မနက်ခင်း စောစောနိုးထကာ အောင်မြင် ပျော်ရွှင် ရတဲ့ နေ့တစ်နေ့ ပိုင်ဆိုင်ဖို့အတွက် ကူညီပေးမယ့် နည်းလမ်းကောင်း တွေက အများအပြားပါပဲ။

လောကကြီးက သင့်အတွက် နေ့ရက်သစ်တစ်ရက် ဆောင်ကျဉ်းပေးလာတဲ့အခါ ထိုနေ့တစ်နေ့တာလုံးအတွက် Productive ဖြစ်ပြီး ပျော်ရွှင်စွာဖြင့် ဘဝကို ဖြတ်သန်းရမှာကတော့ သင့်ရဲ့တာဝန်ပဲ မဟုတ်လား။ သို့သော် တခါတရံမှာ ကျန်းမာရေး အခြေအနေကြောင့်သော်လည် းကောင်း၊ စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများကြောင့်သော်လည်းကောင် ညဘက်မှာ အိပ်ရာဝင်တာနောက်ကျပြီး မနက်ခင်းမှာ စောစောစီးစီး နိုးထဖို့ဆိုတာ ခက်ခဲလာတတ်ပါတယ်။ ထိုအခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ အိပ်ရာထဲမှာပဲ နောက်ထပ် ငါးမိနစ်လောက် ထပ်လှဲချင်ပြီး အိပ်ရာမထချင်လောက်တဲ့ ခံစားချက်မျိုးကိုလည်း လူတိုင်း ခံစားဖူးကြမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အခြေအနေမျိုးကို ကျော်ဖြတ်ပြီး မနက်ခင်းမှာ စောစောအိပ်ရာထကာ တနေ့ကုန် နိုးကြားတက်ကြွစေပြီး အောင်မြင် ပျော်ရွှင် ရတဲ့ နေ့တစ်နေ့ ပိုင်ဆိုင်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များကို အသုံးပြုနိုင်ပါတယ်။

ကိုယ် အိပ်ရာထမယ့်အချိန်ကို သေချာသတ်မှတ်ကာ တစ်ပတ်တိတိလုံး တူညီတဲ့အချိန်အတိုင်း အိပ်ရာထပါ

အောင်မြင် ပျော်ရွှင် နည်းလမ်းကောင်း

ဒီလိုမျိုး တူညီတဲ့အချိန်တစ်ခုတည်းဖြင့် တစ်ပတ်တိတိ အကျင့်လုပ်ပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်က အလိုလိုအကျင့်ပါသွားပြီး သူ ထရမယ့်အချိန်ရောက်တဲ့အခါ နှိုးစက်ပေးစရာမလိုတော့ဘဲ သူ့အလိုလို နိုးထလာပါလိမ့်မယ်။ ဒါပေမဲ့ တစ်ပတ်တိတိတော့ သင် ဇွဲကောင်းဖို့လိုအပ်ပါလိမ့်မယ်။ ပိတ်ရက်မို့လို့ ပိုအိပ်မယ်လို့ မတွေးလိုက်ပါနဲ့။ တစ်ခါပြန်ပြီး ကျင့်ရခက်ပါလိမ့်မယ်။

ဒီလိုမျိုး အကျင့်လုပ်ပေးလိုက်တဲ့အခါ မနက်စောစော အိပ်ရာနိုးထလာနိုင်ပြီး လူကလည်း တစ်နေကုန်လန်းဆန်းတက်ကြွတဲ့ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။

အိပ်ရာစောစော ဝင်ပါ

အောင်မြင် ပျော်ရွှင် နည်းလမ်းကောင်း

သင်သည် မနက်ခင်းမှာ လန်းဆန်းတက်ကြွနေဖို့ဆိုရင် အိပ်ရေးဝဝ အိပ်စက်အနားယူဖို့လိုအပ်ပါတယ်။ ညဘက်မှာ အိပ်ရေးဝဝ မအိပ်ထားဘဲနဲ့တော့ မနက်ခင်းမှာ စောစောစီးစီး နိုးထနိုင်လိမ့်မယ်လို့ မမျှော်လင့်လိုက်ပါနဲ့။ သင့်ရဲ့မနက်ခင်း နိုးထချိန်နဲ့ တစ်နေ့တာလုံး နိုးကြားတက်ကြွမှုတို့သည် သင့်ရဲ့ ညဘက်အိပ်စက်အနားယူပုံပေါ် များစွာသက်ဆိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ လုံလောက်တဲ့ စွမ်းအင်မရရှိခြင်း၊ အာရုံစူးစိုက်နိုင်မှု ကျဆင်းခြင်း၊ မိုတီဗေးရှင်းကျဆင်းခြင်း၊ အလွယ်တကူ မောပန်းလွယ်ခြင်း အစရှိတဲ့ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ အောင်မြင် ပျော်ရွှင် ရတဲ့ နေ့တစ်ရက်နဲ့ ဝေးသွားပြီး ဘယ်လို နည်းလမ်းကောင်း တွေပဲ အသုံးပြုပြု ထိရောက်မှုမရှိတော့ပါဘူး။

နောက်တစ်နေ့မနက်အတွက် ညကတည်းက ပြင်ဆင်ထားပါ

အောင်မြင် ပျော်ရွှင် နည်းလမ်းကောင်း

အောင်မြင် ပျော်ရွှင် ရတဲ့ နေ့တစ်နေ့ ပိုင်ဆိုင်စေမယ့် နည်းလမ်းကောင်း တစ်ခုကတော့ ကြိုဆင်ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်။ နောက်တစ်နေ့မနက်ခင်းကို ဘာ Plan မှ စီစဉ်ထားခြင်းမရှိဘဲနဲ့ တစ်နေ့တာကို ဖြတ်သန်းလိုက်တဲ့အခါ သင့်အတွက် Productive ဖြစ်မှာမဟုတ်တော့ပါဘူး။

အရင်ဦးဆုံး အရေးအကြီးဆုံအလုပ်က ဘာဖြစ်မလဲဆိုတာကို စဉ်းစားလိုက်ပါ။ သူ့နောက်မှာတော့ ဒုတိယအရေးအကြီးဆုံး၊ တတိယအရေးအကြီးဆုံး စသည်ဖြင့် အစဉ်လိုက် ပြုလုပ်ပေးလိုက်ပါ။ ပြီးရင်တော့ အရေးအကြီးဆုံးအရာကို ဦးစားပေးပြီး ဖြည်းဖြည်းချင်းစီ လုပ်ဆောင်ပေးလိုက်တဲ့အခါ ကြိုတင်စီစဉ်ထားတဲ့အရာအားလုံး ပြီးမြောက်သွားပြီဆိုရင် အောင်နိုင်သူတစ်ယောက်လို ခံစားသွားရပါလိမ့်မယ်။

တစ်ခုသတိထားရမယ့်အချက်ကတော့ ကိုယ် လုပ်နိုင်သလောက်ကိုသာ ကြိုတင် Plan ချထားရမှာဖြစ်ပါတယ်။ လောဘကြီးပြီး အများကြီး Plan ချထားတဲ့အခါ ဘာပြဿနာဖြစ်နိုင်သလဲဆိုတော့ ကိုယ် စီစဉ်ထားတဲ့အရာတွေအားလုံးကို ပြီးမြောက်အောင် မလုပ်နိုင်တဲ့အခါ တဖြည်းဖြည်း စိတ်ဖိစီးလာပြီး စိတ်ဓာတ်ကျလာပါလိမ့်မယ်။ တစ်ရက်၊ နှစ်ရက်ကတော့ မသိသာပေမယ့် နေ့စဉ်ရက်ဆက်လာတဲ့အခါ ကိုယ့်ကိုယ့်ကိုယ် အပြစ်ရှိသလို ခံစားရလာပြီး အပြစ်မကင်းတဲ့ ခံစားချက်မျိုး ခံစားရလာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ Limit ကိုလည်း ကိုယ်ကိုယ်တိုင် သိထားဖို့လိုအပ်ပါလိမ့်မယ်။

လေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း မမေ့ပါနဲ့

man exercise

အောင်မြင်တဲ့သူတွေသည် သူတို့ကျန်းမာရေးကိုလည်း ဂရုစိုက်တတ်ကြပါတယ်။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်မှသာ ကိုယ်ကိုယ်တိုင်က ကျန်းမာနေမှသာလျှင် စီးပွားရေးလုပ်ငန်းများ၊ ကိုယ် လုပ်စရာရှိတဲ့အလုပ်များကို လုပ်ဆောင်နိုင်မယ်ဆိုတာကို သူတို့ကောင်းကောင်းသိရှိကြလို့ပဲဖြစ်ပါတယ်။ အမြဲတမ်းကျန်းမာနေဖို့ဆိုရင် မနက်ခင်းနိုးထလာပြီဆိုတာနဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းများကို တစ်နာရီ၊ နှစ်နာရီလောက် အချိန်ပေးပြီး လုပ်ရမယ်လို့ မဆိုလိုပါဘူး။

၁၅ မိနစ်၊ မိနစ် ၂၀ လောက် အချိန်ပေးလိုက်ရုံဖြင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ရောဂါဘယများ ဝင်ရောက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့်လည်း ခန္ဓာကိုယ်ရှိ အဆီပိုများ မထွက်လာအောင်၊ အဝလွန်ခြင်းရောဂါကို ထိန်းချုပ်ပေးထားနိုင်ပြီး၊ အဝလွန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲရောဂါများဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းသည် စိတ်ဖိစီးမှုများကိုလည်း ဖယ်ရှားပေးပြီး စိတ်ကျရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ပိတ်ရက်တွေမှာလည်း ထိုအလေ့အကျင့်ကို မဖောက်ဖျက်လိုက်ပါနဲ့

man relaxing

အလေ့အကျင့်ကောင်းတွေသည် ပြုစုပျိုးထောင်ရတာ ခက်ခဲသလောက် ဖျက်ဆီးပစ်ဖို့ကတော့ လွယ်ကူလွန်းလှပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အလေ့အကျင့်ကောင်းတွေကို တစ်စက်ကလေးမှ အတိမ်းအစောင်းခံလို့မရပါဘူး။ ပိတ်ရက်တွေမှာ ပိုအိပ်မိမယ်ဆိုရင် ရုံးတက်ရက်တွေမှာ ထိုအလေ့အကျင့်ကို အစကပြန်ပြီး ကျင့်ယူရပါလိမ့်မယ်။ ဒါ့ကြောင့် ပိတ်ရက်တွေမှာလည်း ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်ဘဲ အရင်နေ့တွေက လုပ်နေကျအစီအစဉ်တွေအတိုင်း ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

အောင်မြင် ပျော်ရွှင် တဲ့ နေ့ရက်တစ်ရက်ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် အခုဖော်ပြသွားတဲ့ နည်းလမ်းကောင်း များကို လိုက်နာကျင့်သုံးပြီး အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခံစားလိုက်ပါ။

Source: Facilethings

Featured Image: Workful