လုပ်ငန်းတစ်ခုကို ကိုယ်ထူကိုယ်ထ ဦးစီးဦးဆောင်ပြီး အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ ကမ္ဘာပေါ်မှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်ပေါင်း သန်းနဲ့ချီပြီး ရှိပါတယ်။ ဒီထဲမှာ Bill Gates ၊ Jeff Bezos ၊ Elon Musk ၊ Mark Zuckerberg တို့လို ကမ္ဘာကျော်တဲ့ ထိတ်ထိတ်ကြဲ အောင်မြင်သူတွေရှိသလို လူသိပ်မသိဘဲ ဘီလျံနာဖြစ်နေကြတဲ့ လုပ်ငန်းရှင်တွေလည်း အများကြီး ရှိပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ လုံ့လ ဝီရီယ အားစိုက်ထုတ်မှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို စနစ်တကျ ပြုစုပျိုးထောင် ရတာပါ။ ကွီးတို့က လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်ပြုနိုင်တဲ့ အောင်မြင် တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေက ကွီးတို့အတွက် အသုံးဝင်စေမှာပါ။

(၃) ပေါင်းသင်းဆက်ဆံရေး ချဲ့ထွင်ပါ


Photo : Pexels

အောင်မြင် တဲ့ လုပ်ငန်းရှင် အများစုဟာ ကိုယ့်ထက် အတွေ့အကြုံများတဲ့ ဝါရင့်သမ္ဘာရင့်အသိပညာ အတတ်ပညာကြွယ်ဝသူတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေလုပ်လေ့ ရှိကြပါတယ်။ သူတို့သိချင်တဲ့ စီးပွားရေးပုံစံတွေ လမ်းကြောင်းတွေကို ချပြနိုင်တဲ့သူတွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ပါတယ်။ ကိုယ့်အနီးပတ်ဝန်းကျင်မှာ လူတော်တွေ ရှိရင် ကိုယ်တိုင်ပါ အတွေးအမြင်တွေ ပြောင်းလဲ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

(၁) ခက်ခဲတဲ့အရာတွေကို ဦးစားပေး ဖြေရှင်းပါ


Photo : Pexels

ဦးစားပေးဖြေရှင်းရမယ့် အရာကို အရင်ဆုံးလုပ်မယ်လို့ စီစဉ်တာဟာ စွန့်ဦးတီထွင်သူတွေရဲ့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ အရေးကြီးတဲ့ အလုပ်တွေကို ဟိုရွှေ့ဒီရွှေ့မရွှေ့ဖြစ်တော့တာကြောင့် အလုပ်လည်း ပိုတွင်ပါတယ်။ အချိန်ကို စီမံခြင်းရဲ့  ၉၀% ဟာ အစီအစဉ်ကောင်းကောင်း ရှိခြင်းဖြစ်ပါတယ်။ အောင်မြင်တဲ့  လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အထိ စည်းစနစ်ရှိတဲ့ အစီအစဉ်တစ်ရပ် လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ အလုပ်နဲ့ဘဝကို ဟန်ချက်ညီညီ ထိန်းကျောင်းကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) ရှုံးနိမ့်မှုကနေ ပြန်ရုန်းထနိုင်အောင် ကြိုးစားပါ


Photo : Pexels

စွန့်ဦးတီထွင် သမားတိုင်းဟာ အမြဲတမ်း အောင်မြင် နေကြသူတွေ မဟုတ်ပါဘူး။ များသောအားဖြင့် ပထမဆုံး လုပ်တဲ့ စီးပွားရေး ၅ ခုမှာ တစ်ခုတော့ အနည်းဆုံး အရှုံးပေါ်ကြတာပါပဲ။ မအောင်မြင်ခင်ကဆိုရင် ကမ္ဘာကျော် Ford Motor ကားကုမ္ဗဏီတည်ထောင်ခဲ့တဲ့ Henry Ford ဟာ သုံးကြိမ် စီးပွားပျက်သလို Coca-Cola ကုမ္ဗဏီလည်း ပထမဆုံးနှစ်မှာ ဒေါ်လာ ၂၀၀ ဖိုးပဲ ရောင်းချနိုင်ခဲ့ပါတယ်။ အရေးကြီးတာက အရှုံးကို တွေးမကြောက်ဖို့နဲ့ ရှုံးနိမ့်မှုကနေ အောင်မြင် ခြင်းဆီ ကိုယ့်ကိုယ်ကို ဆက်သွားအောင် တွန်းနေဖို့လိုပါတယ်။

(၄) ကိုယ်စိတ်ကျန်းမာခြင်းအတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ


Photo : Pexels

အောင်မြင် တယ်ဆိုတာ ပိုက်ဆံများများရတာကိုပဲ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝဟာ ပြန်တွေးကြည့်ရင် ကျေနပ်စရာ ဘယ်လောက်ရှိနေလဲ။ အခုလက်ရှိမှာ လူ့အသိုင်းအဝိုင်းအတွက် တကယ့်ကို အရေးပါတဲ့လူလား ၊ ကျန်းမာရေးကောင်းတဲ့သူတစ်ယောက်လား ၊ ဘဝမှာပျော်နေတဲ့သူလား စသည်ဖြင့် ဒါတွေအားလုံး ပြည့်စုံနေမှ အောင်မြင်တယ်လို့ ပြောနိုင်မှာပါ။ ငွေလည်းရှာ ကိုယ်ကာယနဲ့ စိတ်နေစိတ်ထားကို အမြင့်ရောက်အောင်လည်း စောင့်ရှောက်ပြုပြင်နေဖို့ လိုပါတယ်။ ဒါကြောင့် Gym သွားပြီး ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ။ စိတ်အေးချမ်းမှုရဖို့ တရားထိုင်ပါ။ ဒီအလေ့အထကောင်းတွေဟာ အောင်မြင်တဲ့ဘဝတစ်ခုအတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။

Featured Photo : Pexels