အောင်မြင်ခြင်း အတွက် မှတ်သားစရာ အကြံပေးလမ်းညွှန်ချက်တွေ အများကြီး ရှိပါတယ်။ အများလေးစားကြတဲ့ ထိပ်တန်းရောက်အောင်မြင်ကျော်ကြားပြီးသား အားကစားသမားတွေကနေ စီးပွားရေးသမားတွေနဲ့ မီဒီယာနယ်ပယ်က ဂုရုတွေအထိ သူတို့ဆီက ကြားရတဲ့ အောင်မြင်ရေးဆိုင်ရာ သဘောတရားတွေက စိတ်ဝင်စားဖို့ကောင်းသလို လက်တွေ့လည်း ကျပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခေါက်တော့ ကမ္ဘာပေါ်က ဩဇာကြီးမားပုဂ္ဂိုလ်များရဲ့ အောင်မြင်ရေးအကြံပေးစကားတွေကို ပြန်မျှဝေလိုက်ရတာ ဖြစ်ပါတယ်။

(၁) ဖြစ်နိုင်ခြေကို ရွေးပြီး လက်ခံ

Melinda Gates

Photo : The Verge

“ရှင့်ဘဝမှာ လုပ်ရခက်ပါတယ်ဆိုတဲ့ ကိစ္စတွေ ဖြစ်ဖို့ မလွယ်ဘူးဆိုတဲ့အချက်တွေ တွေ့လာတဲ့အခါ ရှောင်သွားဖို့ မစဉ်းစားပါနဲ့။ ရှေ့ဆက်သွားဖို့ပဲ လုပ်ပါ။ ဒါက ပြောင်းလဲဖို့ အခိုက်အတန့်လည်း ဖြစ်နိုင်ပါတယ်။” – မယ်လင်ဒါ ဂိတ်စ်

(၂) ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်

Oprah

Photo : CNN

“မလုပ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ အရာတစ်ခုခုကို လုပ်ကြည့်လိုက်ပါ။ ရှုံးချင်လည်း ရှုံးသွားပါစေ။ ပြန်ပြီး ထပ်ကြိုးစား ။ နောက်တစ်ကြိမ်ကို ပိုကောင်းအောင်လုပ်ပါ။ ဘယ်တော့မှ ပစ်လဲကျမသွားဘူးတဲ့သူတွေက ဘယ်တော့မှလည်း ထိပ်ဆုံးကို ရောက်နိုင်စရာမရှိပါဘူး။ ဒါက သင့်ရဲ့အခိုက်အတန့်ပါပဲ။ ဒါကို ရအောင်ယူလိုက်ပါ” – အိုဖရာဝင်းဖရေး

(၃) အားသုံးလိုက်

Richard Branson In Black

Photo : Virgin

“အောင်မြင်ချင်ရင် ကိုယ့်အစွမ်းအစတွေကို ထုတ်သုံးဖို့ လိုတယ်။ စလုပ်ကတည်းက စိတ်ထက်ထက်သန်သန်နဲ့ လုပ်လိုက်ပါ။” – ရစ်ချတ် ဘရန်ဆန်

(၄) စံမြင့်မြင့်ထား

Steve Jobs

Photo : CNBC

“ကိုယ့်ကိုယ်ကိုယ် အရည်အသွေးပြစံပေတံတစ်ခု ဖြစ်အောင်လုပ်ပါ။ တချို့လူတွေက အရည်အချင်းမြင့်မြင့် မှန်းထားတဲ့ ပတ်ဝန်းကျင်နဲ့ အသားမကျတတ်ဘူး ” – စတိဗ်‌ဂျော့စ်

(၅) ဇွဲရှိပါ

Elon Musk

Photo : bangkokpost

“ခံနိုင်ရည်နဲ့ ရုန်းတတ်တဲ့ ဇွဲက သိပ်အရေးကြီးတယ်။ခင်ဗျားကို လက်လျှော့ဖို့ ဖိအားပေးမခံရဘဲနဲ့ လက်မလျှော့သင့်ဘူး” – အီလွန်မတ်စ်

အောင်မြင်သူတွေဆိုတာ ကိုယ်ပိုင်သင်ခန်းစာနဲ့ လာတဲ့လူတွေ ဖြစ်ပါတယ်။ သူတို့ ပြောတဲ့ စကားထဲမှာ သူတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ အမြင်တွေ ပါဝင်နေတယ်ဆိုတာကို အခုမျှဝေခဲ့တဲ့ စကားတွေထဲကနေ ပြန်တွေးယူလို့ ရနိုင်ပါတယ်။

Featured Photo : onepercentbetter