ဘဝမှာ အောင်မြင် တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နေ့ရက်တိုင်းမှာ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အောင်မြင်မှု ခရီးဟာ ရှည်ကြာပါတယ်။ တကယ်တော့ အောင်မြင်ဖို့တစ်ခုတည်း အတွေးရောက်မနေပဲ နေ့ရက်တိုင်း ပိုမို တိုးတက်တဲ့ သူတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်ရမှာပါ။ အောင်မြင်သူတိုင်းဟာ နေ့တိုင်းမှာ ပိုကောင်း ၊ ပိုတိုးတက်တဲ့ သူဖြစ်ဖို့ ကြိုးစားခဲ့သူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့အနေနဲ့  တိုးတက်အောင်မြင် တဲ့ အမျိုးသား တစ်ယောက်ဖြစ်ဖို့အတွက် လိုက်နာရမယ့် အလေ့အကျင့် ကောင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်အားစိတ်အား မြှင့်တင်ထား

Photo : iStock

လက်လျှော့ဖို့က ဘယ်အခြေအနေမှာမဆို သိပ်လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို အစမ်းသပ်ခံဖို့ ၊ ကိုယ့်စွမ်းရည်ကို ကိုယ် ပြန်စိန်ခေါ်ဖို့အတွက်ကတော့ ခက်ပါတယ်။ နေ့တိုင်း ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး ဖြစ်အောင် လုပ်တဲ့သူဟာ အမြဲပဲ တိုးတက်နေမှာပါ။

(၂) လမ်းကြောင်းတွေ ဖွင့်ထားပါ

Photo : iStock

လမ်းကြောင်းတွေ ဖွင့်ဖို့အတွက် လူနဲ့ ကံကောင်းခြင်းက အရေးကြီးပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်စွမ်း ကိုယ်စနဲ့ ခြေကုန်လက်ပမ်းကျအောင် ကြိုးစားလို့လည်း ဘာအခွင့်အလမ်းမှ ဖြစ်မလာတာတွေ ရှိပါတယ်။ ဒါပေမယ့် မှတ်ထားပါ။ လူဟာ လမ်းတွေကို ခေါ်နိုင်တဲ့ လျှို့ဝှက်စွမ်းအား ရှိနေတယ်ဆိုတဲ့ အချက်ကို ခေါင်းထဲမှာ ထားထားပါ။

(၃) ယုံကြည်မှုခိုင်ခိုင်မာမာထားပါ

Photo : iStock

ကိုယ်လဲကျနေချိန်မှာ ကိုယ့်ယုံကြည်မှုက ကိုယ့်အပေါ်မှာ မိုးထားပါစေ။ ကိုယ်ဟာ အောင်မြင်ဖို့ မျိုးစေ့ကောင်း ပိုင်ထားတဲ့သူလို့ အမြဲ ယုံထားပါ။

(၄) ကိုယ့်အခြေအနေကို ပိုပြီးကြီးမား ကျယ်ပြန့်အောင်လုပ်ပါ

Photo : iStock

ယေဘုယျပြောရမယ်ဆိုရင် ကိုယ်သွားချင်တဲ့ နေရာအတွက် ကိုယ့်မှာ ထိုက်တန်တဲ့အစွမ်းအစ ရှိနေဖို့လိုပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို ချဲ့ရင်း ချဲ့ရင်း ကိုယ်သွားမယ့် ခရီးကို တစ်နေ့ပြီး တစ်နေ့နီးအောင် လှော်ခတ်နေရမှာပါ။

(၅) အမြဲတမ်းအတွက် ရည်စူးလုပ်ပါ

Photo : iStock

လူတွေကို ပြကောင်းရုံ တစ်ပွဲထိုး စိတ်နဲ့ တစ်ခါသုံး လုပ်ရပ်လေးတွေ လုပ်တာ အတော်မှားပါတယ်။ အနည်းဆုံး ကိုယ့်စိတ်နေသဘောထားနဲ့ ဘဝအခြေအနေကို ပိုကောင်းအောင် Training ဆင်းတဲ့ သဘောနဲ့ ပုံမှန်ကို လုပ်နေရမှာပါ။

Featured Photo : LinkedIn