ ကွီးအနေနဲ့ အာရုံစူးစိုက်မှု ဗျူဟာတစ်ခုကို ချမှတ်နိုင်ခဲ့ရင် အခြားသူတွေရဲ့ ထင်မြင်ချက်ကို မေးစရာ မလိုတော့ပါဘူး၊။

ကွီးတို့ရေ အောင်မြင်မှု ကို ဆွတ်ခူး နိုင်ဖို့အတွက် ဖယ်ရှားပစ်ရမဲ့ အရာတွေကို ဖယ်ရှားပြီး ကွီးတို့ လိုချင်တဲ့ အောင်မြင်မှုပန်းတိုင် ဆီသို့ အရောက် တတ်လှမ်းလိုက်ပါ။

Source : WEALTH

Featured Photo : Global