မိမိကိုယ်ကိုယ်နှင့် အောင်မြင်မှု တို့သည် ပြဒါးတစ်လမ်း သံတစ်လမ်းမဖြစ်ဘဲ တစ်သားတည်းကျနေစချင်ပါသလား။ အောင်မြင်မှုနဲ့ တစ်သားတည်းကျဖို့ ဘယ်လိုအကျင့်ဆိုးတွေကို ရှောင်ကြဥ်ပြီး ဘယ်လိုနည်းလမ်းတွေကို ဆောင်သင့်သလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဆိုရှယ်မီဒီယာတွေနဲ့သာ အချိန်ကုန်ဆုံးနေခြင်း

using social media

ဆိုရှယ် မီဒီယာတွေသည် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဖြစ်စေပါတယ်။ အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် သတင်းအချက်အလက်များကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ပြီး ဆိုရှယ် မီဒီယာတွေပေါ်က ဝေမျှထားတဲ့ ပညာဒါနများကိုလည်း လေ့လာမှတ်သားနိုင်ပါတယ်။ ထိုကဲ့သို့ မဟုတ်ပါဘဲနဲ့၊ အခြားသော သူတွေရဲ့ ဆိုရှယ် မီဒီယာပေါ်က အတုအယောင်ဘဝကို အားကျပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်နေမယ်ဆိုရင်တော့ ဘဝကြီးက တိုးတက်လာမှာမဟုတ်ဘဲ တဖြည်းဖြည်း ဆုတ်ယုတ်ရင်းသာ ကျန်ခဲ့မှာဖြစ်ပါတယ်။

တီဗွီစီးရီးများကို အပိုင်း (၁)ကနေ အဆုံးအထိ မနားတမ်း ကြည့်ရှုခြင်း

man watching TV

လုပ်စရာရှိတဲ့အရာများကို ချက်ချင်း ထမလုပ်ဘဲ ရုပ်ရှင်တစ်ပိုင်းလောက် ကြည့်လိုက်ဦးမယ်လေဆိုတဲ စိတ်က ကွီးတို့ရဲ့ အောင်မြင်မှု နဲ့ ဝေးကွာသွားပြီး ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားစေမှာဖြစ်ပါတယ်။ တစ်ပိုင်းလောက် ကြည့်ရင်းကနေ အရှိန်တက်ပြီး နောက်ထပ်တစ်ပိုင်းထပ်ကြည့်ချင်လာပါလိမ့်မယ်။ ဒီလိုနဲ့ ညမအိပ်တော့ဘဲ စီးရီးတွေ ကုန်သွားတဲ့အထိ ကြည့်ဖြစ်သွားပါလိမ့်မယ်။

တစ်ရက်လောက် ရုပ်ရှင် ကြည့်လိုက်ရုံနဲ့ ဘဝကြီးက ဘာမှဖြစ်မသွားပါဘူးလေဆိုတဲ့ စိတ်နဲ့ နောက်တစ်ရက်ကျတော့လည်း ထိုနည်းအတိုင်း အချိန်ကုန်ဆုံး နေမိမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဘဝက တိုးတက်လာဖို့ လမ်းစရှိတော့မှာမဟုတ်ပါဘူး။

အိပ်ရေးဝဝ အိပ်စက်အနားယူမှု မရှိခြင်း

man sleeping in bed

လူ့ရဲ့ခန္ဓာကိုယ်သည် တစ်နေ့တာလုံး ပင်ပန်းထားသမျှတွေကို အားအင်ပြန်လည်ဖြည့်တင်းပေးဖို့ရန်အတွက် ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ ညဘက်မှာ အိပ်ရေး ဝဝ မအိပ်ဘဲ ဖုန်းသုံးလိုက်၊ ဂိမ်းဆော့လိုက်၊ တီဗွီကြည့်လိုက်ဖြင့် ညလုံးပေါက် ပျော်ပါးနေမယ်ဆိုရင်တော့ မနက် မိုးလင်းလာတဲ့အခါ လူက ပင်ပန်းပြီး နုန်းနေမှာဖြစ်ပါတယ်။ အလုပ်ကိစ္စ အဝဝကိုလည်း လုပ်ဆောင်ချင်စိတ်များ မရှိတော့ဘဲ တိုးတက်ချင်စိတ်လည်း ပျောက်ကွယ်လာမှာဖြစ်ပါတယ်။ လူက စိတ်ဓာတ်တက်ကြွပြီး လန်းဆန်းနေမှသာလျှင် အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ ကွီးတို့ရော ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်ကြရဲ့လား။

မဖြစ်လာသေးတဲ့ အရာများကို စိုးရိမ်ပူပန်နေခြင်း

man worried

အလုပ်ကိစ္စတစ်ခုကဖြင့် မလုပ်ရသေးဘူး၊ ငါ လုပ်ရင်ဖြစ်ပါ့မလား၊ အောင်မြင်နိုင်ပါ့မလား၊ တစ်စုံတစ်ရာ မှားယွင်းသွားပြီး ရှုံးနိမ့်သွားရင် ဘယ်လိုလုပ်မလဲ အစရှိသဖြင့် စိုးရိမ်စိတ်များ ဝင်နေမယ်ဆိုရင်တော့ ထိုအလုပ်သည် အောင်မြင်လာနိုင်ချေမရှိပါဘူး။ ကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်များဖြင့် ခြံရံထားမယ့်အစား အကောင်းမြင်စိတ်များဖြင့်သာ ခြံရံထားဖို့လိုအပ်ပါတယ်။

“ငါ လုပ်နိုင်တယ်၊ ငါ ကြိုးစားရင် အောင်မြင်မှာ၊ အချိန်ရှိသေးတယ် သေချာကြိုးစားရမယ်” စသည်ဖြင့် ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး အားပေးမယ်ဆိုရင်တော့ အောင်မြင်မှုနှင့် တဖြည်းဖြည်း နီးစပ်လာမှာပဲဖြစ်ပါတယ်။

အရာရာတိုင်းမှာ ပြီးပြည့်စုံချင်စိတ် လွန်ကဲနေခြင်း

အောင်မြင်မှု ပြဒါးတစ်လမ်း

ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ လူသားရယ်လို့ မရှိပါဘူး။ လူရယ်လို့ ဖြစ်လာရင် အားနည်းချက်တွေဆိုတာ ရှိစမြဲပါပဲ။ ကိုယ်က ကိုယ့်ရဲ့ အားနည်းချက်တွေကို မုန်းနေလို့လည်း မရပါဘူး။ ကိုယ့်ရဲ့ အားနည်းချက်များကို ထွေးပွေ့ထားပြီး ကိုယ့်ရဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်စိတ်ကို ပြသဖို့လိုအပ်ပါတယ်။ သို့သော် အကောင်းဆုံး လုပ်ဆောင်ချင်စိတ်ထက် ကျော်လွန်လာပြီး အရာရာမှာ ပြီးပြည့်စုံချင်စိတ် ပြည့်နှက်နေခြင်းကလည်း ကွီးတို့ကို စိတ်ဖိစီးမှုများသာ ဖြစ်ပေါ်စေပါတယ်။

ကိုယ် လုပ်တဲ့အလုပ်သည် ကိုယ်က အမှန်တကယ် ချစ်မြတ်နိုးပြီး၊ လုပ်ရတာ ပျော်ရွှင်မှသာလျှင် တိုးတက်အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေချည်းသာ ပြည့်နှက်နေမယ်ဆိုရင်တော့ အလုပ်လုပ်ရတာသည်လည်း ပျော်ရွှင်လာမှာမဟုတ်တော့ဘဲ ထိုအလုပ်ကိုလည်း စွန့်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရာရာတိုင်းမှာ ပြီးပြည့်စုံချင်စိတ်အစား အရာရာတိုင်းမှာ အကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်ကိုသာ နှလုံးသွင်းထားရပါမယ်။

တစ်ယောက်တည်း အထီးကျန်ဆန်ဆန် အချိန်ကုန်ဆုံးခြင်း

အောင်မြင်မှု ပြဒါးတစ်လမ်း

ဘဝကြီးသည် တစ်ယောက်တည်း ရှင်သန်ရပ်တည်လို့ ရတာမဟုတ်ပါဘူး။ အဖော်အပေါင်းများလည်း လိုအပ်ပြီး သူငယ်ချင်း မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ပျော်ပျော်ပါးပါး ရှင်သန်နေထိုင်ဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် ဖြတ်သန်းတဲ့အခါ ဘဝကြီးသည် ရှင်သန်နေထိုင်ရတာ အဓိပ္ပါယ်မဲ့လာမှာဖြစ်ပြီး နောက်ပိုင်းမှာလည်း တဖြည်းဖြည်းနဲ့ စိတ်ကျန်းမာရေးလည်း ထိခိုက်လာမှာဖြစ်ပါတယ်။ စိတ်ကျရောဂါ ဖြစ်လာတဲ့အခါ ဘာကိုမှလည်း လုပ်ချင်စိတ်မရှိတော့ဘဲ လောကကြီးကို အရှုံးပေးချင်စိတ်များသာ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

မိမိရဲ့ ခံစားချက်များကို ချိုးနှိမ်ထားခြင်း

အောင်မြင်မှု ပြဒါးတစ်လမ်း

ပျော်ရွှင်မှုကိုလည်း မပြသနိုင်၊ ဝမ်းနည်း ကြေကွဲနေချိန်မှာလည်း ပျော်သလို ဟန်ဆောင်နေရ၊ စားချင်တာတွေကိုလည်း မစားရ အစရှိသဖြင့် မိမိရဲ့ စိတ်ခံစားချက်အမှန်ကို ပြသနိုင်ခြင်းမရှိဘဲ ဟန်ဆောင်ပန်ဆောင် နေနေရခြင်းသည်လည်း ကွီးတို့ရဲ့ ဘဝကို ဆုတ်ယုတ်လာစေမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အလုပ် နှစ်ခု၊ သုံးခု ပြိုင်လုပ်ခြင်း

အောင်မြင်မှု ပြဒါးတစ်လမ်း

အလုပ်အမြန် ပြီးချင်ဇောနှင့် အလုပ်တာဝန် နှစ်ခု၊ သုံးခုခန့် ပြိုင်တူပြုလုပ်ခြင်းသည် အလုပ်ကို အမြန်မပြီးစေဘဲ နှောင့်နှေးစေတာပဲရှိတာပါ။ အာရုံစူးစိုက်နိုင်စွမ်းလည်း ကျဆင်းလာပြီး အလုပ်လုပ်ရတာလည်း အဆင်ပြေတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အလုပ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်ချင်တယ်ဆိုရင် Multi-Tasking လို့ခေါ်တဲ့ အလုပ်တာဝန် အများအပြားကို တစ်ချိန်တည်းမှာ ပြုလုပ်ခြင်းမှ ရှောင်ကြဥ်ရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အထက်ဖော်ပြပါ အကျင့်ဆိုးများကို ပြုလုပ်နေမိပြီလား။ ဒါဆိုရင်တော့ မြန်မြန်ရှောင်ကြဥ်ဖို့ လိုအပ်နေပြီနော်။ နို့မဟုတ်ရင် အောင်မြင်မှု နဲ့ ကွီးတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားပါလိမ့်မယ်။

Source: Bustle

Featured Image: Freepik