သူတစ်ပါးရဲ့ အောင်မြင် မှုကို ထိုင်ပြီး မနာလို နေရုံနဲ့ ကွီးတို့ဆီသို့ အောင်မြင်မှုသည် သူ့အလိုလို ခြေထောက်ပေါက်ပြီး ရောက်လာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ကွီးတို့ရဲ့ အောင်မြင် ခြင်းကိုတောင် ထို မနာလို တတ်တဲ့ အကျင့်ဆိုးက ဖျက်ဆီးသွားပါလိမ့်မယ်။

ထိုအကျင့်ဆိုးကြောင့် အမြဲတမ်း ပူလောင်နေပြီး ကိုယ့်ရဲ့ တိုးတက်မှုအတွက်လည်း ဘာကိုမှ အာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ ထိုအကျင့်ဆိုးကို ဖျောက်ဖျက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများနှင့် ကြိုးစားနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ကြည့်ပါ

အောင်မြင် မနာလို

သူတစ်ပါးရဲ့ အောင်မြင် မှုကို မနာလို နေမယ့်အစား ကိုယ့်ရဲ့ လိုအပ်ချက်များကို သိရှိအောင် ကြိုးစားသင့်ပါတယ်။ ထိုအောင်မြင်နေတဲ့လူသည်လည်း သူ့ရဲ့ အောင်မြင်မှုအသီးအပွင့်ကို ရရှိဖို့ရန်အတွက် အသည်းအသန် ကြိုးစားပြီးမှ ရရှိလာတာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သူတို့ရဲ့ ကြိုးစားမှုကိုလည်း မြင်တတ်ဖို့ လိုပါလိမ့်မယ်။ ထို့နောက် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ်ကရော အောင်မြင်ဖို့ရန်အတွက် လုံလောက်တဲ့ ကြိုးစားအားထုတ်မှုကို ပြုလုပ်ရဲ့လား။

အခုချက်ချင်း ထလုပ်ပါ

အောင်မြင် မနာလို

ကျွန်တော်တို့စိတ်ထဲမှာ မနာလိုစိတ် ကိန်းအောင်းလာတယ်ဆိုတာ ကိုယ့်ဆီမှာ မရှိတဲ့အရာတစ်ခုသည် အခြားတစ်ယောက်ဆီမှာ ရှိနေလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပြန်စဥ်းစားကြည့်တဲ့အခါ ကွီးတို့ရဲ့ အောင်မြင်ခြင်း လမ်းကြောင်းကို ဘယ်သူကမှ ပိတ်ပင်မထားပါဘူး။ အခြားသူရဲ့ အောင်မြင်မှုကို ထိုင်ပြီး မနာလိုရှုစိမ့်နေမယ့်အစား သူတို့လို ဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်စရာရှိတဲ့အရာတွေကို ချက်ချင်း ထလုပ်လိုက်ပါ။

မိမိကိုယ်ကို ချစ်ပါ

man hugging himself

သူတစ်ပါအား မနာလိုခြင်း အကျင့်ဆိုးသည် မိမိကိုယ်ကို သေးသိမ်သလို ဖြစ်တဲ့ ခံစားချက်၊ မိမိကိုယ်ကို ယုံကြည်မှုနည်းတဲ့ ခံစားချက်ကနေ ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို ဝေဖန် အပြစ်တင်တဲ့ ခံစားချက်ကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ကိုယ်က တစ်စုံတစ်ခု အမှားလုပ်မိလိုက်တဲ့အခါ ထိုအမှားကနေ ရုန်းမထွက်နိုင်ဘဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေခြင်းသည် ကိုယ့်ကိုယ်ကို မချစ်တဲ့သူတွေသာ ပြုမူတတ်တာဖြစ်ပါတယ်။ သူတစ်ပါးအား မနာလိုခြင်းကင်းကင်းနဲ့ ကိုယ့်ကို ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်တယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို အားပေးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မြင့်တက်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်တဲ့အခါ အခြားသူအပေါ် အာရုံစိုက်နေတဲ့ စိတ်များ၊ မနာလိုဖြစ်နေတဲ့စိတ်များ ပျောက်ပျက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်ချက်များ မြင့်မားနေမယ်ဆိုရင်တော့ အောင်မြင်မှု ရရှိဖို့ရန်အတွက် ဘာမဆိုလုပ်ဆောင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Source: Realsimple

Featured Image: Freepik